သူဌေးကလည်း ‘အဖ၊ သို့ဖြစ်လျှင် လာဇရုကို အကျွန်ုပ်အဖေ၏အိမ်သို့ စေလွှတ်ပေးပါရန် အကျွန်ုပ်တောင်းပန်ပါ၏။
လုကာ 16:28 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား အကျွန်ုပ်၌ ညီအစ်ကိုငါးဦးရှိပါ၏။ သူတို့သည် ဝေဒနာခံရာ ဤအရပ်သို့ မရောက်မည့်အကြောင်း သူတို့အား သွား၍သတိပေးစေလိုပါ၏’ဟု လျှောက်လေ၏။ Common Language Bible အကျွန်ုပ်မှာညီငါးယောက်ရှိပါ၏။ သူတို့သည် လည်း ဤဝေဒနာခံရာအရပ်သို့မရောက် ကြစေခြင်းငှာ သူတို့အားသတိပေးရန် လာဇရုကိုစေလွှတ်တော်မူပါ' ဟုလျှောက်၏။- Judson Bible အကျွန်ုပ်၌ ညီငါးယောက်ရှိပါသည် ဖြစ်၍၊ သူတို့သည် ဤပြင်းပြစွာ ခံရာအရပ်သို့ မရောက်မည်အကြောင်း၊ သူတို့အား သက်သေခံစေခြင်းငှာ၊ လာဇရုကို အကျွန်ုပ်အဘ၏အိမ်သို့ စေလွှတ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ပြောဆိုလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တွင် ညီငါးယောက်ရှိ၏။ ဤပြင်းထန်သောဝေဒနာခံစားရသည့်နေရာသို့ သူတို့ရောက်မလာစေရန် လာဇရုကို သူတို့ထံသို့ သွား၍ သတိပေးစေလိုပါသည်’ ဟု တောင်းပန်ပြောဆိုလေ၏။ မြန်မာ အကျွန်ုပ်၌ ညီငါးယောက်ရှိပါသည် ဖြစ်၍၊ သူတို့သည် ဤပြင်းပြစွာ ခံရာအရပ်သို့ မရောက်မည်အကြောင်း၊ သူတို့အား သက်သေခံစေခြင်းငှာ၊ လာဇရုကို အကျွန်ုပ်အဘ၏အိမ်သို့ စေလွှတ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ပြောဆိုလျှင်၊- |
သူဌေးကလည်း ‘အဖ၊ သို့ဖြစ်လျှင် လာဇရုကို အကျွန်ုပ်အဖေ၏အိမ်သို့ စေလွှတ်ပေးပါရန် အကျွန်ုပ်တောင်းပန်ပါ၏။
ထို့နောက် ကိုယ်တော်က ကိုယ်တော်သာလျှင်အသက်ရှင်သောသူနှင့်သေလွန်သောသူတို့ကိုတရားစီရင်သူအဖြစ် ဘုရားသခင်ခန့်အပ်ထားတော်မူသောအရှင်ဖြစ်ကြောင်း လူတို့အားဟောပြောရန်နှင့် သက်သေခံရန် ငါတို့အား မိန့်မှာတော်မူ၏။
သိလနှင့်တိမောသေတို့သည် မာကေဒေါနိပြည်မှ ဆင်းလာကြသောအခါ ပေါလုသည် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကိုသာ ဆောင်ရွက်လျက် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ဂျူးလူမျိုးတို့အား သက်သေခံလေ၏။
ပေတရုသည် အခြားသောစကားအမျိုးမျိုးတို့ဖြင့် သက်သေခံလျက် “ဤကောက်ကျစ်သောမျိုးဆက်ထဲမှလွတ်မြောက်ရန် ကယ်တင်ခြင်းကိုခံယူကြလော့”ဟု သူတို့အား တိုက်တွန်းနှိုးဆော်လေ၏။
ဘုရားသခင်ရှေ့တော်၌နောင်တရခြင်း၊ ငါတို့၏သခင်ယေရှုကိုယုံကြည်ခြင်းအကြောင်းတို့ကို ဂျူးလူမျိုးနှင့်ဂရိလူမျိုး နှစ်မျိုးစလုံးတို့အား သက်သေခံခဲ့၏။
သို့သော် အချုပ်အနှောင်နှင့် ဆင်းရဲဒုက္ခများသည် ငါ့ကိုစောင့်နေကြောင်း သန့်ရှင်းသောဝိညာဉ်တော်က မြို့တိုင်း၌ ငါ့အားသက်သေခံတော်မူသည်ကို ငါသိ၏။
သို့ရာတွင် ငါသည် မိမိပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေး၍ ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုသက်သေခံရန် သခင်ယေရှုထံမှ ငါရရှိသောအမှုတော်လုပ်ငန်းကို ပြီးမြောက်စေနိုင်ရန်အတွက်ဆိုလျှင် ငါ့အသက်ကိုပင် ငါပဓာနမထားပေ။
ထိုည၌ သခင်ဘုရားသည် ပေါလုထံပါး၌ပေါ်လာ၍“မစိုးရိမ်နှင့်။ အကြောင်းမူကား သင်သည် ဂျေရုဆလင်မြို့၌ ငါ့အကြောင်းကို သက်သေခံခဲ့သည့်နည်းတူ ရောမမြို့၌လည်း သက်သေခံရမည်”ဟု မိန့်တော်မူ၏။
သို့ရာတွင် အကျွန်ုပ်သည် ဘုရားသခင်၏မစခြင်းကျေးဇူးကိုခံစားရ၍ ယနေ့တိုင်အောင် ရပ်လျက် လူကြီးလူငယ်တို့အား သက်သေခံနေပါသည်။ ထိုသို့သက်သေခံရာ၌ နောင်တွင် ဖြစ်ပျက်မည်ဟု မောရှေနှင့်ပရောဖက်တို့ဟောပြောခဲ့သည့်အရာများမှတစ်ပါး အခြားမည်သည့်အရာကိုမျှ မပြောဆိုခဲ့ပါ။
ထို့နောက် သူတို့သည် ပေါလုနှင့် ရက်ကိုချိန်းချက်ပြီးမှ ပို၍များစွာသောသူတို့နှင့်တကွ သူတည်းခိုရာအရပ်သို့ ရောက်လာကြ၏။ ပေါလုသည် နံနက်စောစောအချိန်မှစ၍ ညနေအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံကာ မောရှေ၏ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုကိုးကား၍ ယေရှုအကြောင်းကို သူတို့အားပြောပြစည်းရုံးလေ၏။
ပေတရုနှင့်ယောဟန်တို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားကို သက်သေခံ၍ဟောပြောကြပြီးနောက် ဂျေရုဆလင်မြို့သို့ပြန်သွားရင်း ရှမာရိနယ်သားတို့၏ကျေးရွာများစွာတို့၌ ကောင်းမြတ်သောသတင်းကိုဟောပြောကြ၏။
အရေဖျားလှီးခြင်းကိုခံသောသူတိုင်းအား တစ်ဖန် ငါသတိပေးသည်ကား ထိုသူသည် ပညတ်တရားအလုံးစုံကို ကျင့်သုံးရမည့်တာဝန်ရှိ၏။
ထို့ကြောင့် လူမျိုးခြားတို့သည် သူတို့၏အနှစ်သာရကင်းမဲ့သောစိတ်အားဖြင့် အသက်ရှင်လျှောက်လှမ်းသကဲ့သို့ သင်တို့သည် နောက်ထပ် အသက်ရှင်လျှောက်လှမ်းခြင်းမရှိကြရန် သခင်ဘုရား၌ ငါသတိပေးလို၏။
သင်တို့သိကြသည့်အတိုင်း ဖခင်သည် မိမိသားသမီးများအပေါ်ပြုသကဲ့သို့ ငါတို့သည် သင်တို့အပေါ်ပြုမူလျက်
ထိုအမှုအရာမျိုး၌ မိမိညီအစ်ကိုအပေါ်စည်းဖောက်၍ အခွင့်ကောင်းမယူကြရန်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် သင်တို့ကို သတိပေး၍ ကြိုတင်ပြောထားခဲ့သည့်အတိုင်း သခင်ဘုရားသည် ဤအမှုအရာအားလုံးအတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။