တစ်ခါက ဇာခရိသည် မိမိ၏အဖွဲ့ အလှည့်ကျသဖြင့် ဘုရားသခင်ရှေ့တော်၌ယဇ်ပုရောဟိတ်အမှုကိုဆောင်ရွက်နေစဉ်
တစ်နေ့သ၌ဇာခရိသည်မိမိ၏အဖွဲ့တာဝန် အလှည့်ကျသဖြင့် ဗိမာန်တော်တွင်ယဇ်ပုရော ဟိတ်ဝတ္တရားကိုဆောင်ရွက်စဉ်၊-
ဇာ ခ ရိ သည် အ လှည့် ကျ အ တိုင်း၊ ဘု ရား သ ခင့် ရှေ့ တော် တွင်၊ ပ ရော ဟိတ် အ မှု ကို ဆောင် ရွက် စဉ်။
ဇာခရိသည် မိမိအသင်းနှင့် တကွ အလှည့်သင့်၍၊ ဘုရားသခင့်ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင်၊-
တစ်နေ့တွင် ဇာခရိသည် သူ၏အဖွဲ့ အလှည့်ကျသဖြင့် ဘုရားသခင်ရှေ့တော်၌ ယဇ်ပုရောဟိတ်ဝတ္တရားကို ဆောင်ရွက်နေစဉ်
ဤသူတို့သည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူခဲ့သည့်အတိုင်း၊ ဘိုးဘေးအာရုန်အားဖြင့် မိန့်မှာထားခဲ့သောစီရင်ထုံးဖွဲ့ချက်အတိုင်း ထာဝရဘုရား၏အိမ်တော်တွင် ဝင်ရောက်အမှုတော်ထမ်းဆောင်ရန် ခန့်ထားခြင်းခံရသူများ ဖြစ်ကြ၏။
နာဒပ်နှင့်အဘိဟုသည် ဖခင်မကွယ်လွန်မီ ဦးစွာကွယ်လွန်သွားကြ၏။ သူတို့၌ သားမထွန်းကားခဲ့။ ထို့ကြောင့် ဧလာဇာနှင့် ဣသမာတို့သည် ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ကြရ၏။
ယေရောဗောင်မင်းကြီးနှင့် သူ၏သားတို့သည် လေဝိအမျိုးတို့ကို ထာဝရဘုရားအမှုတော်ဆောင်သောယဇ်ပုရောဟိတ်အဖြစ်မှ ရပ်စဲသွားစေသောကြောင့် လေဝိအမျိုးတို့သည် မိမိတို့စားကျက်မြေများအပါအဝင် ပိုင်ဆိုင်ရာများကိုစွန့်ပြီး ယုဒပြည်၊ ဂျေရုဆလင်မြို့သို့ လာကြ၏။
မြို့ပြတစ်မြို့စီနှင့် ဝန်းကျင်ရှိစားကျက်မြေများတွင် နေထိုင်ကြသော အာရုန်သားမြေးယဇ်ပုရောဟိတ်များထဲမှ နာမည်နှင့်တကွ ခွဲခန့်ထားသော ယောက်ျားတို့သည် ယဇ်ပုရောဟိတ်အမျိုးယောက်ျားသားအားလုံးနှင့် လေဝိအမျိုးစာရင်းဝင်သူအားလုံးတို့ကို ဝေစုခွဲဝေပေးရ၏။
ထို့နောက် ဟေဇကိမင်းကြီးသည် ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးတို့ကို အဖွဲ့လိုက်တာဝန်ခွဲပေး၏။ ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးတို့သည် မိမိတို့ထမ်းဆောင်ရမည့်တာဝန်များကို အဖွဲ့လိုက်အလှည့်ကျထမ်းဆောင်ကြရ၏။ သူတို့သည် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကို ပူဇော်ရ၏။ ထာဝရဘုရားစံတော်မူရာဌာနတော်၏တံခါးများ၌ရပ်၍ အမှုတော်ထမ်းဆောင်လျက် ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဂုဏ်တော်ချီးမွမ်းသီဆိုခြင်းကို ပြုရ၏။
ခမည်းတော်ဒါဝိဒ်မင်းကြီး စီမံထားခဲ့သည့်အတိုင်း ယဇ်ပုရောဟိတ်တို့ကို အလှည့်ကျ တာဝန်ခွဲဝေပေး၏။ လေဝိအမျိုးသားတို့ကိုလည်း နေ့စဉ် ယဇ်ပုရောဟိတ်တို့ရှေ့တွင် အမှုတော်ထမ်းဆောင်ရမည့်တာဝန်နှင့် ကျေးဇူးတော်ချီးမွမ်းရမည့်တာဝန်ကို ခွဲဝေပေး၏။ တံခါးတိုင်းတွင် အလှည့်ကျတံခါးစောင့်များကိုလည်း ခန့်အပ်ထား၏။ ဤသည်မှာ ဘုရားသခင်၏လူ ဒါဝိဒ်မင်းကြီး၏အမိန့်တော်ဖြစ်၏။
ထို့နောက် မောရှေ၏ပညတ်တရားကျမ်း၌ရေးထားသည့်အတိုင်း ဂျေရုဆလင်မြို့တွင် ဘုရားသခင်၏အမှုတော်ကိုထမ်းဆောင်ရန် ယဇ်ပုရောဟိတ်အုပ်စု၊ လေဝိအုပ်စုတို့ကို ခန့်ထားလေ၏။
ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် အစ္စရေးအမျိုးသားတို့ထဲမှ သင့်အစ်ကိုအာရုန်နှင့်သူ့သားများဖြစ်သော နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ကို သင့်ထံသို့လာစေလော့။
၎င်းတို့ကို သင်၏အစ်ကိုအာရုန်နှင့် သူ၏သားများအား ဝတ်ဆင်စေရမည်။ သူတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် သူတို့ကို ဘိသိက်ပေးရမည်။ သူတို့ကိုခန့်အပ်ရမည်။ သူတို့ကိုသန့်ရှင်းစေရမည်။
အာရုန်နှင့်သူ၏သားတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရာတွင် သူတို့သန့်ရှင်းရန် သင်ပြုရမည့်အရာကား ဤသို့တည်း။ နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်နှင့် အပြစ်အနာအဆာကင်းသောသိုးထီးနှစ်ကောင်ကို ယူလော့။
တွေ့ဆုံစည်းဝေးရာတဲတော်နှင့်ယဇ်ပလ္လင်ကို ငါသန့်ရှင်းစေမည်။ ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် အာရုန်နှင့်သူ့သားတို့ကိုလည်း ငါသန့်ရှင်းစေမည်။
အာရုန်နှင့်သူ၏သားတို့အား ခါးစည်းကိုစည်းပေးပြီးလျှင် ခေါင်းပေါင်းပေါင်းပေးရမည်။ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်နှင့်အညီ ယဇ်ပုရောဟိတ်အရိုက်အရာကို သူတို့ရရှိမည်။ ဤသို့ဖြင့် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်ထားရမည်။
အာရုန်နှင့်သူ၏သားတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် သင်သည် သူတို့ကို ဘိသိက်ပေး၍ သန့်ရှင်းစေရမည်။
သင်နှင့်သင်၏သားတို့ကား ယဇ်ပုရောဟိတ်အရိုက်အရာကို စောင့်ထိန်းရမည်။ ယဇ်ပလ္လင်နှင့် ကန့်လန့်ကာအတွင်းရှိ အလုပ်ဟူသမျှကို လုပ်ဆောင်ရမည်။ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ခြင်းကို သင်တို့အား လက်ဆောင်အဖြစ် ငါပေး၏။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်”ဟု မိန့်တော်မူ၏။
ယုဒနယ်ကိုအုပ်ချုပ်သော ဟေရုဒ်မင်းကြီးလက်ထက်တွင် ဇာခရိအမည်ရှိသော အဘိယအဖွဲ့ဝင်ယဇ်ပုရောဟိတ်တစ်ပါးရှိ၏။ သူ၏ဇနီးသည် အာရုန်၏အမျိုးမှဆင်းသက်သူဖြစ်ပြီး သူ၏အမည်မှာ အဲလစ်ဇဘက်ဖြစ်၏။
သို့သော် အဲလစ်ဇဘက်သည် အမြုံဖြစ်၍ သူတို့၌သားသမီးမရှိ။ သူတို့နှစ်ဦးစလုံးသည်လည်း အသက်ကြီးရင့်နေကြပြီဖြစ်၏။