အာသမင်းကြီးနန်းစံသုံးဆယ့်ကိုးနှစ်တွင် သူ၏ခြေထောက်၌ အနာရောဂါစွဲကပ်၏။ ထိုအနာရောဂါသည် အလွန်ပြင်းထန်သော်လည်း ထာဝရဘုရားကို မရှာဘဲ သမားတော်များနှင့်သာ ဆေးကုသခဲ့၏။
လုကာ 8:43 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်၍ ဆေးဆရာများထံ မိမိပိုင်ဆိုင်သောဥစ္စာပစ္စည်းရှိသမျှတို့ကို အကုန်သုံးစွဲခဲ့သော်လည်း မည်သူကမျှ ကျန်းမာအောင် မကုပေးနိုင်သောအမျိုးသမီးတစ်ဦးသည် Common Language Bible အမျိုးသမီးတစ်ယောက်သည်တစ်ဆယ့်နှစ် နှစ်ပတ်လုံးသွေးသွန်ရောဂါစွဲခဲ့၏။ မိမိတွင် ရှိသမျှကြေးငွေများကိုအကုန်ခံ၍ဆေး ဆရာများနှင့်ကုသသော်လည်း အဘယ် ဆေးဆရာမျှရောဂါကိုမပျောက်စေနိုင်။- Garrad Bible ထို အ ခါ တစ် ဆယ့် နှစ် နှစ် တိုင် သွေး သွန် နာ စွဲ လျက် မည် သူ မျှ ကု သ၍ မ ရ သော မိန်း မ တစ် ယောက် သည်၊ Judson Bible ထိုအခါ တစ်ဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့်၊ ဥစ္စာရှိသမျှကို ဆေးသမားတို့အားပေး၍ ကုန်သော်လည်း၊ အဘယ်ဆေးသမားလက်၌မျှ ချမ်းသာမရနိုင်သော မိန်းမတစ်ယောက်သည်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်၌ အမျိုးသမီးတစ်ဦးသည် ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲ၍ ဥစ္စာရှိသမျှကို ဆရာဝန်များအား ပေးလျက် ကုသသော်လည်း မည်သည့်ဆရာဝန်မျှ မတတ်နိုင်ဘဲရှိလေ၏။ မြန်မာ ထိုအခါ တစ်ဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့်၊ ဥစ္စာရှိသမျှကို ဆေးသမားတို့အားပေး၍ ကုန်သော်လည်း၊ အဘယ်ဆေးသမားလက်၌မျှ ချမ်းသာမရနိုင်သော မိန်းမတစ်ယောက်သည်၊- |
အာသမင်းကြီးနန်းစံသုံးဆယ့်ကိုးနှစ်တွင် သူ၏ခြေထောက်၌ အနာရောဂါစွဲကပ်၏။ ထိုအနာရောဂါသည် အလွန်ပြင်းထန်သော်လည်း ထာဝရဘုရားကို မရှာဘဲ သမားတော်များနှင့်သာ ဆေးကုသခဲ့၏။
သင်တို့သည် မုသားကို ဖုံးကွယ်ထားသောသူများ၊ သင်တို့အားလုံးသည် အသုံးမဝင်သောသမားတော်များ ဖြစ်ကြ၏။
ရန်သူ့လက်မှလွတ်ရန် အကျွန်ုပ်တို့ကိုကူညီမစတော်မူပါ။ အကြောင်းမူကား လူပေးသောကယ်တင်ခြင်းသည် အချည်းနှီးဖြစ်ပါ၏။
နှာခေါင်းနှင့်အသက်ရှူတတ်သောလူကို မကိုးစားနှင့်။ ထိုသို့သောသူ၌ အဘယ်အားထားစရာရှိသနည်း။
အကြောင်းမူကား သူတို့အားလုံးသည် မိမိတို့၏ကြွယ်ဝပြည့်စုံမှုထဲမှ ထည့်ကြ၏။ ဤမုဆိုးမမူကား မိမိ၏ဆင်းရဲချို့တဲ့မှုထဲမှ သူ၌ရှိသမျှသောအရာအားလုံး၊ သူ၏အသက်မွေးစရာအားလုံးကို ထည့်လေပြီ”ဟု မိန့်တော်မူ၏။
နတ်သည် သူ့ကိုဖမ်းစားသည့်အခါတိုင်း သူ့ကိုလှဲချ၍ သူသည် ပါးစပ်မှအမြှုပ်ထွက်ပြီး အံသွားကြိတ်ကာ မာတောင့်လာတတ်ပါ၏။ သို့ဖြစ်၍ ကိုယ်တော်၏တပည့်တော်တို့အား ထိုနတ်ကိုနှင်ထုတ်ပေးရန် တောင်းပန်သော်လည်း သူတို့သည်မတတ်နိုင်ကြပါ”ဟု လျှောက်လေ၏။
ထိုအခါ တစ်ဆယ့်ရှစ်နှစ်ပတ်လုံး နာမကျန်းဖြစ်စေသောနတ်ပူးသဖြင့် ခါးကုန်းလျက် လုံးဝတည့်မတ်စွာမရပ်နိုင်သောအမျိုးသမီးတစ်ဦးရှိ၏။
သို့ဖြစ်လျှင် တစ်ဆယ့်ရှစ်နှစ်ပတ်လုံး စာတန်ချည်နှောင်ထားသည့် အာဗြဟံ၏သမီးဖြစ်သော ဤသူကို ဥပုသ်နေ့၌ ထိုချည်နှောင်ခြင်းမှ လွတ်စေသင့်သည်မဟုတ်လော”ဟု ပြန်၍မိန့်တော်မူ၏။
ကိုယ်တော်သည် ကမ်းပေါ်သို့တက်တော်မူသောအခါ နတ်ဆိုးများပူးသဖြင့် ကာလအတန်ကြာ အဝတ်လည်းမဝတ်၊ အိမ်၌လည်းမနေဘဲ သင်္ချိုင်း၌နေတတ်သော ထိုမြို့မှလူတစ်ဦးသည် ကိုယ်တော်ကိုဆီးကြိုလေ၏။
အကြောင်းမူကား တစ်ဆယ့်နှစ်နှစ်အရွယ်ခန့်ရှိသော သူ၏တစ်ဦးတည်းသောသမီးသည် သေအံ့ဆဲဆဲဖြစ်နေ၏။ ကိုယ်တော်ကြွတော်မူစဉ် လူထုပရိသတ်သည် ကိုယ်တော်ထံစုပြုံတိုးဝှေ့ကြ၏။
ကိုယ်တော်၏နောက်တော်သို့ချဉ်းကပ်လျက် ဝတ်ရုံတော်၏ပန်းဖွားကိုတို့ထိလေ၏။ ထိုခဏချင်းတွင် သူခံစားရသောသွေးသွန်ခြင်းသည် ရပ်သွားလေ၏။
သို့သော် ယခု မည်သို့မျက်စိမြင်လာသည်ကို အကျွန်ုပ်တို့မသိကြပါ။ သူ့ကိုမျက်စိမြင်အောင် မည်သူပြုလုပ်ပေးခဲ့သည်ကိုလည်း မသိကြပါ။ သူ့ကိုမေးကြပါလော့။ သူသည် အရွယ်ရောက်နေပါပြီ။ သူ့အကြောင်းကို သူကိုယ်တိုင်ပြောပြပါလိမ့်မည်”ဟု ပြန်ပြောကြ၏။
ထိုစဉ် လူတို့သည် အမိဝမ်းတွင်းကပင် ခြေမသန်စွမ်းသူတစ်ဦးကို ထမ်းလာကြ၏။ သူသည် ဗိမာန်တော်ထဲသို့ဝင်သောသူတို့ထံမှ ပေးကမ်းစွန့်ကြဲခြင်းကိုတောင်းခံရန်အတွက် လူတို့သည် သူ့ကို တင့်တယ်ဟုခေါ်သော ဗိမာန်တော်တံခါးအနီးတွင် နေ့တိုင်းချထားလေ့ရှိကြ၏။