ငါ့စကားကိုနားထောင်၍ ငါ့တံခါးတို့အနားတွင် နေ့စဉ်နေ့တိုင်းစောင့်ကြည့်လျက် ငါ့တံခါးတိုင်တို့အနားတွင် စောင့်မျှော်လျက်နေသောသူသည် မင်္ဂလာရှိ၏။
ရှောလမုန်သီချင်း။ 3:2 - မြန်မာ့စံမီသမ္မာကျမ်း ‘ငါထပြီး မြို့ထဲသွားမည်။ လမ်းတကာ၊ လမ်းဆုံလမ်းခွတို့တွင် ငါချစ်မြတ်နိုးသောအရှင်ကို ရှာပါမည်’ဟု ဆိုပြီး ရှာသော်လည်း မတွေ့ပါ။ Common Language Bible မြို့ကိုလည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့ကြသော်၊ ငါ့ဝိညာဉ်ချစ်သော သူကိုမြင်ကြသလော ဟု ငါမေး၏။ Garrad Bible ကျွန် မ က၊ မြို့ ကို လှည့် လည်၍၊ လမ်း မ လမ်း ကြား များ တွင်၊ နှစ် သက် မြတ် နိုး ရာ အ ရှင် ကို ရှာ ဘွေ မည် ဟု အောက် မေ့ လျက် ရှာ သော် လည်း မ တွေ့ ပါ။ Judson Bible ငါထမည်။ မြို့လမ်းတို့တွင်လည်မည်။ ငါ့ဝိညာဉ်ချစ်သောသူကို လမ်းမတို့တွင် ရှာမည်ဟုဆိုလျက် ရှာသော်လည်း မတွေ့။ |
ငါ့စကားကိုနားထောင်၍ ငါ့တံခါးတို့အနားတွင် နေ့စဉ်နေ့တိုင်းစောင့်ကြည့်လျက် ငါ့တံခါးတိုင်တို့အနားတွင် စောင့်မျှော်လျက်နေသောသူသည် မင်္ဂလာရှိ၏။
အကျွန်ုပ်ချစ်မြတ်နိုးရသောအရှင်၊ သိုးတို့ကို အဘယ်မှာ ထိန်းကျောင်းသနည်း။ မွန်းတည့်သောအခါ အဘယ်မှာလဲလျောင်းနားနေစေသနည်း။ အကျွန်ုပ်ကို ပြောပြပါ။ အဘယ်ကြောင့် အရှင့်မိတ်ဆွေတို့၏ သိုးအုပ်များကြားတွင် အကျွန်ုပ်သည် ပုန်းလျှိုးကွယ်လျှိုးနေရပါမည်နည်း။”
မြို့ထဲတွင် ကင်းလှည့်နေသူတို့သည် အကျွန်ုပ်ကိုတွေ့ကြ၏။ အကျွန်ုပ်က ‘အကျွန်ုပ်ချစ်မြတ်နိုးသောအရှင်ကို သင်တို့တွေ့မိပါသလား’ဟု မေးပါ၏။
အကျွန်ုပ်ချစ်သူကို တံခါးဖွင့်ပေးဖို့ ထလိုက်သောအခါ အကျွန်ုပ်လက်ကြားမှ မုရန်ဆီတို့ယို၍ လက်ချောင်းများကြားမှ တံခါးလက်ကိုင်ပေါ်သို့ စီးကျလာပါ၏။
ကိုယ်တော်သည် အကျွန်ုပ်တို့ထံမှ မျက်နှာတော်ကိုလွှဲ၍ ဒုစရိုက်လက်ထဲ၌ အကျွန်ုပ်တို့ကို နစ်မွန်းစေသဖြင့် ကိုယ်တော်၏နာမတော်ကိုခေါ်သောသူ၊ မိမိစိတ်ကို နှိုးဆော်၍ ကိုယ်တော်ကို ဖက်တွယ်သောသူတစ်ယောက်မျှမရှိ။
ဂျေရုဆလင်မြို့ရှိလမ်းများပေါ်၌ ခေါက်တုံ့ခေါက်ပြန်သွားလာလျက် ကြည့်ရှုလော့။ ဆင်ခြင်သုံးသပ်လော့။ ထိုမြို့၏လမ်းဆုံလမ်းခွများ၌ ရှာဖွေလော့။ တရားမျှတစွာပြုသောသူ၊ သစ္စာတရားကိုရှာဖွေသောသူတစ်ဦးတစ်ယောက်တွေ့လျှင်ပင် ထိုမြို့ကို ငါခွင့်လွှတ်မည်။
သင်တို့သည် အချိန်အခါကိုသိကြ၏။ သင်တို့အိပ်ပျော်ရာမှ နိုးထရမည့်အချိန်နာရီရောက်လေပြီ။ အဘယ်ကြောင့်ဆိုသော် ယခုအခါ ငါတို့၏ကယ်တင်ခြင်းသည် ငါတို့စတင်ယုံကြည်ချိန်ကထက် ပို၍နီးကပ်လာပြီဖြစ်၏။
အမြင်မှန်ရကြလော့။ အပြစ်ကိုမပြုကြနှင့်။ အကြောင်းမူကား အချို့သောသူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အသိဉာဏ်ကင်းမဲ့ကြ၏။ သင်တို့ကိုအရှက်ရစေရန် ဤသို့ငါပြော၏။
အကြောင်းမူကား ထင်ရှားလာသောအရာရှိသမျှသည် အလင်းဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်နေသောသူ၊ နိုးလော့။ သေသောသူတို့ထဲမှ ထမြောက်လော့။ ထိုအခါ ခရစ်တော်သည် သင့်အား အလင်းကိုပေးတော်မူလိမ့်မည်”ဟု ဆိုထား၏။