ဝတ်ပြု 1:14 - မြန်မာ့စံမီသမ္မာကျမ်း14 သူသည် ထာဝရဘုရားအား ငှက်ကိုမီးရှို့ရာယဇ်အဖြစ် ပူဇော်လိုလျှင် ချိုးငှက်ကိုဖြစ်စေ၊ ခိုငယ်ကိုဖြစ်စေ ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။Common Language Bible14 တစ်စုံတစ်ယောက်သည်ငှက်ကိုယဇ်ပူဇော် လိုလျှင် ငှက်သည်ချိုးငှက်သို့မဟုတ်ခိုဖြစ် ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible14 ကြက် ငှက် အုပ် မှ ထာ ဝ ရ ဘု ရား ထံ မီး ရှို့ ရာ အ လှူ ကို လှူ ဒါန်း လျှင် ချိုး ဖြစ် စေ၊ ခို ဖြစ် စေ၊ လှူ ဒါန်း တင် သွင်း စေ။ အခန်းကိုကြည့်ပါ။Judson Bible14 ထာဝရဘုရားအား ငှက်ကိုမီးရှို့ရာယဇ်ပြုလိုလျှင်၊ ခိုဖြစ်စေ၊ ချိုးကလေးဖြစ်စေ ဆောင်ခဲ့၍ဆက်ရမည်။ အခန်းကိုကြည့်ပါ။ |
အကယ်၍ သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ယူဆောင်လာရမည်။ တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်၏။ ယဇ်ပုရောဟိတ်သည် ထိုမိန်းမအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် စင်ကြယ်လိမ့်မည်”ဟု မိန့်တော်မူ၏။
သူသည် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သည့်အပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ယူဆောင်လာ၍ ပူဇော်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၍ ၎င်းအပေါ်၌ ဆီမထည့်ရ။ လော်ဗန်ကိုလည်း မတင်ရ။