ယောဟန်ကို ထောင်ထဲ၌ပိတ်လှောင်ထား၏။ ဤသို့ဖြင့် သူ၏မကောင်းမှုအလုံးစုံတို့အပေါ် မကောင်းမှုကို ထပ်ဆင့်ပြုလေ၏။
ထိုနောက်ယောဟန်ကိုထောင်ထဲတွင်ချုပ်နှောင်ထား စေခြင်းဖြင့် ဟေရုဒ်သည်ကူးလွန်ပြီးခဲ့သည့် အပြစ်အပေါင်းတို့ထက်ဆိုးရွားသောအပြစ် ကိုကူးလွန်လေသည်။
ယော ဟန် ကို ထောင် ချ လေ ၏။
ဟေရုဒ်သည် အရင်အပြစ်ရှိသမျှတို့အပေါ်မှာ အပြစ်သစ်ကိုထပ်လောင်း၍ ယောဟန်ကို ထောင်ထဲမှာ လှောင်ထား၏။
ထိုအခါ ဟေရုဒ်သည် ယောဟန်ကို ထောင်ချသဖြင့် သူ၏မကောင်းမှုအလုံးစုံတို့အပေါ် ထပ်ဆင့်အပြစ်တိုးလာလေ၏။
မနာရှေမင်းကြီးသည် ယုဒလူမျိုးတို့အား ထာဝရဘုရားရှေ့မှောက်တွင် မကောင်းမှုကိုပြု၍ပြစ်မှားရာရောက်စေခဲ့၏။ ဂျေရုဆလင်မြို့တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းအထိ အပြစ်ကင်းသောသူတို့၏အသက်ကိုသတ်သောအပြစ်များနှင့် များပြားပြည့်လျှံစေခဲ့၏။
မနာရှေမင်းကြီးသည် အပြစ်ကင်းသောသူတို့ကိုသတ်၍ ဂျေရုဆလင်မြို့တွင် အပြစ်ကင်းသောသူတို့၏သွေးနှင့် ပြည့်စေသောကြောင့် ထာဝရဘုရားသည် သူ့ကို ခွင့်လွှတ်ရန် အလိုတော်မရှိ။
သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
သို့သော် သူတို့သည် နာခံမှုမရှိ။ ကိုယ်တော်ကိုပုန်ကန်ကြ၏။ ပညတ်တရားကို ကျောခိုင်းကြ၏။ ကိုယ်တော့်ထံသို့ပြန်လာရန် သူတို့ကိုသတိပေးသော ကိုယ်တော်၏ပရောဖက်များကိုသတ်ဖြတ်ကြ၏။ လွန်စွာပြစ်မှားစော်ကားကြ၏။
“ငါသည် သင်တို့၏သားသမီးများကို ဆုံးမသော်လည်း အကျိုးမရှိ။ သူတို့သည် ဆုံးမပဲ့ပြင်ခြင်းကိုလက်မခံကြ။ သင်တို့၏ဓားသည် သွေးဆာနေသောခြင်္သေ့ကဲ့သို့ ပရောဖက်များကို ဝါးမျိုလေပြီ။
ယောဟန်အကျဉ်းချခံရကြောင်းကို ယေရှုသည်ကြားလျှင် ဂါလိလဲနယ်သို့ ကြွတော်မူ၏။
(ယောဟန်သည် ထောင်ထဲ၌ ထည့်ထားခြင်းမခံရသေးသောကြောင့်ဖြစ်၏။)
အကြောင်းမူကား ထိုသူတို့သည် သန့်ရှင်းသူများနှင့် ပရောဖက်များ၏သွေးကို သွန်းခဲ့ကြသည်ဖြစ်၍ ကိုယ်တော်သည် ထိုသွေးတို့ကို သူတို့အားသောက်ရန် ပေးတော်မူပြီ။ သူတို့သည် ထိုသို့ခံရရန် ထိုက်တန်ပေ၏”ဟု ဆိုသည်ကို ငါကြားရ၏။