သိုးသငယ်တစ်ကောင်ကို ညှစ်ယူသောသံလွင်ဆီတစ်ဟိန်၏လေးပုံတစ်ပုံနှင့်ရောထားသည့် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံနှင့်လည်းကောင်း၊ သွန်းလောင်းရာပူဇော်သက္ကာအဖြစ် စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံနှင့်လည်းကောင်း ပူဇော်ရမည်။
ဝတ်ပြု 14:10 - မြန်မာ့စံမီသမ္မာကျမ်း ရှစ်ရက်မြောက်သောနေ့၌ အပြစ်အနာအဆာကင်းသောသိုးသငယ်အထီးနှစ်ကောင်၊ အပြစ်အနာအဆာကင်းသောတစ်နှစ်သားအရွယ်သိုးသငယ်အမတစ်ကောင်၊ ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံနှင့် ဆီတစ်လောဃကို ယူဆောင်လာရမည်။ Common Language Bible အဋ္ဌမနေ့၌သူသည် အပြစ်အနာကင်း သောတစ်နှစ်သားအရွယ် သိုးထီးကလေး နှစ်ကောင်၊ သိုးမကလေးတစ်ကောင်၊ သံလွင် ဆီနှင့်ရောသောမုန့်ညက်ငါးပေါင်နှင့်သံလွင် ဆီအဝက်သားကိုယူဆောင်ခဲ့ရမည်။- Garrad Bible ရှစ် ရက် မြောက် သော နေ့၌ ကြန် အင် စုံ သော သိုး သား ငယ် အ ထီး နှစ် ကောင်၊ ကြန် အင် စုံ လျက် အ ခါ လည် သော သိုး သား ငယ် အ မ တစ် ကောင်၊ ဘော ဇဉ် သ က္ကာ အ ဖြစ် ဖြင့် ဆီ ရော သော မုန့် ညက် သုံး စ ရွတ် နှင့် ဆီ အ စိတ် များ ကို ဆောင် ယူ ခဲ့ ရာ၊ Judson Bible အဋ္ဌမနေ့၌လည်း၊ အပြစ်မရှိ၊ အခါလည်သော သိုးသငယ်အထီးနှစ်ကောင်၊ အမတစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာဖို့၊ ဆီရောသောမုန့်ညက်သုံးဩမဲနှင့် ဆီတစ်လောဃကိုလည်းကောင်းယူပြီးလျှင်၊ |
သိုးသငယ်တစ်ကောင်ကို ညှစ်ယူသောသံလွင်ဆီတစ်ဟိန်၏လေးပုံတစ်ပုံနှင့်ရောထားသည့် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံနှင့်လည်းကောင်း၊ သွန်းလောင်းရာပူဇော်သက္ကာအဖြစ် စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံနှင့်လည်းကောင်း ပူဇော်ရမည်။
သူသည် သိုးဆိတ်များထဲမှ သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ မီးရှို့ရာယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောအထီးကို ပူဇော်ရမည်။
သူသည် နွားကို မီးရှို့ရာယဇ်အဖြစ်ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောနွားထီးကို ပူဇော်ရမည်။ ထာဝရဘုရား လက်ခံတော်မူမည့်အကြောင်း ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပူဇော်ရမည်။
စင်ကြယ်သည်ဟုကြေညာပေးမည့်ယဇ်ပုရောဟိတ်သည် ထိုအရာတို့ကို စင်ကြယ်စေခြင်းခံသောသူနှင့်အတူ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်၌ ထားရမည်။
ယဇ်ပုရောဟိတ်သည် သိုးသငယ်အထီးတစ်ကောင်ကိုယူ၍ အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ဆီတစ်လောဃနှင့်အတူ ပူဇော်ပြီး ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။
ယဇ်ပုရောဟိတ်သည် ဆီတစ်လောဃထဲမှ အချို့ကိုယူ၍ မိမိ၏ဘယ်ဘက်လက်ဖဝါးထဲသို့ လောင်းထည့်ရမည်။
သူသည် ဆင်းရဲသောသူဖြစ်၍ မတတ်နိုင်လျှင် မိမိအဖို့ အပြစ်ဖြေလွှတ်ခြင်းအတွက် ချီလွှဲရမည့်အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် သိုးသငယ်အထီးတစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီနှင့်ရောသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကိုလည်းကောင်း၊ ဆီတစ်လောဃကိုလည်းကောင်း၊
တစ်စုံတစ်ယောက်သည် ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လိုလျှင် အကောင်းဆုံးဂျုံမှုန့်ကို ပူဇော်ရမည်။ ဂျုံမှုန့်ပေါ်တွင် ဆီကိုလောင်း၍ လော်ဗန်ကို တင်ထားပြီးလျှင်
ထာဝရဘုရားအား သင်တို့ပူဇော်သည့်ဘောဇဉ်ပူဇော်သက္ကာတိုင်းသည် တဆေးပါသောမုန့်မဖြစ်ရ။ တဆေးဖြစ်စေ၊ ပျားရည်ဖြစ်စေ မည်သည်ကိုမျှ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်အဖြစ် မရှို့ရ။
ဘောဇဉ်ပူဇော်သက္ကာပြုလေတိုင်း ဆားခတ်ရမည်။ ထိုဘောဇဉ်ပူဇော်သက္ကာထဲ၌ ဘုရားသခင်၏ပဋိညာဉ်ဆားကို ခတ်ရန်မမေ့နှင့်။ သင်ပူဇော်သက္ကာပြုလေတိုင်း ဆားခတ်ရမည်။
ထိုယဇ်နှင့်အတူ ပူဇော်သောဘောဇဉ်ပူဇော်သက္ကာသည် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံဖြစ်ရမည်။ ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ဖြစ်၏။ ထိုယဇ်နှင့်အတူ ပူဇော်သောသွန်းလောင်းရာပူဇော်သက္ကာသည်လည်း စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံဖြစ်ရမည်။
သူသည် အပြစ်ဖြေရာယဇ်အတွက် သိုးသငယ်ကို ပူဇော်သက္ကာအဖြစ် ယူဆောင်လာလျှင် အပြစ်အနာအဆာကင်းသောအမကိုယူဆောင်လာရမည်။
ရှစ်ရက်မြောက်သောနေ့၌ မောရှေသည် အာရုန်နှင့် သူ၏သားများ၊ အစ္စရေးသက်ကြီးဝါကြီးများကို ခေါ်ပြီးလျှင်
နွားထီးတစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံ၊ သိုးထီးတစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံကို ပူဇော်ရမည်။
ပူဇော်သက္ကာအဖြစ် မီးရှို့ရာယဇ်အတွက် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်သိုးသငယ်အထီးတစ်ကောင်၊ အပြစ်ဖြေရာယဇ်အတွက် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်သိုးသငယ်အမတစ်ကောင်၊ မိတ်သဟာယယဇ်အတွက် အပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်၊
ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
ထိုအခါ ယေရှုက“မည်သူ့ကိုမျှမပြောရန် သတိပြုလော့။ ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌သက်သေဖြစ်စေရန် မောရှေပညတ်ခဲ့သည့်အတိုင်း ပူဇော်သက္ကာကို ဆက်သလော့”ဟု ထိုသူအား မိန့်တော်မူ၏။
ထိုအခါ ကိုယ်တော်သည် မည်သူ့ကိုမျှမပြောရန် သူ့အားမိန့်မှာလျက်“ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌ သက်သေဖြစ်စေရန် မောရှေပညတ်ထားသည့်အတိုင်း သင်၏စင်ကြယ်ခြင်းဝတ်အတွက် ပူဇော်သက္ကာကို ဆက်သလော့”ဟု မိန့်တော်မူ၏။
နောက်တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း။
အကြောင်းမူကား ဘုရားသခင်၏မုန့်သည် ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အား အသက်ကိုပေးသောသူဖြစ်၏”ဟု မိန့်တော်မူ၏။
ငါသည် ကောင်းကင်မှဆင်းသက်သည့် အသက်ရှင်သောမုန့်ဖြစ်၏။ မည်သူမဆို ဤမုန့်ကိုစားလျှင် ကာလအစဉ်အဆက်အသက်ရှင်မည်။ လောကီသားတို့၏အသက်အတွက် ငါပေးမည့်မုန့်ကား ငါ၏အသားပေတည်း”ဟု မိန့်တော်မူ၏။
အစွန်းအထင်းကင်းလျက် အပြစ်အနာအဆာမရှိသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အဖိုးတန်သောသွေးတော်အားဖြင့်ဖြစ်ကြောင်း သင်တို့သိကြ၏။