မော်ဒကဲသည် အပြာရောင်နှင့်အဖြူရောင်ချည်ချောထည် မင်းအဝတ်တန်ဆာဝတ်ဆင်၍ ရွှေသရဖူကြီးကိုဆောင်းလျက်၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုခြုံလျက် ဘုရင့်ထံမှထွက်လာသောအခါ ရှုရှန်နန်းတော်တစ်ခုလုံး ဝမ်းမြောက်စွာ ကြွေးကြော်ကြလေ၏။
လုကာ 16:19 - မြန်မာ့စံမီသမ္မာကျမ်း တစ်ခါက ခရမ်းရောင်ဝတ်ရုံနှင့် ပိတ်ချောထည်များကိုဝတ်ဆင်ကာ နေ့စဉ် စည်းစိမ်ခံစားလျက် ပျော်မွေ့နေသည့် သူဌေးတစ်ဦးရှိ၏။ Common Language Bible ``အခါတစ်ပါး၌သူဌေးတစ်ဦးရှိ၏။ သူသည် နေ့စဉ်ကမ္ဗလာနီနှင့်ပိတ်ချောထည်များကို ဝတ်ဆင်လျက်စည်းစိမ်ခံစားလျက်နေ၏။- Garrad Bible သူ ဌေး တစ် ဦး သည် က မ္ပ လာ နီ နှင့် ပိတ် ချော ကို ဝတ် ဆင် လျက် နေ့ စဉ် ပျော် မွေ့ စွာ နေ ထိုင် ရာ အ နာ များ စွာ ပေါက် သော၊ Judson Bible တစ်ဖန်တုံ၊ သူဌေးတစ်ယောက်သည် နီမောင်းသော ကမ္ဗလာနှင့်ပိတ်ချောကို ဝတ်ဆင်၍၊ ကာမဂုဏ်စည်းစိမ်၌ နေ့တိုင်း ပျော်မွေ့လျက်နေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ခါက သူဌေးတစ်ဦးရှိ၏။ သူသည် အဖိုးတန် ခရမ်းရောင်ပိတ်ချောအဝတ်ကို ဝတ်ဆင်ကာ စည်းစိမ်ခံစား၍ နေ့တိုင်း ပျော်ပါးလျက်နေ၏။ မြန်မာ တစ်ဖန်တုံ၊ သူဌေးတစ်ယောက်သည် နီမောင်းသော ကမ္ဗလာနှင့်ပိတ်ချောကို ဝတ်ဆင်၍၊ ကာမဂုဏ်စည်းစိမ်၌ နေ့တိုင်း ပျော်မွေ့လျက်နေ၏။- |
မော်ဒကဲသည် အပြာရောင်နှင့်အဖြူရောင်ချည်ချောထည် မင်းအဝတ်တန်ဆာဝတ်ဆင်၍ ရွှေသရဖူကြီးကိုဆောင်းလျက်၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုခြုံလျက် ဘုရင့်ထံမှထွက်လာသောအခါ ရှုရှန်နန်းတော်တစ်ခုလုံး ဝမ်းမြောက်စွာ ကြွေးကြော်ကြလေ၏။
ပညာရှိသောသူတို့၏သရဖူသည် သူတို့၏ဓနဥစ္စာဖြစ်၏။ မိုက်မဲသောသူတို့၏မိုက်မဲခြင်းမူကား မိုက်မဲမှုဖြစ်၏။
သူသည် မိမိအတွက် အိပ်ရာခင်းများကိုပြုလုပ်၍ သူ၏အဝတ်တန်ဆာသည် ဗီသွာချည်ထည်နှင့် ခရမ်းရောင်အထည်ဖြစ်၏။
ဤသို့ဖြင့် သင်သည် ရွှေငွေကို ဆင်ယင်ရ၏။ ပိတ်ချောထည်၊ ပိုးထည်၊ ဇာပန်းထိုးထည်တို့ကို ဝတ်ဆင်ရ၏။ အကောင်းဆုံးဂျုံမှုန့်၊ ပျားရည်၊ သံလွင်ဆီတို့ကိုစားသုံးရ၏။ သင်သည် လှသွေးကြွယ်ပြီး ဘုရင်မတစ်ဆူသဖွယ် ဖြစ်လာ၏။
ကြည့်လော့။ ဤသည်မှာ သင့်ညီမသောဒုံ၏အပြစ်ဖြစ်၏။ သူနှင့်သူ့သမီးတို့သည် မာနကြီး၏။ စားစရာအလျှံအပယ်ရှိ၏။ အပူအပင်ကင်းလျက် စိတ်အေးလက်အေး နေထိုင်ရ၏။ သို့သော် ဆင်းရဲနွမ်းပါးသူတို့ကို ထောက်ပံ့ကူညီခြင်းမရှိ။
အချက်ပြအလံသဖွယ်ရွက်ထည်ကို အီဂျစ်ပြည်မှလာသောရောင်စုံချည်ဖြင့် ပုံဖော်ထားသော ပိတ်ချောထည်ဖြင့် လုပ်ထား၏။ ကုန်းပတ်အကာကို ဧလိရှာကျွန်းမှလာသော အပြာရောင်၊ ခရမ်းရောင်အကောင်းစားချည်ထည်တို့နှင့် လုပ်ထား၏။
ထို့နောက် ကိုယ်တော်အား ခရမ်းရောင်ဝတ်လုံကိုဝတ်စေလျက် ဆူးပင်ကို သရဖူအဖြစ်ရစ်ခွေ၍ဆောင်းစေပြီးလျှင်
ထိုသို့ ကိုယ်တော်ကိုပြောင်လှောင်ကြပြီးနောက် ခရမ်းရောင်ဝတ်လုံကိုချွတ်၍ ကိုယ်တော်၏အဝတ်ကိုပြန်ဝတ်စေပြီးလျှင် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် ခေါ်ထုတ်သွားကြ၏။
ထို့နောက် ရက်များမကြာမီ သားငယ်သည် မိမိ၌ရှိသမျှတို့ကိုစုစည်းပြီးလျှင် ဝေးလံသောတိုင်းပြည်သို့ခရီးထွက်၍ ထိုအရပ်၌ အထိန်းအကွပ်မရှိအသက်ရှင်လျက် မိမိ၏အမွေပစ္စည်းများကို ဖြုန်းတီးလေ၏။
ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား မြွက်ဆိုတော်မူသည်မှာ“သူဌေးတစ်ဦးတွင် ဘဏ္ဍာစိုးတစ်ယောက်ရှိ၏။ ထိုဘဏ္ဍာစိုးသည် သူဌေး၏ဥစ္စာပစ္စည်းများကိုဖြုန်းတီးနေကြောင်း တိုင်ကြားသူရှိသဖြင့်
မိမိမယားကိုကွာရှင်း၍ အခြားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူတိုင်းသည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။ ခင်ပွန်းကကွာရှင်းထားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။
သူ၏အိမ်တံခါးဝ၌ကား တစ်ကိုယ်လုံးအနာစိမ်းပေါက်နေသော လာဇရုအမည်ရှိဆင်းရဲသားတစ်ယောက် လဲလျောင်းနေ၏။
ထိုမိန်းမသည် ခရမ်းရောင်နှင့် နီမြန်းသောအရောင်တို့ကို ဝတ်ဆင်ထားလျက် ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ဖြင့် တန်ဆာဆင်ထားကာ သူ၏လက်၌ ရွံရှာဖွယ်ရာများနှင့် မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်း၏ညစ်ညူးသောအရာများဖြင့်ပြည့်နေသော ရွှေခွက်ကို ကိုင်ထား၏။
‘ပိတ်ချော၊ ခရမ်းရောင်နှင့် နီမြန်းသောအဝတ်တို့ကို ဝတ်ဆင်ထားလျက် ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ဖြင့် တန်ဆာဆင်ထားသောမြို့ကြီး၊ သင်သည် စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား။
သူသည် မိမိကိုယ်ကိုချီးမြှောက်၍ စည်းစိမ်ခံစားခဲ့သည်နှင့်အမျှ သူ့အား ညှဉ်းဆဲခြင်းနှင့်ဝမ်းနည်းကြေကွဲခြင်းတို့ကို ပေးကြလော့။ အဘယ်ကြောင့်ဆိုသော် သူက ‘ငါသည် မိဖုရားဖြစ်၏။ မုဆိုးမ မဟုတ်။ ဝမ်းနည်းကြေကွဲခြင်းကိုလည်း မည်သည့်အခါမျှ ကြုံတွေ့ရလိမ့်မည်မဟုတ်’ဟု မိမိစိတ်ထဲ၌ဆိုသောကြောင့်ဖြစ်၏။
ဂိဒေါင်ရရှိသောရွှေနားကွင်း၏အလေးချိန်မှာ ရွှေတစ်ထောင့်ခုနစ်ရာရှယ်ကယ် ဖြစ်၏။ ထို့ပြင် မိဒျန်ဘုရင်တို့ထံမှ လခြမ်းသဏ္ဌာန်တန်ဆာ၊ ဆွဲသီး၊ ခရမ်းရောင်အဝတ်တို့မှစ၍ သူတို့ကုလားအုတ်၏လည်ပင်း၌ဆွဲထားသော လည်ပတ်ကြိုးများလည်း ရသေး၏။