၁ ရာချုပ် 24:19 - မြန်မာ့စံမီသမ္မာကျမ်း19 ဤသူတို့သည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူခဲ့သည့်အတိုင်း၊ ဘိုးဘေးအာရုန်အားဖြင့် မိန့်မှာထားခဲ့သောစီရင်ထုံးဖွဲ့ချက်အတိုင်း ထာဝရဘုရား၏အိမ်တော်တွင် ဝင်ရောက်အမှုတော်ထမ်းဆောင်ရန် ခန့်ထားခြင်းခံရသူများ ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible19 ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်အရ ဘိုးဘေး အာရုန်စီရင်သတ်မှတ်ထားသည့်အတိုင်းဗိမာန် တော်သို့သွားရောက်၍ မိမိတို့အပ်နှင်းခံရသည့် တာဝန်ဝတ္တရားများကိုထမ်းဆောင်ကြရန် ဤ သူတို့၏နာမည်များကိုမှတ်ပုံတင်၍ထား လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible19 ထို သူ တို့ သည် ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် အ ရ အ ဘ အာ ရုန် စီ မံ ခဲ့ သည့် အ တိုင်း ဗိမာန် တော် မှု ကို ဆောင် ရွက် ရန် ထို သို့ ပင် အ လှည့် ကျ ဝင် ရ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible19 ထိုသို့ သူတို့အဘအာရုန်အား ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ၍၊ အဘအာရုန်စီရင်သည်အတိုင်း သူတို့သည် ထာဝရဘုရား၏အိမ်တော်ကို ဝင်မြဲဝင်၍ အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ ခွဲခန့်ခြင်းရှိသတည်း။ အခန်းကိုကြည့်ပါ။ |