လုကာ 8:42 - မြန်မာ့စံမီသမ္မာကျမ်း42 အကြောင်းမူကား တစ်ဆယ့်နှစ်နှစ်အရွယ်ခန့်ရှိသော သူ၏တစ်ဦးတည်းသောသမီးသည် သေအံ့ဆဲဆဲဖြစ်နေ၏။ ကိုယ်တော်ကြွတော်မူစဉ် လူထုပရိသတ်သည် ကိုယ်တော်ထံစုပြုံတိုးဝှေ့ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible42 ဤသို့တောင်းပန်ရသည့်အကြောင်းမှာသူ၏ တစ်ဦးတည်းသောတစ်ဆယ့်နှစ်နှစ်အရွယ် သမီးသည်သေအံ့ဆဲဆဲရှိနေသောကြောင့် ဖြစ်၏။ ကိုယ်တော်သည်သူနှင့်အတူလိုက်သွားသော အခါလူအပေါင်းတို့သည်ကိုယ်တော်ကို တိုးဝှေ့မိကြ၏။- အခန်းကိုကြည့်ပါ။Judson Bible42 တစ်ဆယ်နှစ်နှစ်အရွယ်ရှိသော မိမိ၌ တစ်ယောက်တည်းသောသမီးသည် သေဆဲရှိသောကြောင့်၊ မိမိအိမ်သို့ ကြွတော်မူမည်အကြောင်း ကိုယ်တော်ကိုတောင်းပန်၍ ကြွတော်မူစဉ်တွင် လူအစုအဝေးတို့သည် ကိုယ်တော်ကို ထိခိုက်တိုက်မိကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း42 သူ၏ဆယ့်နှစ်နှစ်အရွယ် တစ်ဦးတည်းသော သမီးငယ်သည် သေလုဆဲဆဲရှိ၏။ ယေရှုသည် ဝတ်ပြုဆောင်မှူးနှင့်အတူ ကြွတော်မူစဉ် လူအုပ်သည် ယေရှုထံ စုပြုံတိုးဝှေ့ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ42 တစ်ဆယ်နှစ်နှစ်အရွယ်ရှိသော မိမိ၌ တစ်ယောက်တည်းသောသမီးသည် သေဆဲရှိသောကြောင့်၊ မိမိအိမ်သို့ ကြွတော်မူမည်အကြောင်း ကိုယ်တော်ကိုတောင်းပန်၍ ကြွတော်မူစဉ်တွင် လူအစုအဝေးတို့သည် ကိုယ်တော်ကို ထိခိုက်တိုက်မိကြ၏။- အခန်းကိုကြည့်ပါ။ |
ငါသည် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့အား သနားကြင်နာတတ်သောစိတ်သဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောစိတ်သဘောကို သွန်းလောင်းပေးမည်။ သူတို့သည် မိမိတို့ထိုးဖောက်ခဲ့သောငါ့ကို မြင်ရသောအခါ တစ်ဦးတည်းသောသားအတွက် မြည်တမ်းသကဲ့သို့ မြည်တမ်းရလိမ့်မည်၊ သားဦးအတွက် ခါးသီးစွာခံစားရသကဲ့သို့ ခါးသီးစွာခံစားရလိမ့်မည်။