ထို့ကြောင့် ယာကုပ်သည် ရာခေလကိုရရန်အတွက် ခုနစ်နှစ်အစေခံလေ၏။ သူသည် ရာခေလကိုချစ်သောကြောင့် ထိုခုနစ်နှစ်သည် သူ့အတွက် ရက်အနည်းငယ်ကဲ့သို့ဖြစ်၏။
ရှောလမုန်သီချင်း။ 5:2 - မြန်မာ့စံမီသမ္မာကျမ်း “အကျွန်ုပ်သည် အိပ်သော်လည်း စိတ်မှာနိုးလျက်နေ၏။ အကျွန်ုပ်ချစ်သူက ‘ငါ့နှမ၊ ငါ့ချစ်သူလေး၊ ငါ့ချိုးငှက်၊ ပြစ်မျိုးမှဲ့မထင်သူ၊ ငါ့ကို တံခါးဖွင့်ပေးပါ။ ငါ့ခေါင်းသည် နှင်းစက်တို့နှင့် ရွှဲနစ်နေပါပြီ။ ငါ့ဆံပင်သည် ညနှင်းရည်တို့နှင့် ရွှဲနစ်နေပါပြီ’ဟု ဆိုလျက် တံခါးခေါက်နေပါသည်တကား။ Common Language Bible ကျွန်မသည် အဝတ်ကိုချွတ်ပါပြီ။ အဘယ် ကြောင့် ဝတ်ပြန်ရမည်နည်း။ ခြေကိုလည်းဆေးပါပြီ။ တဖန်ညစ်အောင် အဘယ်ကြောင့် ပြုရပါမည်နည်း။ Garrad Bible ကျွန် မ သည်၊ ကိုယ် အိပ် လျက် စိတ် နိုး စဉ်၊ တံ ခါး ကို ခေါက် သော ကျွန် မ ချစ် ဆွေ၏ စ ကား သံ မှာ၊ ငါ့ နှ မ၊ ငါ့ ချစ် ဆွေ၊ ငါ့ ချိုး ငှက်၊ ငါ့ စင် ကြယ် သူ၊ ဖွင့် ပါ။ ငါ့ ဦး ခေါင်း သည် နှင်း နှင့်လည်း ကောင်း၊ ကေ သာ လည်း ညဉ့် နှင်း ပေါက် နှင့်လည်း ကောင်း ပြည့် လျက် ရှိ ပါ၏ ဟု ဆို လျှင်၊ Judson Bible ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာသခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည် နှင်းနှင့်လည်းကောင်း၊ ငါ့ဆံပင်သည် ည၌ကျတတ်သော နှင်းစက်များနှင့်လည်းကောင်း စိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။ |
ထို့ကြောင့် ယာကုပ်သည် ရာခေလကိုရရန်အတွက် ခုနစ်နှစ်အစေခံလေ၏။ သူသည် ရာခေလကိုချစ်သောကြောင့် ထိုခုနစ်နှစ်သည် သူ့အတွက် ရက်အနည်းငယ်ကဲ့သို့ဖြစ်၏။
ထာဝရဘုရား၏တရားတော်အတိုင်း အသက်ရှင်လျှောက်လှမ်း၍ စုံလင်သောတရားလမ်းကိုလိုက်သောသူတို့သည် မင်္ဂလာရှိကြ၏။
ငါသည် သင့်ကိုအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်၏ပါးစပ်ကိုကျယ်စွာဖွင့်လော့။ သင့်ကို ဝပြောစွာ ငါကျွေးမည်။
ငါ့သား၊ သင်၏စိတ်နှလုံးကို ငါ့အားပေးလော့။ သင်၏မျက်စိသည်လည်း ငါ၏လမ်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ပါစေ။
“ကြည့်ပါလော့။ အကျွန်ုပ်ချစ်သူ၊ အရှင်သည် အလွန်ခန့်ညားပါ၏။ နှစ်လိုဖွယ်ကောင်းပါ၏။ အကျွန်ုပ်တို့အိပ်ရာသည် စိမ်းလန်းစိုပြည်လှပါ၏။
အကျွန်ုပ်ချစ်သူက အကျွန်ုပ်အား ‘လှပသောငါ့ချစ်သူလေး၊ ထပါ။ ငါနှင့်အတူ လိုက်ခဲ့ပါ။
ကျောက်ဆောင်များကြား၊ ချောက်ကမ်းပါးများကြားတွင် ခိုအောင်းနေသော ငါ၏ချိုးငှက်လေးရေ၊ သင့်မျက်နှာကို မြင်လိုပါ၏။ သင့်အသံကို ကြားလိုပါ၏။ သင့်အသံသည် နားဝင်ချိုလှ၏။ သင့်မျက်နှာသည်လည်း တင့်တယ်လှပပေ၏’ဟု ဆို၏။”
အကျွန်ုပ်ချစ်သူ၏အသံပါတကား။ ကြည့်ပါ။ တောင်တန်းများကို ကျော်လွှားလျက်၊ တောင်ကုန်းများတွင် ခုန်ပျံလျက် လာနေပြီ။
ညအချိန်များ၌ အိပ်ရာပေါ်တွင် အကျွန်ုပ်ချစ်မြတ်နိုးသောအရှင်ကို ရှာဖွေမိပါ၏။ ရှာသော်လည်း မတွေ့ပါ။
အို ငါ့နှမ၊ ငါ့သတို့သမီး၊ သင်သည် ငါ့နှလုံးသားကို အပိုင်သိမ်းလေပြီ။ သင်၏အကြည့်တစ်ချက်၊ ကျောက်မျက်လည်ဆွဲတစ်ကုံးဖြင့် ငါ့နှလုံးသားကို အပိုင်သိမ်းလေပြီ။
အကျွန်ုပ်ချစ်သူ၏ဦးခေါင်းမှာ ရွှေစင်နှင့်တူပါ၏။ ဆံပင်မှာ ကျီးကန်းကဲ့သို့ မည်းနက်ပြီး လှိုင်းတွန့်ပုံဖြစ်ပါ၏။
အကျွန်ုပ်ချစ်သူကို တံခါးဖွင့်ပေးသော်လည်း ချစ်သူမှာ ထွက်သွားနှင့်လေပြီ။ သူစကားပြောသောအခါ အကျွန်ုပ်ရင်ခုန်လွန်းလှပါ၏။ သူ့ကိုရှာသော်လည်း မတွေ့ပါ။ ခေါ်သော်လည်း မထူးပါ။
ငါ့ချိုးငှက်၊ ပြစ်မျိုးမှဲ့မထင်သူ တစ်ဦးတည်းသာရှိပါ၏။ သူ့မိခင်အဖို့ သူသည် တစ်ဦးတည်းသောသမီး၊ သူ့ကိုမွေးသောမိခင်အဖို့ သူသည် အနှစ်သက်ဆုံးသောသမီးဖြစ်၏။ မိန်းမပျိုတို့သည် သူ့ကိုမြင်လျှင် မင်္ဂလာရှိသောသူ ဟုခေါ်ကြ၏။ မိဖုရားများ၊ မောင်းမများလည်း သူ့ကိုချီးမွမ်းကြ၏။
သင့်နှုတ်သည် အကောင်းစားစပျစ်ဝိုင်ဖြစ်ပါစေ။” “အကျွန်ုပ်ချစ်သူအဖို့ ထိုစပျစ်ဝိုင်သည် နှုတ်ခမ်းနှင့် သွားများမှတစ်ဆင့် ချောမွေ့စွာစီးဆင်းပါ၏။
အချစ်ကို ရေလုံးကြီးနှင့် ငြှိမ်းသတ်၍မရ။ မြစ်ရေများလည်း မတိုက်စားနိုင်။ လူသည် အချစ်ကိုရဖို့ အိမ်၌ရှိသောစည်းစိမ်ဥစ္စာအားလုံးကိုပေးလျှင်ပင် လှောင်ပြောင်ကဲ့ရဲ့ခြင်းကိုသာခံရလိမ့်မည်။”
ရိုက်နှက်သူတို့အား ငါ့ကျောကိုပေး၏။ မုတ်ဆိတ်ဆွဲနုတ်သူတို့အား ငါ့ပါးကိုပေး၏။ အသရေဖျက်ခံရခြင်း၊ တံတွေးထွေးခံရခြင်းမှ ငါ့မျက်နှာကို ငါမလွှဲ။
သူ၏ရုပ်ရည်သည် လူမဟုတ်သကဲ့သို့၊ သူ၏ရုပ်ဆင်းသဏ္ဌာန်သည် လူသားမဟုတ်သကဲ့သို့ ရုပ်ပျက်ဆင်းပျက်ဖြစ်သဖြင့် လူများစွာတို့သည် သူ့ကိုအလွန်အံ့အားသင့်ကြ၏။
ထိုသို့ပြောနေစဉ် ငါသည် သတိလစ်၍မြေပေါ်သို့ မှောက်လျက်လဲကျသွားရာမှ သူက ငါ့ကိုတို့၍ ပြန်ရပ်စေပြီး
ငါနှင့်စကားပြောခဲ့သောကောင်းကင်တမန်သည် ပြန်လာ၍ အိပ်ပျော်နေသူကို လှုပ်နှိုးသကဲ့သို့ ငါ့ကို နှိုးပြီးလျှင်
အကြောင်းမူကား တောင်းသောသူတိုင်းသည်ရ၏။ ရှာသောသူသည်လည်း တွေ့၏။ တံခါးခေါက်သောသူကိုလည်း ဖွင့်ပေးလိမ့်မည်။
ဤသည်ကား “ကိုယ်တော်သည် အကျွန်ုပ်တို့၏အားနည်းခြင်းများကို ယူဆောင်၍ အကျွန်ုပ်တို့၏ရောဂါများကို သယ်ဆောင်သွားတော်မူ၏”ဟု ပရောဖက်ဟေရှာယအားဖြင့် မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
နံနက်စောစောမိုးမလင်းမီ ကိုယ်တော်သည်ထ၍ လူသူကင်းဝေးရာအရပ်သို့ ထွက်ခွာသွားပြီးလျှင် ထိုအရပ်၌ ဆုတောင်းတော်မူ၏။
ကိုယ်တော်သည် ပြင်းစွာသောဝေဒနာကိုခံစားလျက် ပို၍ပြင်းပြစွာဆုတောင်းတော်မူရာ ကိုယ်တော်၏ချွေးသည် မြေပေါ်သို့ကျသောသွေးစက်သဖွယ်ဖြစ်လေ၏။
ထိုနေ့ရက်များ၌ ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့ကြွ၍ ဘုရားသခင်ထံ တစ်ညလုံးဆုတောင်းလျက်နေတော်မူ၏။
ပေတရုနှင့် သူ၏အပေါင်းအဖော်တို့သည် မျက်စိလေး၍ အိပ်မောကျနေကြ၏။ သို့သော် ကောင်းစွာနိုးလာသောအခါ ကိုယ်တော်၏ဘုန်းအသရေတော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့်အတူရပ်နေသူနှစ်ဦးတို့ကိုလည်းကောင်း မြင်ကြ၏။
မိမိ၏သိုးရှိသမျှတို့ကို ထုတ်ပြီးသောအခါ သိုးတို့ရှေ့မှသွားတတ်၏။ သိုးတို့သည်လည်း သူ့အသံကိုသိသောကြောင့် သူ့နောက်သို့လိုက်သွားတတ်ကြ၏။
သို့ဖြစ်၍ ငါအသက်ရှင်သည်မှာ ငါကိုယ်တိုင်မဟုတ်တော့ဘဲ ခရစ်တော်သည် ငါ၌အသက်ရှင်တော်မူ၏။ ယခု ကိုယ်ကာယ၌ ငါအသက်ရှင်သည်မှာ ငါ့ကိုချစ်၍ ငါ့အတွက် မိမိကိုယ်ကိုစွန့်တော်မူသော ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်းဖြစ်၏။
အကြောင်းမူကား ထင်ရှားလာသောအရာရှိသမျှသည် အလင်းဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်နေသောသူ၊ နိုးလော့။ သေသောသူတို့ထဲမှ ထမြောက်လော့။ ထိုအခါ ခရစ်တော်သည် သင့်အား အလင်းကိုပေးတော်မူလိမ့်မည်”ဟု ဆိုထား၏။
ထိုသူတို့သည် မိန်းမများအားဖြင့် ညစ်ညူးစေခြင်းမခံခဲ့ရသောသူများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် လူပျိုစစ်စစ်ဖြစ်ကြ၏။ သူတို့သည် သိုးသငယ်တော်သွားလေရာသို့လိုက်ပါသောသူများဖြစ်ကြပြီး ဘုရားသခင်နှင့်သိုးသငယ်တော်တို့အတွက် အသီးဦးအဖြစ် လူတို့အထဲမှ ရွေးနုတ်ဝယ်ယူခြင်းခံရသောသူများဖြစ်ကြ၏။
ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ မည်သူမဆို ငါ့အသံကိုကြား၍ တံခါးကိုဖွင့်လျှင် ထိုသူရှိရာသို့ ငါဝင်ပြီး သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစားသောက်ရလိမ့်မည်။
သို့သော် သာဒိမြို့၌ မိမိတို့အဝတ်ကိုမညစ်ညူးစေသောသူ အနည်းငယ်ရှိ၏။ ထိုသူတို့သည် ထိုက်တန်သောသူများဖြစ်သောကြောင့် ဖြူသောအဝတ်ကိုဝတ်လျက် ငါနှင့်အတူသွားလာရကြလိမ့်မည်။