Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 13:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထိုအခါ တစ်ဆယ့်ရှစ်​နှစ်​ပတ်လုံး နာမကျန်း​ဖြစ်​စေ​သော​နတ်​ပူး​သဖြင့် ခါး​ကုန်း​လျက် လုံးဝ​တည့်မတ်​စွာ​မ​ရပ်​နိုင်​သော​အမျိုးသမီး​တစ်​ဦး​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 တစ် ဆယ့် ရှစ် နှစ် တိုင် အား လျော့ စေ သော နတ် ပူး၍ ဖြောင့် ဖြောင့် မ ရပ် နိုင် ဘဲ ခါး ကုန်း သူ မိန်း မ တစ် ယောက် ရှိ သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး နတ်​စွဲ၍ ရော​ဂါ​နှိပ်​စက်​ခြင်း​ကို​ခံ​ရ​သော မိန်း​မ​တစ်​ယောက်​ရှိ၏။ ထို​မိန်း​မ​သည် ကျော​ကုန်း၍ ကိုယ်​ကို အ​လျှင်း​မ​ဆန့်​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ထို​နေရာ​၌ ဆယ့်ရှစ်နှစ်​ပတ်လုံး နတ်ဆိုး​ကြောင့် မသန်စွမ်း​ဖြစ်နေသော အမျိုးသမီး​တစ်ဦး ရှိလေ၏။ ထို​အမျိုးသမီး​သည် ခါးကိုင်း​၍ မိမိ​ကိုယ်ခန္ဓာ​ကို မတ်မတ်​မဆန့်နိုင်ဘဲ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

11 တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး နတ်​စွဲ၍ ရော​ဂါ​နှိပ်​စက်​ခြင်း​ကို​ခံ​ရ​သော မိန်း​မ​တစ်​ယောက်​ရှိ၏။ ထို​မိန်း​မ​သည် ကျော​ကုန်း၍ ကိုယ်​ကို အ​လျှင်း​မ​ဆန့်​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 13:11
20 ပူးပေါင်းရင်းမြစ်များ  

စာတန်​သည် ထာဝရဘုရား​ထံ​မှ ထွက်သွား​၍ ယောဘ​ကို ဦးခေါင်း​မှ ခြေဖဝါး​အထိ ဆိုးရွား​သော​အနာစိမ်း​များ​ကို ပေါက်​စေ​၏​။


ထာဝရဘုရား​သည် လဲကျ​သော​သူ​ရှိသမျှ​တို့​ကို ထောက်မ​၍ ကိုင်းညွတ်​နိမ့်ကျ​နေ​သော​သူ​အပေါင်း​တို့​ကို ထူမ​တော်မူ​၏​။


ထာဝရဘုရား​သည် မျက်မမြင်​တို့​ကို မြင်​စေ​တော်မူ​၏​။ ထာဝရဘုရား​သည် ကိုင်းညွတ်​နိမ့်ကျ​နေ​သော​သူ​တို့​ကို ထူမ​တော်မူ​၏​။ ထာဝရဘုရား​သည် ဖြောင့်မတ်​သော​သူ​တို့​ကို ချစ်​တော်မူ​၏​။


အကျွန်ုပ်​သည် ခေါင်း​ကို​ငုံ့​လျက်​၊ လုံးလုံး​ငိုက်စိုက်ချ​လျက်​၊ တစ်နေ့လုံး​ဝမ်းနည်း​ပူဆွေး​လျက် သွားလာ​ရ​ပါ​၏​။


အို ငါ​၏​စိတ်ဝိညာဉ်​၊ သင်​သည် အဘယ်ကြောင့်​ညှိုးငယ်​သနည်း​။ ငါ့​အထဲ​၌ အဘယ်ကြောင့်​မငြိမ်မသက်​ဖြစ်​သနည်း​။ ဘုရားသခင်​ကို မျှော်လင့်ကိုးစား​လော့​။ ငါ​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို ထပ်၍​ချီးမွမ်း​မည်​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် အားအင်ချည့်နဲ့​နေ​သည်​ဖြစ်၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​အရိုး​တို့​သည် ထိတ်လန့်​လျက်​ရှိ​ကြ​သည်​ဖြစ်၍ အကျွန်ုပ်​ကို​ကျန်းမာ​စေ​တော်မူ​ပါ​။


ထို့နောက် ကိုယ်တော်​သည် ဂါလိလဲ​နယ်​တစ်နယ်လုံး​ကို လှည့်လည်​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သွန်သင်​တော်မူ​ကာ နိုင်ငံ​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက် လူ​တို့​ထဲ၌​စွဲကပ်​နေ​သော ရောဂါ​အမျိုးမျိုး​နှင့်​အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေ​တော်မူ​၏။


ကိုယ်တော်​က သူငယ်​၏​ဖခင်​အား“သူ​၌ ဤသို့​ဖြစ်​ခဲ့​သည်​မှာ မည်မျှ​ကြာ​ပြီ​နည်း”​ဟု မေး​တော်မူ​ရာ ဖခင်​က “ငယ်စဉ်​ကတည်းက​ဖြစ်​ပါ​၏။


ယေရှု​သည် သူ့​ကို​မြင်​လျှင် အထံ​တော်​သို့​ခေါ်​၍“အချင်း​မိန်းမ၊ သင်​သည် သင်​၏​နာမကျန်း​ဖြစ်​ခြင်း​မှ လွတ်မြောက်​ပြီ”​ဟု မိန့်​တော်မူ​ပြီးလျှင်


သို့ဖြစ်လျှင် တစ်ဆယ့်​ရှစ်​နှစ်​ပတ်လုံး စာတန်​ချည်နှောင်​ထား​သည့် အာဗြဟံ​၏​သမီး​ဖြစ်​သော ဤ​သူ​ကို ဥပုသ်​နေ့​၌ ထို​ချည်နှောင်​ခြင်း​မှ လွတ်​စေ​သင့်​သည်​မ​ဟုတ်​လော”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ဤ​အရာ​များ​စတင်​ဖြစ်ပျက်​လာ​သောအခါ သင်​တို့​ကို ရွေးနုတ်​တော်မူ​သော​အချိန်​နီးကပ်​လာ​ပြီ​ဖြစ်၍ တည့်မတ်​စွာ​ရပ်​လျက် သင်​တို့​ခေါင်း​ကို​မော့​ထား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


သူ​တို့​အပြင်​အနာရောဂါ​များ​နှင့် နတ်​ဆိုး​တို့​ဘေး​မှ လွတ်ငြိမ်း​ချမ်းသာ​ခွင့်​ရ​ခဲ့​သော အမျိုးသမီး​အချို့​ဖြစ်​ကြ​သည့် နတ်ဆိုး​ခုနစ်​ကောင်​ထွက်သွား​ခဲ့​သော မာဂဒလ​မြို့သူ​ဟု​ခေါ်​သည့်​မာရိ၊


ကိုယ်တော်​သည် ကမ်း​ပေါ်သို့​တက်​တော်မူ​သောအခါ နတ်ဆိုး​များ​ပူး​သဖြင့် ကာလ​အတန်ကြာ အဝတ်​လည်း​မ​ဝတ်၊ အိမ်​၌​လည်း​မ​နေ​ဘဲ သင်္ချိုင်း​၌​နေ​တတ်​သော ထို​မြို့​မှ​လူ​တစ်​ဦး​သည် ကိုယ်တော်​ကို​ဆီးကြို​လေ​၏။


ထိုအခါ တစ်ဆယ့်နှစ်​နှစ်​ပတ်လုံး သွေး​သွန်​ရောဂါ​စွဲကပ်​၍ ဆေးဆရာ​များ​ထံ မိမိ​ပိုင်ဆိုင်​သော​ဥစ္စာ​ပစ္စည်း​ရှိသမျှ​တို့​ကို အကုန်​သုံးစွဲ​ခဲ့​သော်လည်း မည်သူ​က​မျှ ကျန်းမာ​အောင် မ​ကု​ပေး​နိုင်​သော​အမျိုးသမီး​တစ်​ဦး​သည်


ထိုစဉ် လူ​တို့​သည် အမိ​ဝမ်းတွင်း​က​ပင် ခြေ​မသန်စွမ်း​သူ​တစ်​ဦး​ကို ထမ်း​လာ​ကြ​၏။ သူ​သည် ဗိမာန်​တော်​ထဲသို့​ဝင်​သော​သူ​တို့​ထံမှ ပေးကမ်း​စွန့်ကြဲ​ခြင်း​ကို​တောင်းခံ​ရန်​အတွက် လူ​တို့​သည် သူ့​ကို တင့်တယ်​ဟု​ခေါ်​သော ဗိမာန်​တော်​တံခါး​အနီး​တွင် နေ့တိုင်း​ချထား​လေ့​ရှိ​ကြ​၏။


ဤ​နိမိတ်​လက္ခဏာ​အားဖြင့် အကောင်းပကတိ​ဖြစ်​လာ​သော​သူ​သည် အသက်​လေးဆယ်​ကျော်​ရှိ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ