Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 14:45 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

45 ထို​အိမ်​ကို ဖြိုချ​၍ အိမ်​၏​ကျောက်တုံး​၊ သစ်သား​၊ အိမ်​ကို​ကိုင်​ထား​သော​သရွတ်​ရှိသမျှ​တို့​ကို မြို့​ပြင်​ရှိ မစင်ကြယ်​သော​နေရာ​သို့ ယူသွား​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

45 ထို​အ​ခါ​အိမ်​ကို​ဖြို​ချ​၍​ကျောက်၊ သစ်​သား၊ အင်္ဂတေ​ရှိ​သ​မျှ​ကို​မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး စွန့်​ရာ​အ​ရပ်​သို့​ယူ​ဆောင်​သွား​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

45 တိုက်၊ ကျောက်၊ သစ် သား၊ အင်္ဂ တေ ရှိ သ မျှ ပါ ဖြို ဖျက် လျက် မြို့ ပြင် မ စင် ကြယ် သော အ ရပ် သို့ ထုတ် ပစ် ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

45 ထို​အိမ်​သည် မ​စင်​ကြယ်​သော​ကြောင့်၊ ကျောက်၊ သစ်​သား၊ အင်္ဂ​တေ​ရှိ​သ​မျှ​ကို ဖြို​ဖျက်၍၊ မြို့​ပြင် မ​စင်​ကြယ်​သော​အ​ရပ်​သို့ ယူ​သွား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 14:45
14 ပူးပေါင်းရင်းမြစ်များ  

ဗာလ​ကျောက်တိုင်​ကို ဖြိုဖျက်​ပစ်​ပြီး ဗာလ​ဝတ်ကျောင်း​ကို​လည်း ဖြိုဖျက်​ကာ ထို​နေရာ​ကို အလေးအပေါ့​စွန့်​ရာ​နေရာ​အဖြစ် ယနေ့​တိုင် ထားရှိ​လေ​၏​။


သူ​သည် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​ကို ဖယ်ရှား​ပြီး ကျောက်တိုင်​များ​ကို ဖြိုလှဲ​ပစ်​၏​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို လှဲချ​ပြီး မောရှေ​သွန်းလုပ်​ခဲ့​သော​ကြေးနီ​မြွေရုပ်​ကို​လည်း ထုခွဲ​ပစ်​၏​။ အကြောင်းမူကား ထို​အချိန်​အထိ အစ္စရေး​လူမျိုး​တို့​သည် ထို​မြွေရုပ်​ကို နဟုတ္တန် ဟု​ခေါ်ဆို​ပြီး နံ့သာပေါင်း​ကို မီးရှို့ပူဇော်​တတ်​ကြ​၏​။


သူ​သည် ထာဝရဘုရား​၏​အိမ်​တော်​မှစ၍ ဘုရင့်​နန်းတော်​နှင့် ဂျေရုဆလင်​မြို့​ရှိ အိမ်​အားလုံး​ကို မီးရှို့​၏​။ မှူးကြီးမတ်ရာ​တို့​၏​အိမ်​အားလုံး​ကို​လည်း မီး​ရှို့​လေ​၏​။


တစ်ဖန် ထို​အထဲ​မှ အနည်းငယ်​ကို​ယူ​ပြီး မီး​ထဲ​သို့​ပစ်ချ​၍ မီး​ရှို့​ပစ်​လော့​။ ထို​မီး​သည် အစ္စရေး​တစ်မျိုးနွယ်လုံး​သို့ ပြန့်သွား​လိမ့်မည်​။


အိမ်​အတွင်း​ပတ်ပတ်လည်​ကို ခြစ်ထုတ်​၍ ထို​ခြစ်ထုတ်​သော​အမှုန့်​ကို မြို့​ပြင်​ရှိ မစင်ကြယ်​သော​နေရာ​၌ သွန်ပစ်​ရ​မည်​။


ထို​အိမ်​ကို​ပိတ်​ထား​သော​ကာလ​အတွင်း အိမ်​ထဲသို့​ဝင်​သော​သူ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။


ထိုအခါ ဘုရင်​သည် အမျက်ထွက်​၍ သူ​၏​စစ်သား​များ​ကို​စေလွှတ်​ကာ ထို​လူသတ်သမား​တို့​ကို​ဖျက်ဆီး​စေ​ပြီး သူ​တို့​၏​မြို့​ကို​မီးရှို့​စေ​၏။


ကိုယ်တော်​က​လည်း“ဤ​အရာ​အားလုံး​ကို သင်​တို့​မြင်​ကြ​သည်​မ​ဟုတ်​လော။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဤ​နေရာ​၌ ကျောက်တုံး​တစ်​တုံး​သည် ဖြိုချ​မ​ခံရ​ဘဲ အခြား​ကျောက်တုံး​တစ်​တုံး​ပေါ်၌ ကျန်ရစ်​ခဲ့​သည်​ဟူ၍ လုံးဝ​ရှိ​လိမ့်မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။


သို့သော် ဗိမာန်​တော်​၏​အပြင်​ဘက်​၌​ရှိ​သည့်​တံတိုင်း​သည် လူမျိုးခြား​တို့​အား​ပေး​ထား​သည်​ဖြစ်၍ ၎င်း​ကို​မ​တိုင်း​ဘဲ​ချန်ထား​လော့။ ထို​သူ​တို့​သည် သန့်ရှင်း​သော​မြို့​တော်​ကို လေးဆယ့်​နှစ်​လ​တိုင်တိုင် နင်းချေ​ကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ