ဝတ်ပြု 11:47 - Common Language Bible47 သင်တို့သည်ဘာသာရေးထုံးနည်းအရ သန့်ရှင်း၍ စားနိုင်သောတိရစ္ဆာန်နှင့်မသန့်ရှင်း ၍မစားနိုင်သောတိရစ္ဆာန်တို့ကိုခွဲခြားသိ ကြရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း47 စင်ကြယ်သောအရာနှင့် မစင်ကြယ်သောအရာ၊ စားခွင့်ရှိသောတိရစ္ဆာန်နှင့် စားခွင့်မရှိသောတိရစ္ဆာန်တို့ကို ခွဲခြားနိုင်ရန်ဖြစ်၏”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ်တို့သည်လည်းငါ၏တရား တော်ကိုချိုးဖောက်၍ မြင့်မြတ်သန့်ရှင်းသည့် အရာကိုမရိုမသေပြုကြ၏။ သူတို့သည် မြင့်မြတ်သန့်ရှင်းသည့်အရာနှင့် သာမန်အရာ ကိုခွဲခြားမှုမပြုကြ။ သူတို့သည်သန့်စင် သည့်အရာနှင့်မသန့်စင်သည့်အရာ ခြား နားပုံကိုလည်းသင်ကြား၍မပေးကြ။ ဥပုသ်နေ့ကိုလျစ်လူပြုကြ၏။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်ငါ့အား မရိုသေကြ။-
ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့လိုက်နာရန်အောက်ပါပညတ်များကို မောရှေမှတစ်ဆင့်ချမှတ်ပေးတော်မူ၏။ အမျိုး သမီးတစ်ဦးသည်ဋ္ဌမ္မတာရာသီပေါ်ချိန်၌ မသန့်ရှင်းသကဲ့သို့ သားယောကျာ်းကိုဖွားမြင် ပြီးခုနစ်ရက်အတွင်းတွင်ဘာသာရေးထုံး နည်းအရမသန့်ရှင်းချေ။-