“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ မိန်းမသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလျှင် သူသည် ဓမ္မတာလာသောအခါ မစင်ကြယ်သကဲ့သို့ ခုနစ်ရက်ပတ်လုံး မစင်ကြယ်။
ဝတ်ပြု 15:26 - မြန်မာ့စံမီသမ္မာကျမ်း သွေးဆင်းချိန်တစ်လျှောက်လုံး၌ သူအိပ်သည့်အိပ်ရာတိုင်းသည် ဓမ္မတာလာချိန်မှအိပ်ရာကဲ့သို့မစင်မကြယ်ဖြစ်၏။ သူထိုင်ခဲ့သောဝတ္ထုပစ္စည်းတိုင်းသည် ဓမ္မတာလာချိန်၌မစင်ကြယ်သကဲ့သို့ မစင်မကြယ်ဖြစ်၏။ Common Language Bible ရာသီသွေးပေါ်ချိန်အတွင်းသူထိုင်သော အရာ သို့မဟုတ်သူအိပ်သောအိပ်ရာသည် မသန့်စင်ချေ။- Garrad Bible ထို ကာ လ သူ့ အိပ် ရာ ဟူ သ မျှ သည် ရာ သီ ရောက် သော အိပ် ရာ နည်း တူ ဖြစ် လျက် ထိုင် ရာ ဟူ သ မျှ လည်း ရာ သီ ဆိုင် ရာ မ သန့် ခြင်း ကဲ့ သို့ မ သန့် သ ဖြင့်၊ Judson Bible အနာမပျောက်မီတိုင်အောင် သူ၏အိပ်ရာသည် ဥတုမစင်ကြယ်ရာ အိပ်ရာကဲ့သို့လည်းကောင်း၊ ထိုင်ရာသည်လည်းကောင်း မစင်ကြယ်ဖြစ်၏။ |
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ မိန်းမသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလျှင် သူသည် ဓမ္မတာလာသောအခါ မစင်ကြယ်သကဲ့သို့ ခုနစ်ရက်ပတ်လုံး မစင်ကြယ်။
မိန်းမသည် ဓမ္မတာလာချိန်မဟုတ်ဘဲ ရက်ပေါင်းများစွာသွေးဆင်းနေလျှင်ဖြစ်စေ၊ ဓမ္မတာလာချိန်၌ ရက်ပို၍ဆက်လာနေလျှင်ဖြစ်စေ မစင်ကြယ်သောအရာဆင်းနေချိန်တစ်လျှောက်လုံး ဓမ္မတာလာချိန်ကဲ့သို့ပင် သူသည် မစင်ကြယ်သောသူဖြစ်၏။
၎င်းတို့ကို ထိမိသောသူတိုင်း မစင်မကြယ်ဖြစ်၏။ မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။