ဝတ်ပြု 14:10 - Common Language Bible10 အဋ္ဌမနေ့၌သူသည် အပြစ်အနာကင်း သောတစ်နှစ်သားအရွယ် သိုးထီးကလေး နှစ်ကောင်၊ သိုးမကလေးတစ်ကောင်၊ သံလွင် ဆီနှင့်ရောသောမုန့်ညက်ငါးပေါင်နှင့်သံလွင် ဆီအဝက်သားကိုယူဆောင်ခဲ့ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible10 ရှစ် ရက် မြောက် သော နေ့၌ ကြန် အင် စုံ သော သိုး သား ငယ် အ ထီး နှစ် ကောင်၊ ကြန် အင် စုံ လျက် အ ခါ လည် သော သိုး သား ငယ် အ မ တစ် ကောင်၊ ဘော ဇဉ် သ က္ကာ အ ဖြစ် ဖြင့် ဆီ ရော သော မုန့် ညက် သုံး စ ရွတ် နှင့် ဆီ အ စိတ် များ ကို ဆောင် ယူ ခဲ့ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible10 အဋ္ဌမနေ့၌လည်း၊ အပြစ်မရှိ၊ အခါလည်သော သိုးသငယ်အထီးနှစ်ကောင်၊ အမတစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာဖို့၊ ဆီရောသောမုန့်ညက်သုံးဩမဲနှင့် ဆီတစ်လောဃကိုလည်းကောင်းယူပြီးလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ရှစ်ရက်မြောက်သောနေ့၌ အပြစ်အနာအဆာကင်းသောသိုးသငယ်အထီးနှစ်ကောင်၊ အပြစ်အနာအဆာကင်းသောတစ်နှစ်သားအရွယ်သိုးသငယ်အမတစ်ကောင်၊ ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံနှင့် ဆီတစ်လောဃကို ယူဆောင်လာရမည်။ အခန်းကိုကြည့်ပါ။ |
ထိုသူသည်ဆင်းရဲသဖြင့် အထက်ပါပူဇော် သကာများကိုသန့်စင်ခြင်းဝတ်အတွက် အပြစ်ဒဏ်ပြေရာယဇ်အဖြစ်ပူဇော်ရန် မတတ်နိုင်လျှင် သိုးထီးကလေးတစ်ကောင် ကိုသာယူဆောင်ခဲ့ရမည်။ ထိုယဇ်သည်ယဇ် ပုရောဟိတ်အတွက် ထာဝရဘုရားအား အထူးလှူဘွယ်ဖြစ်သည်။ သူသည်ဘောဇဉ် ပူဇော်သကာအတွက် သံလွင်ဆီနှင့်ရော သောမုန့်ညက်နှစ်ပေါင်ကိုလည်းကောင်း၊ သံ လွင်ဆီအဝက်သားကိုလည်းကောင်းယူခဲ့ ရမည်။-
``ဤအကြောင်းကိုမည်သူ့အားမျှမပြောနှင့်'' ဟု ထိုသူအားတားမြစ်တော်မူပြီးသော်ကိုယ်တော် က ``သင်သည်ယဇ်ပုရောဟိတ်ထံသို့သွား၍ကိုယ် ကိုပြလော့။ သင့်ရောဂါပျောက်ကင်းကြောင်းလူတို့ ရှေ့၌သက်သေခံအထောက်အထားဖြစ်စေရန် မောရှေမိန့်မှာသည့်ပူဇော်သကာကိုဆက်သ လော့'' ဟုမိန့်တော်မူ၏။