ထို့ကြောင့် ရောဗောင်မင်းကြီးသည် ရွှေဒိုင်းလွှားများအစား ကြေးနီဒိုင်းလွှားများကို ပြုလုပ်ပြီး ဘုရင့်နန်းတော်တံခါးကိုစောင့်ကြပ်သော တံခါးမှူးတို့၏လက်သို့အပ်၏။
ရှောလမုန်သီချင်း။ 3:7 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ပါ။ အစ္စရေးစစ်သူရဲခြောက်ဆယ်တို့နှင့် ခြံရံထားသော ရှောလမုန်မင်းကြီး၏ဝေါယာဉ်ပါတကား။ Common Language Bible ညဉ့်အခါ စိုးရိမ်စရာရှိသောကြောင့်၊ လူတိုင်းမိမိ အပေါ်၌ မိမိထားကိုမြှောင်ထားလျက်ရှိ၏။ Garrad Bible ရှော လ မုန် မင်း၏ ယဉ် တော် ပေ တ ကား။ ဣ သ ရေ လ သူ ရဲ တို့ အ နက်၊ သူ ရဲ ကောင်း ခြောက် ဆယ် တို့ ခြွေ ရံ လျက် ပါ၏။ Judson Bible ထိုသူအပေါင်းတို့သည် ဓားကိုင်လျက်၊ စစ်မှုစစ်ရေး၌ လေ့ကျက်သောသူ ဖြစ်ကြ၏။ |
ထို့ကြောင့် ရောဗောင်မင်းကြီးသည် ရွှေဒိုင်းလွှားများအစား ကြေးနီဒိုင်းလွှားများကို ပြုလုပ်ပြီး ဘုရင့်နန်းတော်တံခါးကိုစောင့်ကြပ်သော တံခါးမှူးတို့၏လက်သို့အပ်၏။
ရှောလမုန်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကို ကျွန်အဖြစ်မထားရှိဘဲ စစ်သူရဲများ၊ မင်းမှုထမ်းများ၊ အကြီးအကဲများ၊ တပ်မှူးများ၊ ရထားမှူးများ၊ မြင်းစီးသူရဲများအဖြစ် ထားရှိ၏။
ထို့နောက် ဧလိရှဲက “အို ထာဝရဘုရား၊ သူ၏မျက်စိကိုဖွင့်ပေး၍ သူ့ကိုမြင်စေတော်မူပါ”ဟု ဆုတောင်းလျှင် ထာဝရဘုရားသည် ထိုငယ်သား၏မျက်စိကိုဖွင့်ပေးတော်မူသဖြင့် ဧလိရှဲပတ်ပတ်လည်တွင် မြင်းနှင့်ကသောမီးစစ်ရထားများ တောင်တစ်တောင်လုံးပြည့်နေသည်ကို တွေ့ရလေ၏။
ထို့ကြောင့် ငါသည် မြို့ရိုးအနောက်ဘက် မြေနိမ့်ပိုင်းကွင်းပြင်တွင် မျိုးနွယ်စုအလိုက် ဓား၊ လှံ၊ လေးတို့နှင့်တကွ အစောင့်ချထား၏။
“ကြည့်ပါလော့။ အကျွန်ုပ်ချစ်သူ၊ အရှင်သည် အလွန်ခန့်ညားပါ၏။ နှစ်လိုဖွယ်ကောင်းပါ၏။ အကျွန်ုပ်တို့အိပ်ရာသည် စိမ်းလန်းစိုပြည်လှပါ၏။
“မုရန်၊ လော်ဗန်တို့မှစ၍ ကုန်သည်တို့၏နံ့သာမှုန့်အမျိုးမျိုးတို့ရနံ့နှင့် သင်းထုံနေသောမီးခိုးလုံးကဲ့သို့ တောကန္တာရမှတက်လာသောသူကား မည်သူနည်း။
ထိုစစ်သူရဲအားလုံးတို့သည် ဓားကိုင်သူရဲများ၊ စစ်မှုရေးရာကျွမ်းကျင်သောသူရဲများဖြစ်ကြ၏။ ညအချိန်များ၌ကျရောက်မည့်ဘေးကိုကာကွယ်ရန် ဓားကို နံဘေး၌ဆောင်ထားကြ၏။
ရှောလမုန်မင်းကြီးသည် ကိုယ့်အဖို့ ထိုဝေါယာဉ်ကို လက်ဘနွန်သစ်သားများဖြင့် ပြုလုပ်ထား၏။
ကောင်းကင်တမန်အားလုံးတို့သည် ကယ်တင်ခြင်းကိုအမွေဆက်ခံမည့်သူများ၏အမှုကိုဆောင်ရွက်ရန် စေလွှတ်ခြင်းခံရသည့် အစေခံဝိညာဉ်များဖြစ်ကြသည်မဟုတ်လော။
ရှောလုမင်းကြီးလက်ထက်ကာလပတ်လုံး ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲပြင်းပြင်းထန်ထန်ဆင်နွှဲခဲ့ရ၏။ သူသည် ခွန်အားကြီးသူ၊ ရဲစွမ်းသတ္တိရှိသူတို့ကို ခေါ်ယူစုဆောင်းထားတတ်၏။
ဒါဝိဒ်က အာခိတ်မင်းကြီးအား “အရှင့်အစေအပါး မည်သို့ပြုနိုင်သည်ကို အရှင် သိမြင်ရလိမ့်မည်”ဟု ဆို၏။ အာခိတ်မင်းကြီးကလည်း ဒါဝိဒ်အား “ကောင်းပြီ။ သင့်ကို ငါ၏သက်တော်စောင့်အဖြစ် ရာသက်ပန်ခန့်လိုက်ပြီ”ဟု ပြန်ပြော၏။
သင်တို့၏ကျွန်ယောက်ျားကျွန်မိန်းမများ၊ သန်မာထွားကျိုင်းသောလုလင်ပျိုများအပါအဝင် မြည်းများကိုပါ သိမ်းယူ၍ သူ့လုပ်ငန်းတွင် ခိုင်းစေလိမ့်မည်။