အသီးပေါ်ချိန်နီးကပ်လာသောအခါ စပျစ်ခြံထွက်အသီးများကိုရယူရန် မိမိ၏အစေအပါးတို့ကို ခြံသမားတို့ထံသို့ စေလွှတ်လေ၏။
လုကာ 20:16 - မြန်မာ့စံမီသမ္မာကျမ်း သူသည်လာ၍ ထိုခြံသမားတို့ကို အဆုံးစီရင်ကာ စပျစ်ခြံကို အခြားသောသူတို့အား ပေးလိမ့်မည်”ဟု မိန့်တော်မူ၏။ ကြားရသောသူတို့ကလည်း “ထိုသို့မဖြစ်ပါစေနှင့်”ဟု ဆိုကြ၏။ Common Language Bible သူသည်လာ၍ထိုသူတို့ကိုသတ်ပြီးသော် စပျစ်ဥယျာဉ်ကိုအခြားသူများသို့ပေး အပ်လိမ့်မည်'' ဟုမိန့်တော်မူ၏။ ထိုစကားကိုကြားသောအခါသူတို့ က ``ဘုရားမ၍ထိုသို့မဖြစ်ပါစေနှင့်'' ဟုဆိုကြ၏။ Garrad Bible သူ တို့ ကို လာ၍ ဖျက် ဆီး ပြီး မှ သူ တစ် ထူး တို့ အား စ ပျစ် ဥ ယျာဉ် ကို လွှဲ အပ် လိမ့် မည် ဟု မိန့် တော် မူ၏။ ကြား သော သူ တို့ က ထို သို့ မ ဖြစ် ပါ စေ နှင့် ဟု ဆို ကြ ရာ၊ Judson Bible ဥယျာဉ်ရှင်သည် လာ၍ ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်ဟု မိန့်တော်မူ၏။ ပရိသတ်တို့သည် ကြားလျှင် ထိုသို့မဖြစ်ပါစေနှင့်ဟု လျှောက်ကြသော်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည်လာ၍ ထိုစပျစ်ခြံလုပ်သားတို့အား သုတ်သင်ဖယ်ရှားပြီးမှ ထိုစပျစ်ခြံကို အခြားသူတို့အား ပေးလိမ့်မည်” ဟူ၍ ဖြစ်၏။ ထိုအရာကို ပရိသတ်တို့သည် ကြားသောအခါ “ထိုကဲ့သို့ မဖြစ်ပါစေနှင့်” ဟု ပြောဆိုကြ၏။ မြန်မာ ဥယျာဉ်ရှင်သည် လာ၍ ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်ဟု မိန့်တော်မူ၏။ ပရိသတ်တို့သည် ကြားလျှင် ထိုသို့မဖြစ်ပါစေနှင့်ဟု လျှောက်ကြသော်၊- |
အသီးပေါ်ချိန်နီးကပ်လာသောအခါ စပျစ်ခြံထွက်အသီးများကိုရယူရန် မိမိ၏အစေအပါးတို့ကို ခြံသမားတို့ထံသို့ စေလွှတ်လေ၏။
သူတို့က “ထိုဆိုးယုတ်သောသူတို့ကို ရက်စက်စွာအဆုံးစီရင်၍ အသီးပေါ်ချိန်တွင် သူ့ကိုအသီးပေးမည့် အခြားခြံသမားတို့အား စပျစ်ခြံကို ငှားရမ်းပါလိမ့်မည်”ဟု ဖြေကြားကြ၏။
ထိုအခါ ဘုရင်သည် အမျက်ထွက်၍ သူ၏စစ်သားများကိုစေလွှတ်ကာ ထိုလူသတ်သမားတို့ကိုဖျက်ဆီးစေပြီး သူတို့၏မြို့ကိုမီးရှို့စေ၏။
သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်သည် မည်သို့ပြုမည်နည်း။ သူသည်လာ၍ ခြံသမားတို့ကိုအဆုံးစီရင်ကာ စပျစ်ခြံကို အခြားသောသူတို့အားပေးလိမ့်မည်။
ထိုမှတစ်ပါး ငါအုပ်ချုပ်ရန်အလိုမရှိကြသော ငါ၏ရန်သူများကို ဤနေရာသို့ခေါ်ဆောင်ခဲ့၍ ငါ၏ရှေ့မှောက်တွင် သူတို့ကိုကွပ်မျက်ကြလော့’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
သူ့ကို စပျစ်ခြံအပြင်သို့နှင်ထုတ်ကာ သတ်ပစ်ကြ၏။ သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်သည် ထိုသူတို့ကို မည်သို့ပြုမည်နည်း။
ထိုအခါ ပေါလုနှင့်ဗာနဗတို့သည် ရဲရင့်စွာဟောပြောလျက် “ဘုရားသခင်၏နှုတ်ကပတ်တရားကို သင်တို့အား ဦးစွာဟောပြောရန်လိုအပ်၏။ သို့သော် သင်တို့သည် ၎င်းကိုငြင်းပယ်၍ မိမိတို့ကိုယ်ကို ထာဝရအသက်နှင့်မထိုက်တန်ဟု စီရင်ကြသောကြောင့် ငါတို့သည် လူမျိုးခြားတို့ထံသို့ လှည့်သွားကြ၏။
သို့ဖြစ်လျှင် ငါမေးလိုသည်မှာ ဘုရားသခင်သည် မိမိ၏လူမျိုးတော်ကို ပစ်ပယ်တော်မူပြီလော။ လုံးဝပစ်ပယ်တော်မမူ။ ငါကိုယ်တိုင်လည်း အစ္စရေးလူမျိုး၊ အာဗြဟံမှဆင်းသက်လာသူ၊ ဗင်္ယာမိန်အနွယ်ဝင်ဖြစ်၏။
သို့ဖြစ်လျှင် သူတို့ခလုတ်တိုက်ကြသည်မှာ သူတို့လဲကျစေရန်လောဟု ငါမေး၏။ လုံးဝမဟုတ်ပေ။ အမှန်အားဖြင့် သူတို့ကျူးလွန်သောအပြစ်ကြောင့် လူမျိုးခြားတို့ထံ ကယ်တင်ခြင်းကျေးဇူးသက်ရောက်၍ ဤအမှုအားဖြင့် အစ္စရေးလူမျိုးတို့၌ မနာလိုစိတ်ဖြစ်ပေါ်စေရန်ဖြစ်၏။
သို့ဖြစ်လျှင် ငါတို့သည် ယုံကြည်ခြင်းကြောင့် ပညတ်တရားကို ပယ်ဖျက်ကြသလော။ လုံးဝမပယ်ဖျက်ကြ။ ပညတ်တရားကို တည်မြဲတည်စေကြ၏။
လုံးဝမပျက်ပြယ်နိုင်ရာ။ “ကိုယ်တော်သည် မိမိမိန့်တော်မူသောစကားအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရ၍ တရားဆိုင်တော်မူသောအခါ အောင်မြင်မည့်အကြောင်းတည်း”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း လူခပ်သိမ်းသည် လိမ်လည်သောသူဖြစ်သော်လည်း ဘုရားသခင်သည် ဖြောင့်မှန်တော်မူသောအရှင်ဖြစ်ပါစေသော။
လုံးဝမဟုတ်ပေ။ ဟုတ်လျှင်မူကား ဘုရားသခင်သည် ဤလောကကို မည်သို့တရားစီရင်တော်မူမည်နည်း။
သို့ဖြစ်လျှင် မည်သို့နည်း။ ငါတို့သည် ပညတ်တရားလက်အောက်၌မရှိဘဲ ကျေးဇူးတော်လက်အောက်၌ရှိကြသောကြောင့် အပြစ်ပြုရမည်လော။ လုံးဝမပြုရ။
လုံးဝမတည်ရ။ အပြစ်အရာ၌ သေဆုံးသောငါတို့သည် ၎င်းတွင် မည်သို့အသက်ရှင်နိုင်ဦးမည်နည်း။
သို့ဖြစ်လျှင် ဤကောင်းမြတ်သောအရာသည် ငါ့အတွက် သေခြင်းအကြောင်းဖြစ်သလော။ လုံးဝမဟုတ်ပေ။ ငါ့အတွက် သေခြင်းအကြောင်းဖြစ်သောအရာမှာ အပြစ်ပင်ဖြစ်၍ အပြစ်သည် အပြစ်ဖြစ်ကြောင်း ထင်ရှားစေရန် ဤကောင်းမြတ်သောအရာအားဖြင့် ငါ၌ သေခြင်းကိုဖြစ်ပေါ်စေ၏။ ဤသို့ဖြင့် အပြစ်သည် ပညတ်တော်အားဖြင့် အတိုင်းထက်အလွန် အပြစ်များသောအရာဖြစ်လာ၏။
သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ပညတ်တရားသည် အပြစ်လော။ လုံးဝမဟုတ်ပေ။ သို့သော် ပညတ်တရားအားဖြင့်မဟုတ်လျှင် အပြစ်ကို ငါသိခဲ့မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် “တပ်မက်သောစိတ်မရှိရ”ဟု ပညတ်တရားက မဆိုထားလျှင် တပ်မက်ခြင်းကို ငါသိခဲ့မည်မဟုတ်။
သို့ဖြစ်လျှင် ငါတို့သည် မည်သို့ဆိုရမည်နည်း။ ဘုရားသခင်၌ မတရားမှုရှိသလော။ လုံးဝမရှိပေ။
သင်တို့၏ကိုယ်ခန္ဓာသည် ခရစ်တော်၏ကိုယ်အင်္ဂါဖြစ်ကြောင်း မသိကြသလော။ သို့ဖြစ်လျှင် ခရစ်တော်၏ကိုယ်အင်္ဂါကိုယူ၍ ပြည့်တန်ဆာ၏ကိုယ်အင်္ဂါဖြစ်စေရမည်လော။ လုံးဝမဖြစ်စေရ။
သို့ရာတွင် ငါတို့သည် ခရစ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရရန် ရှာကြံနေကြစဉ် ငါတို့ကိုယ်တိုင် အပြစ်သားများဖြစ်ကြောင်းတွေ့ရှိရသည်ဆိုလျှင် ခရစ်တော်သည် အပြစ်တရား၏အမှုကိုဆောင်ရွက်သူဖြစ်သလော။ လုံးဝမဟုတ်ပေ။
သို့ဖြစ်လျှင် ပညတ်တရားသည် ဘုရားသခင်၏ကတိတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သလော။ လုံးဝမဖြစ်ပေ။ အကြောင်းမူကား ပေးအပ်ထားသောပညတ်တရားသည် အသက်ရှင်စေနိုင်သည်ဆိုလျှင် ဖြောင့်မတ်ခြင်းကို ထိုပညတ်တရားအားဖြင့် အမှန်ပင်ရရှိခဲ့ပေလိမ့်မည်။
ငါ့အတွက်မူကား ငါတို့သခင်ယေရှုခရစ်တော်၏လက်ဝါးကပ်တိုင်၌ ဝါကြွားခြင်းမှတစ်ပါး အခြားဝါကြွားစရာမရှိ။ ငါ့အနေဖြင့် လောကသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရ၍ လောကအနေဖြင့်လည်း ငါသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရလေပြီ။