Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှောလမုန်သီချင်း။ 8:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 အရှင့်​ကို အကျွန်ုပ်​နှင့် အမိ​နို့စို့ဖက်​မောင်နှမ ဖြစ်​စေ​ချင်​ပါ​၏​။ သို့ဖြစ်ပါက အရှင်​နှင့် အပြင်​မှာ​တွေ့​၍ အရှင့်​ကို​နမ်း​လျှင်​လည်း အကျွန်ုပ်​ကို တစ်ပါးသူ​တို့ မထီမဲ့မြင်ပြု​မည်​မ​ဟုတ်​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ကိုယ်တော်ကို လက်ဆွဲ၍၊ မိခင်၏အိပ်ခန်းထဲသို့ ဆောင်သွားပါလိမ့်မည်။ သူသည်လည်း ကျွန်မကို သွန်သင်သဖြင့်၊ ကျွန်မသည်ဆေးရောသော စပျစ်ရည် နှင့် ကျွန်မသလဲရည်ကို ကိုယ်တော်အား သောက်တော် မူပါစေမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 အ ရှင် သည်၊ ကျွန် မ မိ ခင်၏ နို့ ကို သောက် စို့ သော မောင် ရင်း ကဲ့ သို့ ဖြစ် စေ လို ပါ၏။ သို့ ဖြစ် လျှင်၊ ပြင် ပ မှာ တွေ့၍ ကျွန် မ နမ်း ရှုပ် သော် လည်း၊ သူ တစ် ပါး ကဲ့ ရဲ့ မည် မ ဟုတ် ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ကိုယ်​တော်​သည် ကျွန်​မ၏ မိ​ခင်​နို့​ကို​စို့​သော မောင်​ရင်း​ကဲ့​သို့ ဖြစ်​စေ​ချင်​ပါ၏။ သို့​ဖြစ်​လျှင်၊ ကျွန်​မ​သည် ပြင်​မှာ​တွေ့၍ နမ်း​ပါ​လိမ့်​မည်။ သူ​တစ်​ပါး​မ​ကဲ့​ရဲ့​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှောလမုန်သီချင်း။ 8:1
40 ပူးပေါင်းရင်းမြစ်များ  

သား​တော်​ကို​နမ်း​ကြ​လော့​။ သို့မဟုတ်လျှင် အမျက်​တော်​ထွက်​သဖြင့် သင်​တို့​သည် လမ်း​၌​ပျက်စီး​ကြ​ရ​လိမ့်မည်​။ အကြောင်းမူကား ကိုယ်တော်​၏​အမျက်​တော်​မီး​သည် တစ်ခဏချင်း​တွင်​တောက်လောင်​လိမ့်မည်​။ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​အပေါင်း​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။


ဘုရားသခင်​နှစ်သက်​တော်မူ​သော​ယဇ်​များ​မှာ ကျိုးပဲ့​သော​စိတ်သဘော​ဖြစ်​ပါ​၏​။ အို ဘုရားသခင်​၊ ကိုယ်တော်​သည် ကျိုးပဲ့​ကြေမွ​သော​စိတ်နှလုံး​ကို မထီမဲ့မြင်ပြု​တော်မူ​မည်​မ​ဟုတ်​ပါ​။


“​အရှင်​သည် အကျွန်ုပ်​ကို နှုတ်ခမ်း​အနမ်း​ဖြင့် နမ်း​ပါစေသော​။ အရှင့်​မေတ္တာ​သည် စပျစ်ဝိုင်​ထက် ချိုမြိန်​ပါ​၏​။


ဒူးဒဲပင်​တို့ ရနံ့​မွှေးကြိုင်​လေ​ပြီ​။ အို အကျွန်ုပ်​ချစ်သူ​၊ အရှင့်​အဖို့ အရသာ​ရှိ​သော သစ်သီး​အစိမ်း​အမှည့်​အမျိုးမျိုး​ကို တံခါး​နား​တွင် အကျွန်ုပ်​သို​ထား​ပါ​ပြီ​။


အကျွန်ုပ်​အား သွန်သင်​လမ်းပြ​ပေး​ခဲ့​သော အကျွန်ုပ်​၏​မိခင်​အိမ်​သို့ အရှင့်​ကို ဦးဆောင်​ခေါ်သွား​ပါ​မည်​။ အရှင့်​ကို ရနံ့သင်း​သော​ဝိုင်​ဖြစ်​သည့် သလဲသီး​ဝိုင်အသစ်​ကို တိုက်​ပါ​မည်​။


သင့်​ကို​နှိပ်စက်​ခဲ့​သော​သူ​၏​သား​တို့​သည် သင့်​ထံသို့​လာ​၍ ဦးညွှတ်​ကြ​လိမ့်မည်​။ သင့်​ကို​မထီလေးစား​ပြု​သော​သူ​အပေါင်း​တို့​သည် သင်​၏​ခြေရင်း​၌​ပျပ်ဝပ်​ကြ​လိမ့်မည်​။ သူ​တို့​သည် သင့်​ကို​ထာဝရဘုရား​၏​မြို့​၊ အစ္စရေး​လူမျိုး​တို့​၏​သန့်ရှင်း​သော​အရှင်​၏​ဇိအုန်​မြို့​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။


ဘုရားရှင်​ကိုယ်တော်တိုင် သင်​တို့​အား နိမိတ်လက္ခဏာ​ပေး​တော်မူ​မည်​။ ကြည့်ရှု​လော့​။ အပျိုကညာ​သည် သန္ဓေတည်​၍ သား​ယောက်ျား​ကို​ဖွားမြင်​လိမ့်မည်​။ ထို​သား​၏​အမည်​ကို ဧမာနွေလ​ဟု​ခေါ်​ကြ​လိမ့်မည်​။


အကြောင်းမူကား သူငယ်​သည် ငါ​တို့​အဖို့ ဖွားမြင်​တော်မူ​ပြီ​။ ငါ​တို့​အား သား​ကို​ပေး​တော်မူ​ပြီ​။ သူ​၏​ပခုံး​ပေါ်၌ အာဏာစက်​ရှိ​လိမ့်မည်​။ နာမ​တော်​ကို အံ့ဩဖွယ်​၊ တိုင်ပင်ဖက်​၊ တန်ခိုးကြီး​သော​ဘုရားသခင်​၊ ထာဝရ​အဖ​၊ ငြိမ်သက်​ခြင်း​အရှင်​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။


‘ငါ​သည် လူမျိုး​အပေါင်း​တို့​ကို ကြောက်ရွံ့တုန်လှုပ်​စေ​မည်​။ လူမျိုး​အပေါင်း​တို့​သည် သူ​တို့​၏​အဖိုးတန်​ရတနာ​တို့​ကို ယူဆောင်​လာ​ကြ​လိမ့်မည်​။ ဤ​အိမ်​တော်​ကို​လည်း ဘုန်းအသရေ​တော်​နှင့် ငါ​ပြည့်​စေ​မည်’​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​ပြီ​။


အို ဇိအုန်​သမီးပျို​၊ အားရ​ရွှင်လန်း​လော့​။ အို ဂျေရုဆလင်​သမီးပျို​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​လော့​။ ကြည့်ရှု​လော့​။ သင်​၏​ရှင်ဘုရင်​သည် သင့်​ထံသို့ ကြွလာ​ပြီ​။ သူ​သည် ဖြောင့်မတ်​သော​အရှင်​၊ ကယ်တင်​ပိုင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ နှိမ့်ချ​သော​အရှင်​လည်း​ဖြစ်​တော်မူ​၏​။ မြည်းမ​၏​သားငယ် မြည်းကလေး​ကို​စီး​၍ ကြွလာ​တော်မူ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ကြည့်ရှု​လော့​။ ငါ​၏​စေတမန်​ကို ငါ​စေလွှတ်​မည်​။ သူ​သည် ငါ​သွား​ရ​မည့်​လမ်း​ကို ကြိုတင်​ပြင်ဆင်​လိမ့်မည်​။ သင်​တို့​ရှာဖွေ​သော​အရှင်သခင်​သည် ဗိမာန်တော်​သို့ ချက်ချင်း​ကြွလာ​လိမ့်မည်​။ ကြည့်ရှု​လော့​။ သင်​တို့​အလိုရှိ​သော​ပဋိညာဉ်​တမန်​သည်​လည်း ကြွလာ​နေ​ပြီ”​ဟု မိန့်​တော်မူ​၏​။


သင်​တို့​စကား​ကို​နားထောင်​သော​သူ​သည် ငါ့​စကား​ကို​နားထောင်​၏။ သင်​တို့​ကို​ငြင်းပယ်​သော​သူ​သည် ငါ့​ကို​ငြင်းပယ်​၏။ ငါ့​ကို​ငြင်းပယ်​သော​သူ​သည် ငါ့​အား​စေလွှတ်​တော်မူ​သော​အရှင်​ကို​ငြင်းပယ်​၏”​ဟု မိန့်​တော်မူ​၏။


သင်​တို့​အား ငါ​ဆို​သည်​ကား မည်သူမဆို လူ​တို့​ရှေ့၌ ငါ့​ကို​ဝန်ခံ​လျှင် လူ့သား​သည်​လည်း ဘုရားသခင်​၏​ကောင်းကင်တမန်​တို့​ရှေ့၌ ထို​သူ​ကို ဝန်ခံ​မည်။


မိမိကိုယ်ကို​ဖြောင့်မတ်​သည်​ဟု​ယုံမှတ်​လျက် သူတစ်ပါး​တို့​ကို မထီမဲ့မြင်​ပြု​တတ်​သော​သူ​အချို့​တို့​အား ကိုယ်တော်​သည် ဤ​ပုံ​ဥပမာ​ကို​ပေး၍​မြွက်ဆို​တော်မူ​သည်​မှာ


သူ​သည်​လည်း ထို​တစ်ချိန်တည်း​မှာပင်​ရောက်လာ​၍ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​ကာ ဂျေရုဆလင်​မြို့​ရွေးနုတ်​ကယ်တင်​ခြင်း​ခံရ​မည်​ကို စောင့်မျှော်​နေ​သော​သူ​အပေါင်း​တို့​အား ထို​သူငယ်​၏​အကြောင်း​ကို​ပြောကြား​လေ​၏။


မည်သူမဆို ငါ​နှင့်​ငါ့​တရား​စကား​အတွက်​ရှက်​လျှင် လူ့သား​သည်​လည်း မိမိ​၏​ဘုန်း​အသရေ၊ ခမည်းတော်​၏​ဘုန်း​အသရေ​နှင့် သန့်ရှင်း​သော​ကောင်းကင်တမန်​များ​၏​ဘုန်း​အသရေ​တို့​ကို​ဆောင်​လျက် ကြွလာ​သောအခါ ထို​သူ​အတွက်​ရှက်​လိမ့်မည်။


နှုတ်ကပတ်တော်​သည် လူသား​အဖြစ်​ကို​ခံယူ​၍ အကျွန်ုပ်​တို့​တွင်​စံမြန်း​တော်မူ​သဖြင့် အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို ဖူးမြင်​ရ​ကြ​၏။ ထို​ဘုန်း​တော်​ကား ခမည်းတော်​ထံပါး​၌ တစ်ပါးတည်း​သော​သား​တော်​အဖြစ်​ရှိ​သော​ဘုန်း​တော်​ဖြစ်​လျက် ကျေးဇူး​တော်​နှင့်​လည်းကောင်း၊ သမ္မာတရား​နှင့်​လည်းကောင်း ပြည့်စုံ​၏။


ယေရှု​သည် အရာ​ခပ်သိမ်း​တို့​ကို မိမိ​လက်​သို့ ခမည်းတော်​ပေးအပ်​တော်မူ​သည်​ကို​လည်းကောင်း၊ မိမိ​သည် ဘုရားသခင်​ထံမှ​ကြွလာ​ပြီး ဘုရားသခင်​ထံသို့​ပြန်​သွား​တော့မည်​ကို​လည်းကောင်း သိ​တော်မူ​သဖြင့်


ငါ​သည် ခမည်းတော်​ထံမှ ကြွလာ​၍ ဤ​လောက​သို့ ရောက်​ခဲ့​၏။ တစ်ဖန် ဤ​လောက​မှ ထွက်ခွာ​၍ ခမည်းတော်​ထံသို့ သွား​တော့​မည်”​ဟု မိန့်​တော်မူ​၏။


ကောင်းကင်​မှ​ဆင်းသက်​သော​လူ့သား​မှတစ်ပါး ကောင်းကင်​သို့​တက်​သွား​ခဲ့​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ။


ယေရှု​က“ငါ​သည် ဘုရားသခင်​ထံမှ​ကြွလာ​ပြီး ယခု​ရောက်​ရှိ​နေ​ပြီ​ဖြစ်၍ ဘုရားသခင်​သည် သင်​တို့​၏​အဖ​ဖြစ်​လျှင် သင်​တို့​သည် ငါ့​ကို​ချစ်​ခဲ့​ကြ​ပေ​လိမ့်မည်။ အကြောင်းမူကား ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက်​လာ​သည်​မ​ဟုတ်။ ဘုရားသခင်​သည် ငါ့​ကို​စေလွှတ်​တော်မူ​၏။


ထို့ပြင် အရေးပါ​သော​သူ​တို့​ကို​ပယ်ဖျက်​ရန် အရေး​မ​ပါ​သော​သူ​များ​ဖြစ်​ကြ​သည့် လောက​ရှိ အဆင့်အတန်း​နိမ့်​သော​သူ​များ​နှင့် မထီမဲ့မြင်​ပြု​ခြင်း​ခံရ​သော​သူ​များ​ကို ဘုရားသခင်​ရွေးကောက်​တော်မူ​၏။


သို့သော် အထက်​အရပ်​တွင်​ရှိ​သော ဂျေရုဆလင်​မြို့​သည် လွတ်လပ်​သော​မိန်းမ​ဖြစ်၍ ၎င်း​သည် ငါ​တို့​၏​အမိ​ဖြစ်​၏။


ငါ့​အတွက်​မူကား ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​လက်ဝါးကပ်တိုင်​၌ ဝါကြွား​ခြင်း​မှတစ်ပါး အခြား​ဝါကြွား​စရာ​မ​ရှိ။ ငါ့​အနေဖြင့် လောက​သည် ထို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​၍ လောက​အနေဖြင့်​လည်း ငါ​သည် ထို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​လေ​ပြီ။


အကြောင်းမူကား ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့်​ဝတ်ပြု​၍ ခရစ်တော်​ယေရှု​၌​ဝါကြွား​လျက် အသွေး​အသား​၌​ကိုးစား​ခြင်း​မ​ရှိ​သော​ငါ​တို့​သည် အရေဖျား​လှီး​ထား​သော​သူ​အစစ်အမှန်​ဖြစ်​ကြ​၏။


ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​သည် အမှန်ပင်​ကြီးမြတ်​လှ​ပေ​၏။ ကိုယ်တော်​သည် သွေးသား​အားဖြင့်​ထင်ရှား​ပြီး ဝိညာဉ်​တော်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​လျက် ကောင်းကင်​တမန်​တို့​၏​ရှုမြင်​ခြင်း၊ သတင်းတော်​ကို​လူမျိုးခြား​တို့​ကြား​၌ ဟောပြော​ခြင်း၊ ဤ​လောက​တွင် လက်ခံ​ယုံကြည်​ခြင်း​တို့​ကို​ခံရ​လျက် ဘုန်း​အသရေ​နှင့်တကွ အထက်သို့​ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ