Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှောလမုန်သီချင်း။ 5:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 “​အကျွန်ုပ်​သည် အိပ်​သော်လည်း စိတ်​မှာ​နိုး​လျက်​နေ​၏​။ အကျွန်ုပ်​ချစ်သူ​က ‘​ငါ့​နှမ​၊ ငါ့​ချစ်သူလေး​၊ ငါ့​ချိုးငှက်​၊ ပြစ်မျိုးမှဲ့မထင်​သူ​၊ ငါ့​ကို တံခါး​ဖွင့်​ပေး​ပါ​။ ငါ့​ခေါင်း​သည် နှင်းစက်​တို့​နှင့် ရွှဲနစ်​နေ​ပါ​ပြီ​။ ငါ့​ဆံပင်​သည် ည​နှင်းရည်​တို့​နှင့် ရွှဲနစ်​နေ​ပါ​ပြီ​’​ဟု ဆို​လျက် တံခါးခေါက်​နေ​ပါ​သည်​တကား​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ကျွန်မသည် အဝတ်ကိုချွတ်ပါပြီ။ အဘယ် ကြောင့် ဝတ်ပြန်ရမည်နည်း။ ခြေကိုလည်းဆေးပါပြီ။ တဖန်ညစ်အောင် အဘယ်ကြောင့် ပြုရပါမည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ကျွန် မ သည်၊ ကိုယ် အိပ် လျက် စိတ် နိုး စဉ်၊ တံ ခါး ကို ခေါက် သော ကျွန် မ ချစ် ဆွေ၏ စ ကား သံ မှာ၊ ငါ့ နှ မ၊ ငါ့ ချစ် ဆွေ၊ ငါ့ ချိုး ငှက်၊ ငါ့ စင် ကြယ် သူ၊ ဖွင့် ပါ။ ငါ့ ဦး ခေါင်း သည် နှင်း နှင့်လည်း ကောင်း၊ ကေ သာ လည်း ညဉ့် နှင်း ပေါက် နှင့်လည်း ကောင်း ပြည့် လျက် ရှိ ပါ၏ ဟု ဆို လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ငါ​သည် အိပ်​ပျော်​စဉ်၊ နှ​လုံး​နိုး​လျက်​ရှိ၏။ ငါ​ချစ်​ရာ​သ​ခင်၏​စ​ကား​သံ​ပေ။ ငါ့​နှ​မ၊ ငါ​ချစ်​သောအမိ၊ ငါ့​ချိုး၊ ငါ၏​စုံ​လင်​သူ၊ ငါ​အား​ဖွင့်​ပါ။ ငါ့​ခေါင်း​သည် နှင်း​နှင့်​လည်း​ကောင်း၊ ငါ့​ဆံ​ပင်​သည် ည၌​ကျ​တတ်​သော နှင်း​စက်​များ​နှင့်​လည်း​ကောင်း စို​ပြီ​ဟု​ဆို​လျက်၊ ခေါက်၍​နေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှောလမုန်သီချင်း။ 5:2
39 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ယာကုပ်​သည် ရာခေလ​ကို​ရ​ရန်​အတွက် ခုနစ်​နှစ်​အစေခံ​လေ​၏​။ သူ​သည် ရာခေလ​ကို​ချစ်​သောကြောင့် ထို​ခုနစ်​နှစ်​သည် သူ့​အတွက် ရက်​အနည်းငယ်​ကဲ့သို့​ဖြစ်​၏​။


ထာဝရဘုရား​၏​တရားတော်​အတိုင်း အသက်ရှင်​လျှောက်လှမ်း​၍ စုံလင်​သော​တရားလမ်း​ကို​လိုက်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။


ငါ​သည် သင့်​ကို​အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သင်​၏​ဘုရားသခင် ထာဝရဘုရား​ဖြစ်​၏​။ သင်​၏​ပါးစပ်​ကို​ကျယ်စွာ​ဖွင့်​လော့​။ သင့်​ကို ဝပြော​စွာ ငါ​ကျွေး​မည်​။


ငါ့​သား​၊ သင်​၏​စိတ်နှလုံး​ကို ငါ့​အား​ပေး​လော့​။ သင်​၏​မျက်စိ​သည်​လည်း ငါ​၏​လမ်း​တို့​ကို ထိန်းသိမ်းစောင့်ရှောက်​ပါစေ​။


“​ကြည့်​ပါ​လော့​။ အကျွန်ုပ်​ချစ်သူ​၊ အရှင်​သည် အလွန်​ခန့်ညား​ပါ​၏​။ နှစ်လိုဖွယ်​ကောင်း​ပါ​၏​။ အကျွန်ုပ်​တို့​အိပ်ရာ​သည် စိမ်းလန်းစိုပြည်​လှ​ပါ​၏​။


အကျွန်ုပ်​ချစ်သူ​က အကျွန်ုပ်​အား ‘လှပ​သော​ငါ့​ချစ်သူလေး​၊ ထ​ပါ​။ ငါ​နှင့်အတူ လိုက်​ခဲ့​ပါ​။


ကျောက်ဆောင်​များ​ကြား​၊ ချောက်ကမ်းပါး​များ​ကြား​တွင် ခိုအောင်း​နေ​သော ငါ​၏​ချိုးငှက်လေး​ရေ​၊ သင့်​မျက်နှာ​ကို မြင်​လို​ပါ​၏​။ သင့်​အသံ​ကို ကြား​လို​ပါ​၏​။ သင့်​အသံ​သည် နားဝင်ချို​လှ​၏​။ သင့်​မျက်နှာ​သည်​လည်း တင့်တယ်လှပ​ပေ​၏’​ဟု ဆို​၏​။”


အကျွန်ုပ်​ချစ်သူ​၏​အသံ​ပါတကား​။ ကြည့်​ပါ​။ တောင်တန်း​များ​ကို ကျော်လွှား​လျက်​၊ တောင်ကုန်း​များ​တွင် ခုန်ပျံ​လျက် လာ​နေ​ပြီ​။


ညအချိန်​များ​၌ အိပ်ရာ​ပေါ်တွင် အကျွန်ုပ်​ချစ်မြတ်နိုး​သော​အရှင်​ကို ရှာဖွေ​မိ​ပါ​၏​။ ရှာ​သော်လည်း မ​တွေ့​ပါ​။


ငါ့​ချစ်သူလေး​၊ သင်​သည် ပြစ်မျိုးမှဲ့မထင် တစ်ကိုယ်လုံး​အဆင်းလှ​ပေ​၏​။


အို ငါ့​နှမ​၊ ငါ့​သတို့သမီး​၊ သင်​သည် ငါ့​နှလုံးသား​ကို အပိုင်သိမ်း​လေ​ပြီ​။ သင်​၏​အကြည့်​တစ်​ချက်​၊ ကျောက်မျက်​လည်ဆွဲ​တစ်​ကုံး​ဖြင့် ငါ့​နှလုံးသား​ကို အပိုင်သိမ်း​လေ​ပြီ​။


အကျွန်ုပ်​ချစ်သူ​၏​ဦးခေါင်း​မှာ ရွှေစင်​နှင့်​တူ​ပါ​၏​။ ဆံပင်​မှာ ကျီးကန်း​ကဲ့သို့ မည်းနက်​ပြီး လှိုင်းတွန့်ပုံ​ဖြစ်​ပါ​၏​။


အကျွန်ုပ်​ချစ်သူ​ကို တံခါး​ဖွင့်​ပေး​သော်လည်း ချစ်သူ​မှာ ထွက်သွား​နှင့်​လေ​ပြီ​။ သူ​စကားပြော​သောအခါ အကျွန်ုပ်​ရင်ခုန်​လွန်းလှ​ပါ​၏​။ သူ့​ကို​ရှာ​သော်လည်း မ​တွေ့​ပါ​။ ခေါ်​သော်လည်း မ​ထူး​ပါ​။


ငါ့​ချိုးငှက်​၊ ပြစ်မျိုးမှဲ့မထင်​သူ တစ်ဦးတည်း​သာ​ရှိ​ပါ​၏​။ သူ့​မိခင်​အဖို့ သူ​သည် တစ်ဦးတည်း​သော​သမီး​၊ သူ့​ကို​မွေး​သော​မိခင်​အဖို့ သူ​သည် အနှစ်သက်ဆုံး​သော​သမီး​ဖြစ်​၏​။ မိန်းမပျို​တို့​သည် သူ့​ကို​မြင်​လျှင် မင်္ဂလာ​ရှိ​သော​သူ ဟု​ခေါ်​ကြ​၏​။ မိဖုရား​များ​၊ မောင်းမ​များ​လည်း သူ့​ကို​ချီးမွမ်း​ကြ​၏​။


သင့်​နှုတ်​သည် အကောင်းစား​စပျစ်ဝိုင်​ဖြစ်​ပါစေ​။” “အကျွန်ုပ်​ချစ်သူ​အဖို့ ထို​စပျစ်ဝိုင်​သည် နှုတ်ခမ်း​နှင့် သွား​များ​မှတစ်ဆင့် ချောမွေ့​စွာ​စီးဆင်း​ပါ​၏​။


အချစ်​ကို ရေလုံးကြီး​နှင့် ငြှိမ်းသတ်​၍​မ​ရ​။ မြစ်ရေ​များ​လည်း မ​တိုက်စား​နိုင်​။ လူ​သည် အချစ်​ကို​ရ​ဖို့ အိမ်​၌​ရှိ​သော​စည်းစိမ်ဥစ္စာ​အားလုံး​ကို​ပေး​လျှင်ပင် လှောင်ပြောင်​ကဲ့ရဲ့​ခြင်း​ကို​သာ​ခံရ​လိမ့်မည်​။”


ရိုက်နှက်​သူ​တို့​အား ငါ့​ကျော​ကို​ပေး​၏​။ မုတ်ဆိတ်​ဆွဲနုတ်​သူ​တို့​အား ငါ့​ပါး​ကို​ပေး​၏​။ အသရေဖျက်​ခံရ​ခြင်း​၊ တံတွေးထွေး​ခံရ​ခြင်း​မှ ငါ့​မျက်နှာ​ကို ငါ​မ​လွှဲ​။


သူ​၏​ရုပ်ရည်​သည် လူ​မ​ဟုတ်​သကဲ့သို့​၊ သူ​၏​ရုပ်ဆင်းသဏ္ဌာန်​သည် လူသား​မ​ဟုတ်​သကဲ့သို့ ရုပ်ပျက်ဆင်းပျက်​ဖြစ်​သဖြင့် လူ​များစွာ​တို့​သည် သူ့​ကို​အလွန်​အံ့အားသင့်​ကြ​၏​။


ထိုသို့​ပြော​နေ​စဉ် ငါ​သည် သတိလစ်​၍​မြေ​ပေါ်သို့ မှောက်​လျက်​လဲကျ​သွား​ရာ​မှ သူ​က ငါ့​ကို​တို့​၍ ပြန်ရပ်​စေ​ပြီး


ငါ​နှင့်​စကားပြော​ခဲ့​သော​ကောင်းကင်တမန်​သည် ပြန်လာ​၍ အိပ်ပျော်​နေ​သူ​ကို လှုပ်နှိုး​သကဲ့သို့ ငါ့​ကို နှိုး​ပြီးလျှင်


အကြောင်းမူကား တောင်း​သော​သူ​တိုင်း​သည်​ရ​၏။ ရှာ​သော​သူ​သည်​လည်း တွေ့​၏။ တံခါး​ခေါက်​သော​သူ​ကို​လည်း ဖွင့်​ပေး​လိမ့်မည်။


ဤသည်ကား “ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​အားနည်း​ခြင်း​များ​ကို ယူဆောင်​၍ အကျွန်ုပ်​တို့​၏​ရောဂါ​များ​ကို သယ်ဆောင်​သွား​တော်မူ​၏”​ဟု ပရောဖက်​ဟေရှာယ​အားဖြင့် မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။


နံနက်​စောစော​မိုး​မ​လင်း​မီ ကိုယ်တော်​သည်​ထ​၍ လူသူ​ကင်းဝေး​ရာ​အရပ်​သို့ ထွက်ခွာ​သွား​ပြီးလျှင် ထို​အရပ်​၌ ဆုတောင်း​တော်မူ​၏။


ကိုယ်တော်​သည် ပြင်းစွာ​သော​ဝေဒနာ​ကို​ခံစား​လျက် ပို၍​ပြင်းပြ​စွာ​ဆုတောင်း​တော်မူ​ရာ ကိုယ်တော်​၏​ချွေး​သည် မြေ​ပေါ်သို့​ကျ​သော​သွေး​စက်​သဖွယ်​ဖြစ်​လေ​၏။


ထို​နေ့ရက်​များ​၌ ကိုယ်တော်​သည် ဆုတောင်း​ရန် တောင်​ပေါ်သို့​ကြွ​၍ ဘုရားသခင်​ထံ တစ်ညလုံး​ဆုတောင်း​လျက်​နေ​တော်မူ​၏။


ပေတရု​နှင့် သူ​၏​အပေါင်းအဖော်​တို့​သည် မျက်စိ​လေး​၍ အိပ်မောကျ​နေ​ကြ​၏။ သို့သော် ကောင်းစွာ​နိုး​လာ​သောအခါ ကိုယ်တော်​၏​ဘုန်း​အသရေ​တော်​ကို​လည်းကောင်း၊ ကိုယ်တော်​နှင့်အတူ​ရပ်​နေ​သူ​နှစ်​ဦး​တို့​ကို​လည်းကောင်း မြင်​ကြ​၏။


မိမိ​၏​သိုး​ရှိသမျှ​တို့​ကို ထုတ်​ပြီး​သောအခါ သိုး​တို့​ရှေ့မှ​သွား​တတ်​၏။ သိုး​တို့​သည်​လည်း သူ့​အသံ​ကို​သိ​သောကြောင့် သူ့​နောက်​သို့​လိုက်​သွား​တတ်​ကြ​၏။


သို့ဖြစ်၍ ငါ​အသက်ရှင်​သည်မှာ ငါ​ကိုယ်တိုင်​မ​ဟုတ်​တော့​ဘဲ ခရစ်တော်​သည် ငါ​၌​အသက်ရှင်​တော်မူ​၏။ ယခု ကိုယ်ကာယ​၌ ငါ​အသက်ရှင်​သည်မှာ ငါ့​ကို​ချစ်​၍ ငါ့​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​သော ဘုရားသခင်​၏​သား​တော်​ကို ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​ခြင်း​ဖြစ်​၏။


အကြောင်းမူကား ထင်ရှား​လာ​သော​အရာ​ရှိသမျှ​သည် အလင်း​ဖြစ်​၏။ သို့ဖြစ်၍ “အိပ်ပျော်​နေ​သော​သူ၊ နိုး​လော့။ သေ​သော​သူ​တို့​ထဲမှ ထမြောက်​လော့။ ထိုအခါ ခရစ်တော်​သည် သင့်​အား အလင်း​ကို​ပေး​တော်မူ​လိမ့်မည်”​ဟု ဆို​ထား​၏။


ထို​သူ​တို့​သည် မိန်းမ​များ​အားဖြင့် ညစ်ညူး​စေ​ခြင်း​မ​ခံ​ခဲ့​ရ​သော​သူ​များ​ဖြစ်​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် လူပျို​စစ်စစ်​ဖြစ်​ကြ​၏။ သူ​တို့​သည် သိုးသငယ်​တော်​သွား​လေ​ရာ​သို့​လိုက်​ပါ​သော​သူ​များ​ဖြစ်​ကြ​ပြီး ဘုရားသခင်​နှင့်​သိုးသငယ်​တော်​တို့​အတွက် အသီးဦး​အဖြစ် လူ​တို့​အထဲမှ ရွေးနုတ်​ဝယ်ယူ​ခြင်း​ခံရ​သော​သူ​များ​ဖြစ်​ကြ​၏။


ကြည့်ရှု​လော့။ ငါ​သည် တံခါး​ရှေ့မှာ​ရပ်​၍ ခေါက်​လျက်​နေ​၏။ မည်သူ​မဆို ငါ့​အသံ​ကို​ကြား​၍ တံခါး​ကို​ဖွင့်​လျှင် ထို​သူ​ရှိ​ရာ​သို့ ငါ​ဝင်​ပြီး သူ​နှင့်အတူ​စားသောက်​မည်။ သူ​သည်​လည်း ငါ​နှင့်အတူ​စားသောက်​ရ​လိမ့်မည်။


သို့သော် သာဒိ​မြို့​၌ မိမိ​တို့​အဝတ်​ကို​မ​ညစ်ညူး​စေ​သော​သူ အနည်းငယ်​ရှိ​၏။ ထို​သူ​တို့​သည် ထိုက်တန်​သော​သူ​များ​ဖြစ်​သောကြောင့် ဖြူ​သော​အဝတ်​ကို​ဝတ်​လျက် ငါ​နှင့်အတူ​သွားလာ​ရ​ကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ