အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့၌ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်ပါ၏။
လုကာ 18:7 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည်လည်း မိမိထံ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်နေသည့် မိမိရွေးကောက်တော်မူသောသူတို့အတွက် တရားသဖြင့်မစီရင်ဘဲ ကြာရှည်စွာဆိုင်းထားတော်မူလိမ့်မည်လော။ Common Language Bible ရွေးကောက်တော်မူသောသူတို့သည်နေ့ညမပြတ် ဟစ်အော်တောင်းလျှောက်နေကြလျှင် ဘုရားသခင် သည်တရားသဖြင့်ဖြစ်စေရန်စီရင်တော်မမူ ဘဲနေမည်လော။ ကိုယ်တော်သည်ထိုသူတို့အား ကူညီမစရန်နှောင့်နှေးတော်မူမည်လော။- Garrad Bible နှောင့် နှေး တော် မူ သော ကိုယ် တော့် ထံ နေ့ ညဉ့် မ ပြတ် ဟစ် လျက် နေ သော ရွေး ကောက် တော် မူ သူ တို့ အ မှု ကို ဘု ရား သ ခင် စီ ရင် တော် မူ မည် မ ဟုတ် လော။ Judson Bible ဘုရားသခင် ရွေးကောက်တော်မူသော သူတို့သည် ညနေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မိမိရွေးချယ်တော်မူသောသူတို့က နေ့ညမပြတ် တောင်းလျှောက်လျှင် ဘုရားသခင်သည် တရားမျှတစွာ မစီရင်ဘဲ နှောင့်နှေးစေတော်မူမည်လော။ မြန်မာ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့သည် ညနေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော။- |
အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့၌ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်ပါ၏။
ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်စွာတရားစီရင်၍ လူမျိုးအပေါင်းတို့ကို သမာသမတ်ရှိစွာစစ်ကြောစီရင်တော်မူ၏။
အကယ်၍ သင်နှိပ်စက်၍ သူတို့သည် ငါ့ထံ အော်ဟစ်မည်ဆိုလျှင် သူတို့၏အော်ဟစ်ငိုကြွေးသံကို ငါအသေအချာနားထောင်မည်။
အို ယာကုပ်အမျိုး၊ အို အစ္စရေးလူမျိုး၊ “ထာဝရဘုရားသည် ငါ့လမ်းကို မမြင်။ ငါ၏ဘုရားသခင်သည် ငါ့အမှုကို ဂရုမစိုက်”ဟု အဘယ်ကြောင့်ပြောဆိုရသနည်း။
အကြောင်းမူကား ဤဗျာဒိတ်နိမိတ်သည် အချိန်တန်လျှင် ဖြစ်လာမည်။ နှုတ်ထွက်စကားအတိုင်း အဆုံးသတ်ချိန် မလွဲမသွေရောက်လာမည်။ ကြာသော်လည်း စောင့်မျှော်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လာမည်။
ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မမူလျှင် မည်သူမျှလွတ်နိုင်မည်မဟုတ်။ သို့သော် ရွေးကောက်ခံရသောသူတို့အတွက် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မူလိမ့်မည်။
အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင် လှည့်ဖြားရန် ကြီးမားသောနိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကို ပြုကြလိမ့်မည်။
သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက်ပင် မိမိတို့၏သားသမီးများအား ကောင်းသောလက်ဆောင်များပေးရမည်ကို သိကြလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် မိမိထံတောင်းလျှောက်သောသူများအား ကောင်းသည့်အရာများကို သာ၍ပင်ပေးတော်မူမည်မဟုတ်လော။
သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောလက်ဆောင်များပေးရမည်ကိုသိကြလျှင် ကောင်းကင်ဘုံရှင်အဖသည် မိမိထံတောင်းလျှောက်သောသူများအား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပင် ပေးတော်မူလိမ့်မည်မဟုတ်လော”ဟု မိန့်တော်မူ၏။
မုဆိုးမဖြစ်လျက် အသက်ရှစ်ဆယ့်လေးနှစ်ပင်ရှိပြီဖြစ်၏။ သူသည် ဗိမာန်တော်မှမခွာဘဲ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းတို့ဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြုလျက်နေ၏။
ဤအရာများစတင်ဖြစ်ပျက်လာသောအခါ သင်တို့ကို ရွေးနုတ်တော်မူသောအချိန်နီးကပ်လာပြီဖြစ်၍ တည့်မတ်စွာရပ်လျက် သင်တို့ခေါင်းကိုမော့ထားကြလော့”ဟု မိန့်တော်မူ၏။
မည်သူသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို ပြစ်တင်စွဲဆိုမည်နည်း။ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
ထို့ကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်တော်မူသောသူများ၊ သန့်ရှင်းသောသူများနှင့် ချစ်တော်မူသောသူများဖြစ်ကြသည့်အလျောက် ကြင်နာခြင်းနှင့်ပြည့်ဝသည့်သက်ညှာခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းတို့ကို ဝတ်ဆင်ကြလော့။
ငါတို့သည် သင်တို့နှင့်လူချင်းတွေ့နိုင်ရန်နှင့် သင်တို့၏ယုံကြည်ခြင်းတွင် လိုအပ်သည့်အပိုင်းများကို ဖြည့်ဆည်းပေးနိုင်ရန် နေ့ရောညပါ အလွန်စိတ်အားထက်သန်စွာဖြင့် ဆုတောင်းနေကြ၏။
သခင်ယေရှုသည် မီးလျှံထဲ၌ မိမိ၏တန်ခိုးကြီးသောကောင်းကင်တမန်များနှင့်အတူ မိုးကောင်းကင်မှပေါ်ထွန်းတော်မူသောအခါ သင်တို့ကို ဆင်းရဲဒုက္ခရောက်စေသောသူတို့အား ဆင်းရဲဒုက္ခကိုလည်းကောင်း၊
အမှန်တကယ်မုဆိုးမဖြစ်ပြီး တစ်ဦးတည်းကျန်ရစ်သောအမျိုးသမီးသည် ဘုရားသခင်ကိုမျှော်လင့်အားထားလျက် နေ့ရောညပါ အသနားခံခြင်းနှင့်ဆုတောင်းခြင်းတို့ကို စွဲမြဲစွာပြုတတ်၏။
ငါသည် နေ့ရောညပါဆုတောင်းသောအခါ သင့်အကြောင်းကို အမြဲမပြတ်သတိရလျက် စင်ကြယ်သောအသိစိတ်ဖြင့် ဘိုးဘေးတို့လက်ထက်ကပင် ဝတ်ပြုလာခဲ့သော ဘုရားသခင်၏ကျေးဇူးတော်ကို ငါချီးမွမ်း၏။
ထို့ကြောင့် ရွေးကောက်ခံရသောသူတို့သည် ခရစ်တော်ယေရှု၌ရှိသောကယ်တင်ခြင်းကို ထာဝရဘုန်းအသရေနှင့်တကွ ရရှိနိုင်မည့်အကြောင်း ငါသည် သူတို့အတွက် အရာရာကိုသည်းခံ၏။
ဘုရားသခင်၏အစေအပါးနှင့် ယေရှုခရစ်တော်၏တမန်တော်ဖြစ်သော ငါပေါလုသည် စာရေးလိုက်ပါ၏။ ငါသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့၏ယုံကြည်ခြင်းအတွက်လည်းကောင်း၊ ထာဝရအသက်ကိုမျှော်လင့်ခြင်းအားဖြင့် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်အညီ သမ္မာတရားကိုသိရှိစေရန်အတွက်လည်းကောင်း တမန်တော်ဖြစ်လာ၏။
ယေရှုခရစ်တော်၏တမန်တော်ငါပေတရုသည် ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှပြည်နှင့် ဗိသုနိပြည်အရပ်ရပ်တို့၌ ကွဲလွင့်ပျံ့နှံ့နေသည့်အာဂန္တုများတည်းဟူသော
နှောင့်နှေးသည်ဟု အချို့တို့ကမှတ်ယူသကဲ့သို့ ထာဝရဘုရားသည် ကတိတော်ကို နှောင့်နှေးစေတော်မူသည်မဟုတ်။ မည်သူမျှမပျက်စီးဘဲ လူတိုင်းနောင်တရစေရန် အလိုတော်ရှိ၍ သင်တို့အပေါ်စိတ်ရှည်သည်းခံလျက်နေတော်မူခြင်းသာဖြစ်၏။
ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
ထိုသူတို့က “သန့်ရှင်း၍ ဖြောင့်မှန်တော်မူသောသခင်၊ အကျွန်ုပ်တို့၏သွေးအတွက် ကမ္ဘာမြေကြီးပေါ်မှာနေထိုင်သောသူတို့ကို တရားမစီရင်၊ လက်တုံ့လည်းမပြန်ဘဲ မည်မျှကြာအောင်နေတော်မူမည်နည်း”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ကြ၏။
ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့၌နေ၍ ကိုယ်တော်၏ဗိမာန်တော်တွင် နေ့ရောညပါ ကိုယ်တော်ကိုဝတ်ပြုရကြ၏။ ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်သည်လည်း သူတို့နှင့်အတူစံမြန်းတော်မူလိမ့်မည်။