အကျွန်ုပ်ကို ဟုဿုပ်ခက်ဖြင့် သန့်စင်စေတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် စင်ကြယ်ပါလိမ့်မည်။ အကျွန်ုပ်ကိုဆေးကြောတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် နှင်းပွင့်ထက် ပို၍ဖြူပါလိမ့်မည်။
ဝတ်ပြု 14:4 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည် စင်ကြယ်စေခြင်းခံမည့်သူအတွက် စင်ကြယ်သောငှက်အရှင်နှစ်ကောင်၊ သစ်ကတိုးသား၊ အနီရောင်ချည်နှင့် ဟုဿုပ်ညွန့်တို့ကို ယူဆောင်လာရမည်ဟု မိန့်မှာရမည်။ Common Language Bible ဘာသာရေးထုံးနည်းအရသန့်စင်သောငှက် နှစ်ကောင်နှင့်တကွသစ်ကတိုးသား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်စသည်တို့ကိုယူဆောင်စေ ခဲ့ရမည်။- Garrad Bible သန့် စေ ခြင်း လို သော သူ့ အ တွက် သန့် သော ငှက် ရှင် နှစ် ကောင်၊ သစ် က တိုး သား အ ရိုး၊ အ နီ ချည်၊ ဟုဿုပ် ညွန့် များ ကို ဆောင် ယူ ခဲ့ စေ ပြီး လျှင်၊ Judson Bible စင်ကြယ်စေခြင်းကိုခံရသော ထိုသူအဖို့၊ အသက်ရှင်၍စင်ကြယ်သော ငှက်နှစ်ကောင်၊ အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟုဿုပ်ပင်ညွန့်တို့ကို မှာလိုက်၍၊ |
အကျွန်ုပ်ကို ဟုဿုပ်ခက်ဖြင့် သန့်စင်စေတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် စင်ကြယ်ပါလိမ့်မည်။ အကျွန်ုပ်ကိုဆေးကြောတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် နှင်းပွင့်ထက် ပို၍ဖြူပါလိမ့်မည်။
ဟုဿုပ်ညွန့်တစ်စည်းကိုယူ၍ အင်တုံထဲ၌ရှိသောသွေးတွင်နှစ်ပြီးလျှင် တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဖက်ကို အင်တုံထဲမှသွေးဖြင့် သုတ်ရမည်။ နံနက်တိုင်အောင် မည်သူမျှ မိမိအိမ်တံခါးအပြင်သို့ မထွက်ရ။
သူသည် ထာဝရဘုရားအား ငှက်ကိုမီးရှို့ရာယဇ်အဖြစ် ပူဇော်လိုလျှင် ချိုးငှက်ကိုဖြစ်စေ၊ ခိုငယ်ကိုဖြစ်စေ ပူဇော်ရမည်။
အကယ်၍ သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ယူဆောင်လာရမည်။ တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်၏။ ယဇ်ပုရောဟိတ်သည် ထိုမိန်းမအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် စင်ကြယ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ငှက်တစ်ကောင်ကို မြေအိုးထဲရှိ စမ်းရေပေါ်၌သတ်ရန် ယဇ်ပုရောဟိတ်မိန့်မှာရမည်။
ယဇ်ပုရောဟိတ်သည် ကျန်ငှက်အရှင်ကိုယူ၍ သစ်ကတိုးသား၊ အနီရောင်ချည်၊ ဟုဿုပ်ညွန့်တို့နှင့်အတူ ထိုငှက်အရှင်ကို စမ်းရေပေါ်တွင်သတ်ခဲ့သောငှက်သွေးထဲသို့ နှစ်၍
သူသည် သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သောအပြစ်အတွက် အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ထာဝရဘုရားထံသို့ ယူဆောင်လာရမည်။ တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်၏။
စင်ကြယ်သောသူသည် ဟုဿုပ်ညွန့်ကိုယူ၍ ထိုရေထဲသို့နှစ်ပြီး တဲနှင့် တဲထဲရှိအသုံးအဆောင်အားလုံးကိုလည်းကောင်း၊ တဲထဲရှိလူတို့ကိုလည်းကောင်း၊ လူသေအရိုး၊ အသတ်ခံရသူ၊ အလိုလိုသေသောသူ၊ သင်္ချိုင်းဂူကို ထိမိသောသူကိုလည်းကောင်း ဖျန်းရမည်။
ယဇ်ပုရောဟိတ်သည် သစ်ကတိုးသား၊ ဟုဿုပ်ညွန့်၊ အနီရောင်ချည်တို့ကိုယူ၍ နွားမတမ်းကိုရှို့သောမီးပုံထဲသို့ ပစ်ထည့်ရမည်။
အကြောင်းမူကား မောရှေသည် ပညတ်တရားကျမ်း၌ပါသမျှသောပညတ်ချက်တို့ကို လူအပေါင်းတို့အားကြေညာပြီးလျှင် ရေနှင့်ရောနှောသော နွားသငယ်နှင့်ဆိတ်တို့၏သွေးကိုယူ၍ ထိုကျမ်းမှစ၍ လူအပေါင်းတို့ကို နီမြန်းသောသိုးမွေးနှင့်ဟုဿုပ်ညွန့်ဖြင့် ပက်ဖျန်းလျက်