ငါနှင့်သင်တို့ကြား၌လည်းကောင်း၊ နောင်လာမည့်သင်၏သားစဉ်မြေးဆက်ကြား၌လည်းကောင်း သင်တို့စောင့်ထိန်းရမည့် ငါ၏ပဋိညာဉ်ကား ဤသို့တည်း။ သင်တို့တွင်ရှိသောယောက်ျားတိုင်း အရေဖျားလှီးခြင်းကိုခံရမည်။
လုကာ 1:13 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်တမန်က “ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်၏ဆုတောင်းသံကို ဘုရားသခင်နားညောင်းတော်မူပြီ။ သင်၏ဇနီးအဲလစ်ဇဘက်သည် သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ယောဟန်ဟုမှည့်ခေါ်ရမည်။ Common Language Bible သို့ရာတွင်ကောင်းကင်တမန်က ``ဇာခရိ၊ မကြောက်နှင့်။ ဘုရားသခင်သည်သင်တောင်း လျှောက်သည့်ပတ္ထနာကိုနားညောင်းတော်မူပြီ။ သင်၏ဇနီးဧလိရှဗက်သည်သားရတနာ ကိုဖွားမြင်လိမ့်မည်။ ထိုသားကိုယောဟန်ဟု နာမည်မှည့်ရမည်။- Garrad Bible စေ တ မန် တော် က၊ အို ဇာ ခ ရိ၊ မ ကြောက် နှင့်။ သင့် အ သ နား တော် ခံ ချက် ကို နား ညောင်း တော် မူ ပြီ။ မ ယား ဧ လိ ရှ ဗက် သည် သား ယောက်ျား ဖွား မြင် လိမ့် မည်။ ထို သား ကို ယော ဟန် ဟု အ မည် မှည့် လော့။ Judson Bible ကောင်းကင်တမန်ကလည်း၊ ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်ပြုသောပတ္ထနာကို နားခံတော်မူပြီ။ သင်၏ခင်ပွန်းဧလိရှဗက်သည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရမည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကောင်းကင်တမန်က “ဇာခရိ… မကြောက်နှင့်။ ဘုရားသခင်သည် သင်၏ဆုတောင်းသံကို နားဆင်တော်မူပြီ။ သင်၏ဇနီးဧလိရှဗက်သည် သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ယောဟန်ဟု မှည့်ရမည်။ မြန်မာ ကောင်းကင်တမန်ကလည်း၊ ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်ပြုသောပတ္ထနာကို နားခံတော်မူပြီ။ သင်၏ခင်ပွန်းဧလိရှဗက်သည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရမည်။- |
ငါနှင့်သင်တို့ကြား၌လည်းကောင်း၊ နောင်လာမည့်သင်၏သားစဉ်မြေးဆက်ကြား၌လည်းကောင်း သင်တို့စောင့်ထိန်းရမည့် ငါ၏ပဋိညာဉ်ကား ဤသို့တည်း။ သင်တို့တွင်ရှိသောယောက်ျားတိုင်း အရေဖျားလှီးခြင်းကိုခံရမည်။
ဘုရားသခင်ကလည်း “မှန်ပေ၏။ သို့သော် သင်၏မယားစာရာသည် သင့်အတွက် သားကိုမွေးဖွားလိမ့်မည်။ သင်သည် သူ၏အမည်ကို ဣဇက်ဟု မှည့်ခေါ်ရမည်။ ငါသည် ငါ၏ပဋိညာဉ်ကို သူ၌တည်စေ၍ နောင်လာမည့် သူ၏သားစဉ်မြေးဆက်တို့အတွက် ထာဝရပဋိညာဉ်ဖြစ်စေမည်။
ထာဝရဘုရားအတွက် ခက်ခဲလွန်းသောအမှုတစ်စုံတစ်ခုရှိသလော။ သတ်မှတ်ထားသောအချိန်တည်းဟူသော နောင်နှစ် ဤသို့သောအချိန်အခါ၌ ငါသည် သင့်ထံသို့ ပြန်လာမည်။ စာရာသည်လည်း သားတစ်ဦးကို ရရှိလိမ့်မည်”ဟု မိန့်တော်မူ၏။
ဣဇက်သည် မိမိမယားမြုံသောကြောင့် သူ့အတွက် ထာဝရဘုရားထံဆုတောင်း၏။ ထာဝရဘုရားသည် သူ၏ဆုတောင်းသံကိုနားညောင်းတော်မူ၍ သူ၏မယားရေဗက္ကာသည် ကိုယ်ဝန်ဆောင်လေ၏။
ကိုယ်တော်သည် မြုံသောမိန်းမအား မိသားစုကိုပေး၍ သားသမီးရှိသဖြင့် ဝမ်းမြောက်သောမိခင်ဖြစ်စေတော်မူ၏။ ဟာလေလုယ။
ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူ၍ အကျွန်ုပ်ကိုကယ်တင်သောအရှင် ဖြစ်တော်မူသောကြောင့် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။
ထို့နောက် ငါသည် ပရောဖက်ကတော်ကိုချဉ်းကပ်သဖြင့် သူသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကိုမွေးဖွားလေ၏။ ထာဝရဘုရားက ငါ့အား “ထိုသား၏အမည်ကို ‘မဟေရရှာလလဟာရှဗတ်’ဟု မှည့်ခေါ်လော့။
တစ်ဖန် သူက “ဒံယေလ၊ မကြောက်နှင့်။ သင်သည် ဘုရားသခင်၏ရှေ့တော်တွင် ကိုယ်ကိုနှိမ့်ချ၍ နားလည်လိုသောဆန္ဒရှိသည့်ပထမဆုံးနေ့မှစ၍ သင့်စကားကို ဘုရားသခင်ကြားတော်မူပြီ။ သင့်စကားကြောင့် ငါရောက်လာရခြင်းဖြစ်၏။
ထာဝရဘုရားက ဟောရှေအား “ဤသားအမည်ကို ယေဇရေလဟု မှည့်ခေါ်လော့။ အကြောင်းမှာ ယေဟုအမျိုးအနွယ်သည် ယေဇရေလအရပ်တွင် လူသတ်ခဲ့သောကြောင့် သူ့ကိုငါဆုံးမမည်။ အစ္စရေးအမျိုးအနွယ်၏မင်းဆက်ကို အဆုံးသတ်စေမည်။
တစ်ဖန် ဂေါမာသည်ကိုယ်ဝန်ဆောင်၍ သမီးကိုမွေးဖွား၏။ ထိုအခါ ထာဝရဘုရားက ဟောရှေအား “ဤသမီးအမည်ကို လောရုဟာမာဟု မှည့်ခေါ်လော့။ အကြောင်းမှာ ငါသည် အစ္စရေးအမျိုးအနွယ်ကို သနားစုံမက်တော့မည်မဟုတ်။ လုံးဝခွင့်လွှတ်တော့မည်မဟုတ်။
သူသည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိ၏လူမျိုးတော်ကို သူတို့၏အပြစ်များမှ ကယ်တင်မည်ဖြစ်သောကြောင့် သူ၏အမည်ကို ယေရှုဟူ၍မှည့်ခေါ်ရမည်”ဟု မြွက်ဆိုလေ၏။
သို့သော် ယေရှုက“မစိုးရိမ်ကြနှင့်။ ငါပင်ဖြစ်၏။ မကြောက်ကြနှင့်”ဟု သူတို့အား ချက်ချင်းမိန့်တော်မူ၏။
ထိုအခါ ကောင်းကင်တမန်က အမျိုးသမီးတို့အား “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသောယေရှုကို ရှာနေကြသည်ကို ငါသိ၏။
သို့သော် ထိုသူက “ထိတ်လန့်အံ့ဩခြင်းမရှိကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော နာဇရက်မြို့သားယေရှုကိုရှာကြ၏။ ကိုယ်တော်သည်ထမြောက်တော်မူပြီ။ ဤနေရာ၌မရှိ။ အလောင်းတော်သွင်းထားသည့်နေရာကိုကြည့်ကြလော့။
သူသည် သင့်အတွက် ဝမ်းမြောက်စရာ၊ ရွှင်မြူးစရာဖြစ်မည်။ လူများစွာတို့သည်လည်း သူ၏ဖွားမြင်ခြင်းအတွက် ဝမ်းမြောက်ကြလိမ့်မည်။
ကောင်းကင်တမန်ကလည်း “မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ အကြောင်းမူကား သင်သည် ဘုရားသခင်ထံမှ ကျေးဇူးတော်ကိုခံစားရလေပြီ။
ရှစ်ရက်ပြည့်၍ သူငယ်အား အရေဖျားလှီးခြင်းပေးသောအခါ ဝမ်း၌သန္ဓေမတည်မီ ကောင်းကင်တမန်မှည့်ခေါ်ထားသည့်အတိုင်း သူ့ကို ယေရှုအမည်ဖြင့်မှည့်ခေါ်ကြ၏။
‘ကော်နေလိ၊ သင်၏ဆုတောင်းသံကို ဘုရားသခင်နားညောင်းတော်မူ၍ သင်၏ပေးကမ်းစွန့်ကြဲခြင်းတို့သည်လည်း ဘုရားသခင်ရှေ့တော်၌ အောက်မေ့စရာဖြစ်လေပြီ။
ထာဝရဘုရားကလည်း သူ့အား “စိတ်အေးအေးထားပါ။ မကြောက်နှင့်။ သင်မသေရ”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် ဟန္နကို ကြည့်ရှုထောက်မတော်မူသဖြင့် သူသည် ကိုယ်ဝန်ဆောင်၍ သားသုံးယောက်၊ သမီးနှစ်ယောက်ကို ထပ်မံမွေးဖွားလေ၏။ သူငယ်ရှမွေလသည်လည်း ထာဝရဘုရားရှေ့တော်တွင် ကြီးပြင်းလာလေ၏။