မောဘပြည်ရှိ ခေါင်မိုးပြင်များ၊ လမ်းမများမှစ၍ နေရာအနှံ့ မြည်တမ်းကြလိမ့်မည်။ အကြောင်းမူကား မည်သူမျှအလိုမရှိသောအိုးကဲ့သို့ မောဘပြည်ကို ငါခွဲပစ်လိုက်ပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဝတ်ပြု 11:33 - မြန်မာ့စံမီသမ္မာကျမ်း ထိုအသေကောင်သည် မြေဖြင့်ပြုလုပ်ထားသောအိုးခွက်တစ်စုံတစ်ခုထဲသို့ကျလျှင် ထိုအိုးခွက်ထဲရှိသမျှသည် မစင်ကြယ်။ ထိုအိုးခွက်ကို ခွဲပစ်ရမည်။ Common Language Bible အသေကောင်များမြေအိုးထဲသို့ကျလျှင် အိုးထဲရှိသမျှသည်လည်း ညစ်ညမ်းကုန် သဖြင့်အိုးကိုခွဲရမည်။- Garrad Bible မြေ အိုး တွင်း သို့ ကျ လျှင် အိုး တွင်း ရှိ သ မျှ သည် မ သန့် ရာ ရောက်၍ အိုး ကို ခွဲ ရ မည်။ Judson Bible မြေခွက်တစ်စုံတစ်ခုပေါ်သို့ အသေကောင်ကျလျှင် ထိုမြေခွက် မစင်ကြယ်သောကြောင့် ခွဲရမည်။ |
မောဘပြည်ရှိ ခေါင်မိုးပြင်များ၊ လမ်းမများမှစ၍ နေရာအနှံ့ မြည်တမ်းကြလိမ့်မည်။ အကြောင်းမူကား မည်သူမျှအလိုမရှိသောအိုးကဲ့သို့ မောဘပြည်ကို ငါခွဲပစ်လိုက်ပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထိုအိုးခွက်မှရေသည် စားမည့်အစားအစာတစ်စုံတစ်ရာပေါ်သို့ကျလျှင် ထိုစားစရာသည်မစင်ကြယ်။ ထိုအိုးခွက်ထဲရှိ သောက်မည့်အရည်တစ်စုံတစ်ရာသည်လည်း မစင်ကြယ်။
ထိုအသေကောင်၏အစိတ်အပိုင်းတစ်ခုခုသည် တစ်စုံတစ်ရာပေါ်သို့ကျလျှင် ထိုအရာသည် မစင်ကြယ်။ ထိုအရာသည် မီးဖိုဖြစ်စေ၊ ဖိုခနောက်ဖြစ်စေ ဖျက်ပစ်ရမည်။ ထိုအရာတို့သည် မစင်ကြယ်။ သင်တို့အတွက် မစင်ကြယ်။
ယဇ်ပုရောဟိတ်သည် အဝတ်၊ ချည်ချော၊ သို့မဟုတ် သိုးမွေး၏တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုစသည့် အနာစွဲသောပစ္စည်းတို့ကို ရှို့ပစ်ရမည်။ ဆိုးရွားသော မှိုစွဲနာဖြစ်သောကြောင့် မီးရှို့ပစ်ရမည်။
ထိုအိမ်ကို ဖြိုချ၍ အိမ်၏ကျောက်တုံး၊ သစ်သား၊ အိမ်ကိုကိုင်ထားသောသရွတ်ရှိသမျှတို့ကို မြို့ပြင်ရှိ မစင်ကြယ်သောနေရာသို့ ယူသွားရမည်။
အရိအရွဲထွက်သူ ထိမိသောမြေအိုးကို ခွဲပစ်ရမည်။ သူထိမိသော သစ်သားအသုံးအဆောင်တိုင်းကို ရေဆေးရမည်။
၎င်းကို ဒယ်ပြားတွင် ဆီဖြင့်နယ်ပြီး ယူလာရမည်။ ၎င်းကို တစ်စစီဖဲ့၍ ထိုဘောဇဉ်ပူဇော်သက္ကာအစအနများကို မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားအားပူဇော်ရမည်။
ထိုအသားပြုတ်သောမြေအိုးကို ခွဲပစ်ရမည်။ ကြေးနီအိုးဖြင့်ပြုတ်လျှင် အိုးကိုတိုက်ချွတ်၍ ရေဖြင့်ဆေးရမည်။
ထိုသခင်သည် အရာခပ်သိမ်းတို့ကို မိမိအားနာခံစေနိုင်သောတန်ခိုးအားဖြင့် ငါတို့၏ဂုဏ်သေးသိမ်သောကိုယ်ခန္ဓာကို မိမိ၏ဘုန်းအသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာနှင့်တူညီစေရန် ပြောင်းလဲစေတော်မူလိမ့်မည်။