ရှောလမုန်သီချင်း။ 5:14 - မြန်မာ့စံမီသမ္မာကျမ်း သူ၏လက်များသည်လည်း ကျောက်မျက်ရွဲစီခြယ်ထားသော ရွှေလက်စွပ်နှင့်တူ၏။ ဝမ်းဗိုက်သည်လည်း နီလာကျောက်စီခြယ်ထားသော ပြောင်လက်သည့်ဆင်စွယ်နှင့်တူ၏။ Common Language Bible ခြေထောက်တော်တို့သည် ရွှေစင်ဘိနပ်ပေါ်၌ တည်သော ကျောက်ဖြူတိုင်နှင့်တူကြ၏။ မျက်နှာတော် သည် လေဗနုန်တောင်ကဲ့သို့ဖြစ်၍၊ အာရဇ်ပင်ကဲ့သို့ ထူးမြတ်ပေ၏။ Garrad Bible လက် များ သည်၊ မျက် ရွဲ စီ သော လက် ဝတ် ကဲ့ သို့လည်း ကောင်း၊ ကိုယ် လည်း နီ လာ ဖြင့် စီ ချယ် သော ဆင် စွယ် ကဲ့ သို့လည်း ကောင်း ဖြစ်၏။ Judson Bible လက်တော်တို့သည် မျက်ရွဲစီသော လက်စွပ်ကဲ့သို့လည်းကောင်း၊ ကိုယ်တော်သည် နီလာကျောက်ဖြင့် စီချယ်သော ဆင်စွယ်ဖြူကဲ့သို့လည်းကောင်းဖြစ်၏။ |
တန်ခိုးကြီးသောရှင်ဘုရင်သည် တရားမျှတခြင်းကို နှစ်သက်တော်မူ၏။ ကိုယ်တော်သည် သမာသမတ်ရှိခြင်းကို တည်မြဲစေတော်မူ၏။ ယာကုပ်အမျိုးထဲတွင် တရားမျှတခြင်းနှင့်ဖြောင့်မတ်ခြင်းကို စီရင်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏လက်ယာလက်တော်သည် တန်ခိုးတော်ဖြင့် ဘုန်းကြီးတော်မူ၏။ အို ထာဝရဘုရား၊ ကိုယ်တော်၏လက်ယာလက်တော်သည် ရန်သူကို ချိုးဖဲ့ခြေမွှတော်မူ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ကို ဖူးမြင်ကြ၏။ ခြေတော်အောက်၌ ကောင်းကင်ကဲ့သို့ကြည်လင်သော နီလာကျောက် ခင်းထားသကဲ့သို့ဖြစ်၏။
စတုတ္ထအတန်းကား ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့ ဖြစ်ရမည်။ ၎င်းတို့ကို ခြယ်လှယ်ထားသောရွှေကျောက်မျက်အိုးထဲ၌ ထားရှိရမည်။
စတုတ္ထအတန်းကား ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့ ဖြစ်၏။ ၎င်းတို့ကို ရွှေကျောက်မျက်အိုးထဲ၌ ထားရှိ၏။
သင်၏ချက်သည် စပျစ်ဝိုင်အမြဲဖြည့်ထားသည့် လုံးဝန်းသောဖလားနှင့်တူပါ၏။ ဝမ်းဗိုက်သည် နှင်းပန်းရံထားသောဂျုံစပါးပုံနှင့်တူပါ၏။
ကြည့်ရှုလော့။ ငါ့အစေအပါးသည် ပညာသတိရှိစွာလုပ်ဆောင်မည်။ သူသည် ချီးမြှင့်မြှောက်စားခြင်းခံရ၍ အထွတ်အမြတ်ဖြစ်မည်။
ထာဝရဘုရားက “မုန်တိုင်းဒဏ်အလူးအလိမ့်ခံရ၍ နှစ်သိမ့်ခြင်းမရသော အချင်းအဖိနှိပ်ခံရသူ၊ ကြည့်ရှုလော့။ သင်၏တိုက်ကို စိမ်းပြာရောင်ကျောက်ဖြင့်တည်၍ နီလာဖြင့်အုတ်မြစ်ချမည်။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။
ဘီးတို့သည် ကျောက်မျက်ရွဲဖြင့် ထုလုပ်ထားသည်နှင့်တူ၏။ ကျောက်မျက်ရွဲအဆင်းအရောင်ကဲ့သို့တောက်ပ၏။ ဘီးလေးခုတို့မှာ တစ်ပုံစံတည်းဖြစ်၍ ပြုလုပ်ထားသည့်ပုံစံမှာ ဘီးတစ်ခုတွင် နောက်ဘီးတစ်ခုကို ကန့်လန့်ဖြတ်ထည့်ထားသည့်ပုံစံမျိုး ဖြစ်၏။
ထိုသူ၏ကိုယ်ခန္ဓာမှာ ကျောက်မျက်ရွဲကဲ့သို့ ဖြစ်၏။ မျက်နှာမှာ လျှပ်စီးလက်သကဲ့သို့ ဖြစ်၏။ မျက်စိသည်လည်း မီးတောက်နေသောမီးတုတ်ကဲ့သို့ ဖြစ်၏။ လက်နှင့်ခြေသည် ပြောင်လက်အောင်တိုက်ချွတ်ထားသောကြေးနီနှင့် တူ၏။ သူ၏စကားသံသည် လူအုပ်ကြီး၏အသံနှင့် တူ၏။