မြေတစ်ပြင်လုံးတွင် မျိုးဆက်မပြတ်စေရန် စင်ကြယ်သောတိရစ္ဆာန်ရှိသမျှထဲမှ အထီးအမ ခုနစ်စုံစီ၊ မစင်ကြယ်သောတိရစ္ဆာန်ထဲမှ အထီးအမ တစ်စုံစီ၊ မိုးကောင်းကင်ငှက်များထဲမှလည်း အထီးအမ ခုနစ်စုံစီတို့ကို သင်နှင့်အတူ သိမ်းယူထားရမည်။
ဝတ်ပြု 11:47 - မြန်မာ့စံမီသမ္မာကျမ်း စင်ကြယ်သောအရာနှင့် မစင်ကြယ်သောအရာ၊ စားခွင့်ရှိသောတိရစ္ဆာန်နှင့် စားခွင့်မရှိသောတိရစ္ဆာန်တို့ကို ခွဲခြားနိုင်ရန်ဖြစ်၏”ဟု မိန့်တော်မူ၏။ Common Language Bible သင်တို့သည်ဘာသာရေးထုံးနည်းအရ သန့်ရှင်း၍ စားနိုင်သောတိရစ္ဆာန်နှင့်မသန့်ရှင်း ၍မစားနိုင်သောတိရစ္ဆာန်တို့ကိုခွဲခြားသိ ကြရမည်။ |
မြေတစ်ပြင်လုံးတွင် မျိုးဆက်မပြတ်စေရန် စင်ကြယ်သောတိရစ္ဆာန်ရှိသမျှထဲမှ အထီးအမ ခုနစ်စုံစီ၊ မစင်ကြယ်သောတိရစ္ဆာန်ထဲမှ အထီးအမ တစ်စုံစီ၊ မိုးကောင်းကင်ငှက်များထဲမှလည်း အထီးအမ ခုနစ်စုံစီတို့ကို သင်နှင့်အတူ သိမ်းယူထားရမည်။
ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏ပညတ်တရားကို ချိုးဖောက်၍ သန်ု့ရှင်းသောအရာတို့ကို ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာနှင့် မသန့်ရှင်းသောအရာတို့ကို မခွဲခြားပြ။ မစင်ကြယ်သောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း မသွန်သင်ပြ။ ဥပုသ်နေ့ကို လျစ်လျူရှုကြ၍ ငါ့ကို ရှုတ်ချစရာဖြစ်အောင် ပြုကြပြီ။
ငါ၏လူမျိုးတော်တို့အား သန့်ရှင်းမြင့်မြတ်သောအရာနှင့် သာမန်အရာတို့ကို သွန်သင်ပြရမည်။ ညစ်ညူးသောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း ပိုင်းခြားပြရမည်။
ဒံယေလသည် ဘုရင့်အစားအစာနှင့် ဘုရင်သောက်သောစပျစ်ဝိုင်တို့ဖြင့် မိမိကိုယ်ကိုမညစ်ညူးစေရန် စိတ်ပိုင်းဖြတ်ထားသဖြင့် ထိုအရာတို့ဖြင့် မိမိကိုယ်ကိုညစ်ညူးအောင်မပြုပါရစေနှင့်ဟု နန်းတော်အုပ်ထံ အခွင့်တောင်းလေ၏။
သို့ဖြစ်လျှင် သန့်ရှင်းသောအရာနှင့်မသန့်ရှင်းသောအရာ၊ စင်ကြယ်သောအရာနှင့်မစင်ကြယ်သောအရာကို ခွဲခြားနိုင်မည်။
ဤသည်ကား သားယဉ်သားရဲတိရစ္ဆာန်၊ ငှက်၊ ရေထဲ၌လှုပ်ရှားသွားလာသောသက်ရှိသတ္တဝါအားလုံး၊ မြေကြီးပေါ်၌ တွားသွားသောသတ္တဝါအားလုံးတို့နှင့်ဆိုင်သောပညတ်တရားဖြစ်၍
ထိုအခါ သင်တို့သည် ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကို ဆောင်သောသူနှင့် မဆောင်သောသူကို ပြန်၍ ပိုင်းခြားသိမြင်ကြလိမ့်မည်။