မိမိတိရစ္ဆာန်ကိုသတ်လေပြီ။ စပျစ်ဝိုင်ကိုရောစပ်၍ စားပွဲကိုတည်ခင်းလေပြီ။
ရှောလမုန်သီချင်း။ 8:2 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်အား သွန်သင်လမ်းပြပေးခဲ့သော အကျွန်ုပ်၏မိခင်အိမ်သို့ အရှင့်ကို ဦးဆောင်ခေါ်သွားပါမည်။ အရှင့်ကို ရနံ့သင်းသောဝိုင်ဖြစ်သည့် သလဲသီးဝိုင်အသစ်ကို တိုက်ပါမည်။ Common Language Bible သခင်၏ လက်ဝဲလက်သည် ငါ့ခေါင်းကိုထောက် မလျက်၊ လက်ျာလက်သည် ငါ့ကိုဘက်လျက် နေတော် မူပါစေ။ Garrad Bible ကျွန် မ သည် အ ရှင် ကို လမ်း ပြ၍၊ ကျွန် မ ကို သွန် သင် စေ ရန်၊ မိ ခင့် တိုက် ခန်း သို့ ခေါ် သွင်း ပြီး လျှင်၊ အ နံ့ ဆေး ကူ သော စ ပျစ် ရည် နှင့် သ လဲ ရည် ကို ကျွန် မ တိုက် ပါ မည်။ Judson Bible ကိုယ်တော်ကို လက်ဆွဲ၍၊ မိခင်၏အိပ်ခန်းထဲသို့ ဆောင်သွားပါလိမ့်မည်။ သူသည်လည်း ကျွန်မကို သွန်သင်သဖြင့်၊ ကျွန်မသည် ဆေးရောသော စပျစ်ရည်နှင့် ကျွန်မသလဲရည်ကို ကိုယ်တော်အား သောက်တော်မူပါစေမည်။ |
မိမိတိရစ္ဆာန်ကိုသတ်လေပြီ။ စပျစ်ဝိုင်ကိုရောစပ်၍ စားပွဲကိုတည်ခင်းလေပြီ။
ကင်းစောင့်တို့ကို အနည်းငယ်ကျော်လွန်သွားသောအခါ အကျွန်ုပ်ချစ်မြတ်နိုးသောအရှင်ကို တွေ့ရပါ၏။ အကျွန်ုပ်ကိုမွေးဖွားသောအမေ့အိမ်အတွင်းခန်းထဲသို့ သူ့ကို အကျွန်ုပ်ခေါ်ဆောင်လာပါ၏။ မရောက်မချင်း သူ့ကို မလွတ်တမ်းဆုပ်ကိုင်ထားပါ၏။
အို ငါ့နှမ၊ ငါ့သတို့သမီး၊ သင်၏ချစ်ခြင်းမေတ္တာသည် တင့်တယ်လှပါ၏။ သင်၏ချစ်ခြင်းမေတ္တာသည် စပျစ်ဝိုင်ထက်သာ၍ နှစ်သက်ဖွယ်ကောင်းပါ၏။ သင်၏နံ့သာဆီသည်လည်း အမွှေးနံ့သာတကာတို့ထက် သာ၍မွှေးပါ၏။
စောစောထ၍ စပျစ်ခြံသို့သွားကြစို့။ စပျစ်ပင်တို့ အညွန့်ထွက်မထွက်၊ အပွင့် ပွင့်မပွင့်၊ သလဲပင် ပွင့်မပွင့် သွားကြည့်ကြစို့။ ထိုနေရာတွင် အကျွန်ုပ်၏ချစ်ခြင်းမေတ္တာကို အရှင့်အား ပေးအပ်ပါမည်။
သင့်နှုတ်သည် အကောင်းစားစပျစ်ဝိုင်ဖြစ်ပါစေ။” “အကျွန်ုပ်ချစ်သူအဖို့ ထိုစပျစ်ဝိုင်သည် နှုတ်ခမ်းနှင့် သွားများမှတစ်ဆင့် ချောမွေ့စွာစီးဆင်းပါ၏။
အရှင့်ကို အကျွန်ုပ်နှင့် အမိနို့စို့ဖက်မောင်နှမ ဖြစ်စေချင်ပါ၏။ သို့ဖြစ်ပါက အရှင်နှင့် အပြင်မှာတွေ့၍ အရှင့်ကိုနမ်းလျှင်လည်း အကျွန်ုပ်ကို တစ်ပါးသူတို့ မထီမဲ့မြင်ပြုမည်မဟုတ်ပါ။
သင်တို့သည် ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရရှိမည်ဟုထင်မှတ်၍ ကျမ်းစာကိုစူးစမ်းလေ့လာနေကြ၏။ ထိုကျမ်းစာကပင် ငါ့အကြောင်းကို သက်သေခံလျက်ရှိ၏။
သို့သော် အထက်အရပ်တွင်ရှိသော ဂျေရုဆလင်မြို့သည် လွတ်လပ်သောမိန်းမဖြစ်၍ ၎င်းသည် ငါတို့၏အမိဖြစ်၏။
ခရစ်တော်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်စေသည့်ဉာဏ်ပညာကို သင့်အားပေးနိုင်သောသမ္မာကျမ်းစာနှင့် သင်သည်ငယ်ရွယ်စဉ်ကပင် ရင်းနှီးကျွမ်းဝင်ခဲ့သည်ကိုလည်းကောင်း သင်သိ၏။
ထို့ပြင် ငါတို့၌ ပို၍ခိုင်လုံသော ပရောဖက်တို့၏စကားလည်းရှိ၏။ သင်တို့၏စိတ်နှလုံးထဲ၌ အရုဏ်တက်၍ မိုးသောက်ကြယ်ပေါ်ထွက်လာသည့်တိုင်အောင် သင်တို့သည် ထိုစကားကို မှောင်သောအရပ်၌ထွန်းလင်းနေသည့်ဆီမီးသဖွယ် ကောင်းစွာအာရုံစိုက်သင့်၏။
ထိုအခါ ငါသည် ထိုကောင်းကင်တမန်ကိုရှိခိုးရန် သူ၏ခြေရင်း၌ပျပ်ဝပ်လေသော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုနှင့်ဆိုင်သည့်သက်သေခံချက်ကိုရရှိထားသော သင့်ညီအစ်ကိုတို့၏အစေအပါးချင်းဖြစ်၏။ ဘုရားသခင်ကိုရှိခိုးလော့။ အကြောင်းမူကား ယေရှုနှင့်ဆိုင်သောသက်သေခံချက်သည် ပရောဖက်ပြုဟောပြောခြင်း၏ဝိညာဉ်ဖြစ်၏”ဟု ဆို၏။