ထိုသမုဒ္ဒရာ၏ရေတို့သည် ဟုန်းဟုန်းမြည်လျက် ပွက်ပွက်ထကာ တစ်ဟုန်ထိုးတက်လာ၍ တောင်များတုန်ခါကြလျှင်ပင်လည်းကောင်း ငါတို့သည် ကြောက်ရွံ့ကြမည်မဟုတ်။(စေလာ)
လုကာ 21:25 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် နေ၊ လ၊ ကြယ်တာရာများ၌ အတိတ်နိမိတ်များဖြစ်ပေါ်လာလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးတကာတို့သည် ပင်လယ်လှိုင်းတံပိုးသံကြောင့် စိတ်မငြိမ်မသက်ဖြစ်လျက် တုန်လှုပ်ချောက်ချားကြလိမ့်မည်။ Common Language Bible ``နေလကြယ်နက္ခတ်များ၌ပုဗ္ဗနိမိတ်များပေါ်ထွန်း လာလိမ့်မည်။ ကမ္ဘာပေါ်တွင်လူမျိုးအပေါင်းတို့သည် ပင်လယ်လှိုင်းတံပိုးမြည်ဟီးသံကြောင့်စိတ်ပျက် အားလျော့ကြောက်ရွံ့ကြလိမ့်မည်။- Garrad Bible ထို ကာ လ နေ၊ လ၊ ကြယ်၊ န က္ခ များ တွင် နိ မိတ် လ က္ခ ဏာ များ ထင် ရှား ရာ မြေ ကြီး ပေါ် တွင် သ မု ဒ္ဒ ရာ လှိုင်း တံ ပိုး ဟုန်း သံ ကြောင့် လူ အ မျိုး မျိုး တို့ ရှုပ် ထွေး နာ ကျင် လျက်၊ Judson Bible ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ် ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် နေ၊ လ၊ ကြယ်တို့၌ နိမိတ်လက္ခဏာများ ပေါ်လာလိမ့်မည်။ မြေကြီးပေါ်တွင်လည်း လူမျိုးတို့သည် ပင်လယ်လှိုင်းတံပိုးမြည်သံကြောင့် သောကရောက်၍ တုန်လှုပ်ချောက်ချားကြလိမ့်မည်။ မြန်မာ ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ် ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊- |
ထိုသမုဒ္ဒရာ၏ရေတို့သည် ဟုန်းဟုန်းမြည်လျက် ပွက်ပွက်ထကာ တစ်ဟုန်ထိုးတက်လာ၍ တောင်များတုန်ခါကြလျှင်ပင်လည်းကောင်း ငါတို့သည် ကြောက်ရွံ့ကြမည်မဟုတ်။(စေလာ)
ကောင်းကင်ကြယ်၊ ကောင်းကင်ကြယ်စုတို့သည် အလင်းကိုမပေး။ နေထွက်ချိန်၌ မှောင်မည်းနေမည်။ လသည်လည်း အလင်းကိုမပေး။
အလို၊ လူမျိုးများစွာတို့၏မြည်ဟိန်းသံပါတကား။ သူတို့သည် သမုဒ္ဒရာမြည်ဟိန်းသကဲ့သို့ မြည်ဟိန်းကြ၏။ အလို၊ လူတို့၏မြည်ဟည်းသံပါတကား။ သူတို့သည် ရေလုံးကြီး၏မြည်ဟည်းသံကဲ့သို့ မြည်ဟည်းကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဇိအုန်တောင်ပေါ် ဂျေရုဆလင်မြို့၌စိုးစံလျက် မိမိ၏သက်ကြီးဝါကြီးများရှေ့တွင် ဘုန်းအသရေထွန်းတောက်တော်မူမည်ဖြစ်၍ လသည် မျက်နှာပျက်၍ နေသည်လည်း အရှက်ကွဲလိမ့်မည်။
ထိုနေ့ရက်တွင် သူတို့သည် သမုဒ္ဒရာမြည်ဟည်းသကဲ့သို့ မာန်ဖီကြလိမ့်မည်။ ထိုပြည်ကိုကြည့်လျှင် ဆင်းရဲဒုက္ခအမှောင်ထုသာရှိ၏။ မိုးတိမ်များကြောင့် အလင်းသည် မှောင်မိုက်လေ၏။
ငါသည် ပင်လယ်ရေကိုထကြွစေ၍ လှိုင်းတံပိုးတို့ကိုမြည်ဟိန်းစေသော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ နာမတော်သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဖြစ်၏။
ငါသည် မြေကြီးကိုကြည့်လိုက်သော် ၎င်းသည် အသွင်သဏ္ဌာန်မရှိ၊ လဟာသက်သက်ဖြစ်၏။ မိုးကောင်းကင်သည်လည်း အလင်းမရှိ။
ထိုကာလတွင် သင့်လူမျိုးကို စောင့်ရှောက်ပေးသော အထွတ်အမြတ်မင်းမိက္ခေလ ပေါ်လာလိမ့်မည်။ လူမျိုးတစ်မျိုးဖြစ်ပေါ်လာချိန်မှစ၍ ထိုကာလအထိ တစ်ခါမျှမဖြစ်ဖူးသောဆင်းရဲဒုက္ခကာလသည် ရောက်လာလိမ့်မည်။ သို့သော် ထိုနေ့ရက်တွင် စာစောင်ထဲ၌ စာရင်းဝင်သော သင့်လူမျိုးအားလုံး လွတ်မြောက်ခွင့်ရလိမ့်မည်။
သူတို့တွင် သူတော်ကောင်းသည် ဆူးပင်နှင့်တူ၏။ ရိုးသားဖြောင့်မတ်သောသူသည် ဆူးချုံပုတ်ထက်ဆိုး၏။ သင့်ကင်းစောင့်များသတိပေးသောနေ့၊ သင်စစ်ကြောစီရင်ခြင်းခံရသောနေ့ ရောက်လာပြီ။ ယခု သူတို့ထိတ်လန့်ချောက်ချားရလေပြီ။
ထိုနေ့ရက်တို့၏ဆင်းရဲဒုက္ခပြီးဆုံးသည်နှင့် ချက်ချင်းပင် နေသည် မှောင်မည်းသွား၍ လသည်လည်း မိမိ၏အလင်းရောင်ကိုမပေးဘဲနေလိမ့်မည်။ ကြယ်တို့သည်လည်း ကောင်းကင်မှကြွေကျကာ အာကာသကောင်းကင်၏စွမ်းအားတို့သည် တုန်လှုပ်ကြလိမ့်မည်။
မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လေ၏။
သို့သော် ထိုနေ့ရက်တို့၌ ထိုဆင်းရဲဒုက္ခကျရောက်ပြီးနောက် နေသည် မှောင်မည်းသွား၍ လသည်လည်း မိမိ၏အလင်းရောင်ကို မပေးဘဲနေလိမ့်မည်။
ထိုအခါ လူ့သားသည် ကြီးမားသောတန်ခိုးနှင့် ဘုန်းအသရေတို့ဖြင့် မိုးတိမ်များစီးလျက်ကြွလာသည်ကို လူတို့မြင်ရကြလိမ့်မည်။
မွန်းတည့်ချိန်ရောက်သောအခါ မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လာ၍ မွန်းလွဲသုံးနာရီတိုင်အောင် ထိုသို့ဖြစ်လေ၏။
သူတို့သည် ဓားဘေးဖြင့်ကျဆုံး၍ အခြားသောပြည်အရပ်ရပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ လူမျိုးခြားတို့သည်လည်း မိမိတို့အချိန်အခါများပြည့်စုံသည်အထိ ဂျေရုဆလင်မြို့ကို နင်းချေကြလိမ့်မည်။
အာကာသကောင်းကင်၏စွမ်းအားတို့သည် တုန်လှုပ်ကြမည်ဖြစ်၍ လူတို့သည် ကမ္ဘာပေါ်တွင်သက်ရောက်လာမည့်အရာများကို ကြိုတွေးလျက် ကြောက်ရွံ့သဖြင့် သတိလစ်မေ့မြောကြလိမ့်မည်။
အထက်ကောင်းကင်၌ အံ့သြဖွယ်ရာများကိုလည်းကောင်း၊ အောက်မြေကြီးပေါ်၌ သွေး၊ မီးလျှံနှင့် မီးခိုးငွေ့တည်းဟူသော နိမိတ်လက္ခဏာများကိုလည်းကောင်း ငါပြမည်။
ထို့နောက် ဖြူသောပလ္လင်ကြီးနှင့် ထိုပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကို ငါမြင်ရ၏။ ကောင်းကင်နှင့်မြေကြီးသည် ထိုအရှင်၏မျက်မှောက်မှ ပျောက်လွင့်သွား၍ ၎င်းတို့အတွက်နေရာမရှိတော့ပေ။