ယေရောဗောင်မင်းကြီး၏မိဖုရားသည်လည်း ထ၍ပြန်သွားပြီး တိရဇာမြို့ထဲသို့ဝင်လာ၏။ နန်းတော်တံခါးခုံနားရောက်သည်နှင့် သူငယ်မှာ သေလေ၏။
ရှောလမုန်သီချင်း။ 6:4 - မြန်မာ့စံမီသမ္မာကျမ်း “အို ငါ့ချစ်သူလေး၊ သင်သည် တိရဇာမြို့ကဲ့သို့လှပ၍ ဂျေရုဆလင်မြို့ကဲ့သို့ တင့်တယ်၏။ အောင်လံလွှင့်ထူသောသူများကဲ့သို့ ခန့်ညားလှပါ၏။ Common Language Bible သင်၏မျက်စိတို့ကို ငါမှလွှဲပါ။ သူတို့သည် ငါ့ကို အောင်ပြီ။ သင်၏ဆံပင်သည်လည်း၊ ဂိလဒ်တော်ပေါ်မှ ဆင်းလာသော ဆိတ်စုကဲ့သို့ဖြစ်၏။ Garrad Bible ငါ့ ချစ် ဆွေ၊ သင် သည် တိ ဇ ရ မြို့ ကဲ့ သို့ လှ၍၊ ယေ ရု ရှ လင် မြို့ ကဲ့ သို့ တင့် တယ်၏။ တပ် အောင် လံ ကဲ့ သို့ ကြောက် မက် ဖွယ် ဖြစ်၏။ Judson Bible ငါချစ်သောနှမ၊ သင်သည် တိရဇမြို့ကဲ့သို့ လှ၏။ ယေရုရှလင်မြို့ကဲ့သို့ တင့်တယ်၏။ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဖွယ် ဖြစ်၏။ |
ယေရောဗောင်မင်းကြီး၏မိဖုရားသည်လည်း ထ၍ပြန်သွားပြီး တိရဇာမြို့ထဲသို့ဝင်လာ၏။ နန်းတော်တံခါးခုံနားရောက်သည်နှင့် သူငယ်မှာ သေလေ၏။
ထိုသတင်းကို ဗာရှာမင်းကြီးကြားလျှင် ရာမမြို့ကို မတည်ဆောက်တော့ဘဲ တိရဇာမြို့တွင် စံနေလေ၏။
ယုဒဘုရင်အာသမင်းကြီး နန်းစံသုံးနှစ်တွင် အဟိယ၏သားဗာရှာမင်းကြီးနန်းတက်ပြီး တိရဇာမြို့၌ အစ္စရေးလူမျိုးတို့ကို နှစ်ဆယ့်လေးနှစ်အုပ်စိုး၏။
မြင့်မားတင့်တယ်၍ ကမ္ဘာမြေတစ်ခွင်လုံး၏ ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ မြောက်ဘက်စွန်းရှိဇိအုန်တောင်သည် ကြီးမြတ်သော ရှင်ဘုရင်၏မြို့တော်ဖြစ်၏။
ဘုရားသခင်သည် ထိုမြို့၏ခံတပ်များတွင် ခိုကိုးရာဖြစ်ကြောင်း မိမိကိုယ်ကိုထင်ရှားစေတော်မူ၏။
ဘုရားသခင်သည် လှပခြင်းနှင့်ပြည့်စုံသော ဇိအုန်ပေါ်မှ ရောင်ခြည်တော်ကိုလွှတ်တော်မူ၏။
“ကြည့်ပါ။ ငါ့ချစ်သူလေး၊ သင်သည် အဆင်းလှပေ၏။ ကြည့်ပါ။ သင်သည် အဆင်းလှပေ၏။ သင့်မျက်လုံးများလည်း ချိုးငှက်မျက်လုံးနှင့် တူပါ၏။”
“အို ဂျေရုဆလင်သမီးပျိုတို့၊ အကျွန်ုပ်သည် အသားမည်းသော်လည်း ချစ်စရာကောင်းပါ၏။ ကေဒါတဲများ၊ ရှောလမုန်မင်းကြီး၏ရွက်ထည်များနှင့် တူပါ၏။
ကျောက်ဆောင်များကြား၊ ချောက်ကမ်းပါးများကြားတွင် ခိုအောင်းနေသော ငါ၏ချိုးငှက်လေးရေ၊ သင့်မျက်နှာကို မြင်လိုပါ၏။ သင့်အသံကို ကြားလိုပါ၏။ သင့်အသံသည် နားဝင်ချိုလှ၏။ သင့်မျက်နှာသည်လည်း တင့်တယ်လှပပေ၏’ဟု ဆို၏။”
“အကျွန်ုပ်သည် အိပ်သော်လည်း စိတ်မှာနိုးလျက်နေ၏။ အကျွန်ုပ်ချစ်သူက ‘ငါ့နှမ၊ ငါ့ချစ်သူလေး၊ ငါ့ချိုးငှက်၊ ပြစ်မျိုးမှဲ့မထင်သူ၊ ငါ့ကို တံခါးဖွင့်ပေးပါ။ ငါ့ခေါင်းသည် နှင်းစက်တို့နှင့် ရွှဲနစ်နေပါပြီ။ ငါ့ဆံပင်သည် ညနှင်းရည်တို့နှင့် ရွှဲနစ်နေပါပြီ’ဟု ဆိုလျက် တံခါးခေါက်နေပါသည်တကား။
အရုဏ်ဦးအလင်းကဲ့သို့ ပေါ်ထွက်သူ၊ လကဲ့သို့ တင့်တယ်သူ၊ နေကဲ့သို့ တောက်ပသူ၊ အောင်လံလွှင့်ထူသောသူများကဲ့သို့ ခန့်ညားသူကား မည်သူနည်း။”
လမ်းသွားလမ်းလာအားလုံး သင့်ကိုလက်ခုပ်တီး၍ ကဲ့ရဲ့ကြပြီ။ ထိုသူတို့သည် ခေါင်းကိုခါယမ်းလျက် ဂျေရုဆလင်သမီးပျိုအား “လှပမှုအပေါင်းစုံလင်ရာမြို့၊ မြေကြီးသားအားလုံးဝမ်းမြောက်ရာမြို့ကား ဤမြို့ပေလော”ဟု ဆိုကြပြီ။
ထိုနေ့ရက်တွင် ငါသည် ဂျေရုဆလင်မြို့ကို လူမျိုးအပေါင်းတို့အဖို့ အလွန်လေးလံသောကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီမသောသူတိုင်း ဒဏ်ရာအပြင်းအထန် ရလိမ့်မည်။ မြေကြီးပေါ်ရှိ လူမျိုးတကာတို့သည် ဂျေရုဆလင်မြို့ကို တိုက်ခိုက်ရန် စုဝေးကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား တိုက်ပွဲ၌ ငါတို့သုံးသောလက်နက်များသည် သွေးသားဇာတိနှင့်ဆိုင်သောလက်နက်များမဟုတ်ဘဲ ဘုရားသခင်အားဖြင့် အစွမ်းထက်သောလက်နက်များဖြစ်ကြပြီး ခံတပ်များကိုပင် ဖြိုဖျက်နိုင်သည်သာမက
အစွန်းအထင်း၊ အတွန့်အရှုံ့မှစ၍ ထိုသို့သောအရာတစ်စုံတစ်ခုမျှမရှိဘဲ သန့်ရှင်း၍ အပြစ်အနာအဆာကင်းသည့် ဂုဏ်သရေရှိသောအသင်းတော်ကို မိမိအားဆက်သနိုင်ရန်အတွက်ဖြစ်၏။
တစ်ဖန် သန့်ရှင်းသောဂျေရုဆလင်မြို့သစ်သည် သတို့သားအတွက်ဆင်မြန်းထားသည့် သတို့သမီးကဲ့သို့ပြင်ဆင်လျက် ဘုရားသခင်အထံတော်၊ ကောင်းကင်မှဆင်းသက်လာသည်ကို ငါမြင်ရ၏။