သို့ရာတွင် ငါသည် ဘုရားသခင်၏ဝိညာဉ်တော်ကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံရောက်ရှိလေပြီ။
လုကာ 17:21 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်လော့။ ဤအရပ်၌ရှိသည်၊ သို့မဟုတ် ထိုအရပ်၌ရှိသည်ဟူ၍လည်း မပြောနိုင်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိ၏”ဟု မိန့်တော်မူ၏။ Common Language Bible `ကြည့်လော့၊ နိုင်ငံတော်သည်ဤအရပ်တွင်တည် ပြီ။ ထိုအရပ်တွင်တည်ပြီဟူ၍မပြောနိုင်။ အမှန် စင်စစ်သော်ကားဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲတွင်တည်လျက်ရှိသည်'' ဟုမိန့် တော်မူ၏။ Garrad Bible ကြည့် လော့၊ ဤ တွင် ထို တွင် ရှိ သည် ဟု ဆို ရ မည် မ ဟုတ်။ ဘု ရား သ ခင့် နိုင် ငံ တော် သည် သင် တို့ ဘောင် တွင် တည် ပြီ ဟု ပြန်၍ မိန့် တော် မူ၏။ Judson Bible ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု ပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိသည်ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကြည့်လော့။ ‘ဤနေရာ၌ တည်သည်။ ထိုနေရာ၌ တည်သည်’ ဟူ၍လည်း မဆိုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့အထဲ၌ တည်လျက်ရှိသည်” ဟု မိန့်တော်မူ၏။ မြန်မာ ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု ပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိသည်ဟု မိန့်တော်မူ၏။ |
သို့ရာတွင် ငါသည် ဘုရားသခင်၏ဝိညာဉ်တော်ကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံရောက်ရှိလေပြီ။
ထိုအခါ တစ်စုံတစ်ယောက်က သင်တို့အား ‘ကြည့်လော့။ ခရစ်တော်သည် ဤအရပ်၌ရှိ၏’ သို့မဟုတ် ‘ကြည့်လော့။ ထိုအရပ်၌ရှိ၏’ဟု ဆိုလျှင်လည်း မယုံကြနှင့်။
ထိုအခါ လူတို့က သင်တို့အား ‘ကြည့်လော့။ ထိုအရပ်၌ရှိ၏၊ သို့မဟုတ် ကြည့်လော့။ ဤအရပ်၌ရှိ၏’ဟု ဆိုကြလျှင်လည်း လိုက်မသွားကြနှင့်။
ကိုယ်တော်ကလည်း“သင်တို့သည် လှည့်ဖြားခြင်းမခံရစေရန် သတိပြုကြလော့။ အကြောင်းမူကား များစွာသောသူတို့သည် ငါ့အဖြစ်အယောင်ဆောင်လျက်ရောက်လာ၍ ‘ငါသည် ထိုသူပင်ဖြစ်၏’ဟူ၍လည်းကောင်း၊ ‘အချိန်နီးကပ်လာပြီ’ဟူ၍လည်းကောင်း ဆိုကြလိမ့်မည်။ ထိုသူတို့၏နောက်သို့မလိုက်ကြနှင့်။
ယောဟန်ကလည်း “ငါသည် ရေ၌ဗတ္တိဇံပေး၏။ သင်တို့အလယ်၌ သင်တို့မသိသောအရှင်တစ်ပါးရပ်လျက်ရှိ၏။
ယေရှုက“ငါ့နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ့နိုင်ငံသည် ဤလောကနှင့်စပ်ဆိုင်ခဲ့လျှင် ငါသည် ဂျူးလူမျိုးတို့လက်သို့ အပ်နှံခြင်းမခံရရန် ငါ့လူတို့သည် တိုက်ခိုက်ခဲ့ကြပေလိမ့်မည်။ သို့သော် ယခုတွင် ငါ့နိုင်ငံသည် ဤနေရာမှဖြစ်တည်သည်မဟုတ်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် စားခြင်း၊ သောက်ခြင်းမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ခံစားရသော ငြိမ်သက်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဝမ်းမြောက်ခြင်းဖြစ်၏။
ဤလျှို့ဝှက်နက်နဲသောအရာသည် လူမျိုးခြားတို့တွင် ဘုန်းအသရေနှင့်မည်မျှကြွယ်ဝသည်ကို သန့်ရှင်းသူတို့အားသိစေရန် ဘုရားသခင်အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာမှာ ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်းဖြစ်သည့် သင်တို့ထဲ၌ရှိတော်မူသောခရစ်တော်ဖြစ်၏။