နွားသားပေါက်၊ သိုးသားပေါက်တို့ကိုလည်း မိခင်နှင့်အတူ ခုနစ်ရက်ပတ်လုံးနေစေ၍ ရှစ်ရက်မြောက်သောနေ့၌ ငါ့အားဆက်ကပ်ရမည်။
ဝတ်ပြု 12:3 - မြန်မာ့စံမီသမ္မာကျမ်း ရှစ်ရက်မြောက်နေ့တွင် သူငယ်၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးရမည်။ Common Language Bible အဋ္ဌမနေ့၌အရေဖျားလှီးခြင်းမင်္ဂလာကို သားအားပေးရမည်။- Garrad Bible ရှစ် ရက် မြောက် သော နေ့ တွင် အ ရေ ဖျား လှီး မင်္ဂ လာ ကို သား အား ပေး ရ မည်။ Judson Bible အဋ္ဌမနေ့၌ သားယောက်ျားအား အရေဖျားလှီးခြင်းကိုပြုရမည်။ |
နွားသားပေါက်၊ သိုးသားပေါက်တို့ကိုလည်း မိခင်နှင့်အတူ ခုနစ်ရက်ပတ်လုံးနေစေ၍ ရှစ်ရက်မြောက်သောနေ့၌ ငါ့အားဆက်ကပ်ရမည်။
မိန်းမသည် သွေးသန့်စင်ဖို့ ရက်ပေါင်းသုံးဆယ့်သုံးရက်စောင့်ရမည်။ မိမိသန့်စင်ရာနေ့ရက်မပြည့်မချင်း မည်သည့်သန့်ရှင်းသောအရာကိုမျှမထိရ၊ သန့်ရှင်းရာဌာနသို့ မလာရ။
ထိုသူ၏ရိနာနှင့်ဆိုင်သော မစင်ကြယ်ခြင်းကား ဤသို့ဖြစ်၏။ သူ၏ကိုယ်ခန္ဓာမှ အရိအရွဲထွက်သည်ဖြစ်စေ၊ အရိအရွဲမထွက်ဘဲ ပိတ်နေသည်ဖြစ်စေ သူသည် မစင်မကြယ်ဖြစ်၏။
ရှစ်ရက်မြောက်သောနေ့၌ သူတို့သည် သူငယ်အားအရေဖျားလှီးခြင်းပေးရန် လာကြ၍ သူ့ဖခင်၏နာမည်အတိုင်း သူ့ကို ဇာခရိဟုမှည့်ခေါ်မည်ပြုကြ၏။
ရှစ်ရက်ပြည့်၍ သူငယ်အား အရေဖျားလှီးခြင်းပေးသောအခါ ဝမ်း၌သန္ဓေမတည်မီ ကောင်းကင်တမန်မှည့်ခေါ်ထားသည့်အတိုင်း သူ့ကို ယေရှုအမည်ဖြင့်မှည့်ခေါ်ကြ၏။
လူအချို့တို့သည် ယုဒပြည်မှ ဆင်းလာ၍ “သင်တို့သည် မောရှေ၏ဓလေ့ထုံးစံအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင် ကယ်တင်ခြင်းမခံရနိုင်”ဟု ညီအစ်ကိုတို့အား သွန်သင်ကြ၏။
ပညတ်တရားဆိုထားသမျှတို့သည် ပညတ်တရားအောက်၌ရှိသောသူများအတွက်ဆိုထားကြောင်း ငါတို့သိကြ၏။ ဤသည်ကား နှုတ်ရှိသမျှသည် ပိတ်ထားခြင်းခံရ၍ လောကီသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းလက်အောက်သို့ ကျရောက်ကြရန်ဖြစ်၏။
ငါဆိုလိုသည်မှာ ဤသို့ဖြစ်၏။ နှစ်ပေါင်းလေးရာသုံးဆယ်လွန်ပြီးမှ ပေါ်လာသည့်ပညတ်တရားသည် ဘုရားသခင်ကြိုတင်ဖွဲ့ထားသောပဋိညာဉ်ကို မပယ်ဖျက်သကဲ့သို့ ကတိတော်ကိုလည်း မပျက်ပြယ်စေနိုင်ရာ။
အရေဖျားလှီးခြင်းကိုခံသောသူတိုင်းအား တစ်ဖန် ငါသတိပေးသည်ကား ထိုသူသည် ပညတ်တရားအလုံးစုံကို ကျင့်သုံးရမည့်တာဝန်ရှိ၏။
သင်သည် အသက်ရှင်၍ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ချစ်မည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်စိတ်နှလုံး၊ သင့်သားမြေးတို့၏စိတ်နှလုံးအရေဖျားကို လှီးတော်မူမည်။
ငါသည် ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးထားသောသူ၊ အစ္စရေးလူမျိုး၊ ဗင်္ယာမိန်အနွယ်ဝင်၊ ဟေဗြဲလူမျိုးမှဟေဗြဲလူမျိုးအစစ်၊ ပညတ်တရားအရဆိုလျှင် ဖာရိရှဲတစ်ဦး၊
ခရစ်တော်နှင့်ဆိုင်သောအရေဖျားလှီးခြင်းအားဖြင့် သွေးသားဇာတိနှင့်ဆိုင်သောကိုယ်ခန္ဓာကိုချွတ်ပယ်၍ လူ့လက်ဖြင့်မဟုတ်သောအရေဖျားလှီးခြင်းကို ထိုသခင်၌ခံယူကြ၏။