အကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် မောက်မာထောင်လွှားသောသူတို့၏အထင်အမြင်သေးခြင်းနှင့် မာနကြီးသောသူတို့၏မထီမဲ့မြင်ပြုခြင်းကိုခံရသည်မှာ လွန်စွာငြီးငွေ့လှပါပြီ။
ရှင်ယောဟန် 8:22 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဂျူးလူမျိုးတို့က “သူသည်‘ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ’ဟုဆိုခြင်းမှာ သူ့ကိုယ်သူ သတ်သေမည်လော”ဟု ပြောဆိုကြ၏။ Common Language Bible သို့ဖြစ်၍ယုဒအာဏာပိုင်များက ``ငါသွား မည့်အရပ်သို့သင်တို့မလိုက်နိုင်ကြဟုသူ ဆိုချေသည်။ သူသည်မိမိကိုယ်ကိုသတ်၍ သေမည်လော'' ဟုပြောဆိုကြ၏။ Garrad Bible ယုဒလူမျိုးတို့က ငါသွားရာသို့သင်တို့ရောက်နိုင်ကြမည်မဟုတ်ဟူ၍သူဆိုသည်မှာ ကိုယ်ကိုသတ်မည်လောဟု တိုင်ပင်ကြသော်၊ Judson Bible ယုဒလူတို့ကလည်း၊ ငါသွားရာအရပ်သို့သင်တို့ မရောက်နိုင်ကြဟု သူသည်ဆိုသော်၊ ကိုယ်အသက်ကို သတ်မည်လောဟု ဆိုကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဂျူးလူမျိုးတို့က “သူသည် ‘ငါသွားမည့်အရပ်သို့ သင်တို့ လိုက်နိုင်မည်မဟုတ်’ ဟု ပြောဆိုသည်မှာ မိမိကိုယ်ကိုယ် သတ်သေရန် ကြံစည်နေသလော” ဟု ပြောဆိုကြ၏။ မြန်မာ ယုဒလူတို့ကလည်း၊ ငါသွားရာအရပ်သို့သင်တို့ မရောက်နိုင်ကြဟု သူသည်ဆိုသော်၊ ကိုယ်အသက်ကို သတ်မည်လောဟု ဆိုကြ၏။- |
အကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် မောက်မာထောင်လွှားသောသူတို့၏အထင်အမြင်သေးခြင်းနှင့် မာနကြီးသောသူတို့၏မထီမဲ့မြင်ပြုခြင်းကိုခံရသည်မှာ လွန်စွာငြီးငွေ့လှပါပြီ။
အကျွန်ုပ်မူကား လူမဟုတ်၊ ပိုးကောင်မျှသာဖြစ်ပါ၏။ လူတို့ကဲ့ရဲ့ပြစ်တင်စရာနှင့် လူအများမထီမဲ့မြင်ပြုစရာဖြစ်ပါ၏။
ဖြောင့်မတ်သောသူတစ်ဖက်၌ မာန်မာနဖြင့်လည်းကောင်း၊ မထီမဲ့မြင်ပြုခြင်းဖြင့်လည်းကောင်း မောက်မာစွာပြောဆိုတတ်သည့် မုသားနှုတ်ခမ်းသည် တိတ်ဆိတ်စွာနေရပါစေသော။
ဂျူးလူမျိုးတို့သည် ယောဟန်ထံသို့ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များကို ဂျေရုဆလင်မြို့မှစေလွှတ်၍ “သင်သည်မည်သူနည်း”ဟု မေးမြန်းစေကြသောအခါ ယောဟန်၏သက်သေခံချက်မှာ ဤသို့ဖြစ်၏။
သူတို့ထဲမှ အများစုက “သူသည် နတ်ဆိုးပူး၍ ရူးသွပ်နေပြီ။ သူ့ကို အဘယ်ကြောင့် နားထောင်ကြသနည်း”ဟု ဆိုကြ၏။
လူထုပရိသတ်က “သင့်ကိုနတ်ဆိုးပူးနေ၏။ သင့်ကိုသတ်ရန် မည်သူရှာကြံနေသနည်း”ဟု ဆိုကြ၏။
ဂျူးလူမျိုးတို့ကလည်း “ငါတို့ရှာ၍မတွေ့စေရန် ဤသူသည် မည်သည့်အရပ်သို့သွားရန် ကြံရွယ်နေသနည်း။ ဂရိလူမျိုးတို့ရှိရာအရပ်ရပ်တို့၌ ကွဲလွင့်ပျံ့နှံ့နေသောသူတို့ထံသို့သွား၍ ဂရိလူမျိုးတို့ကိုသွန်သင်ရန် ကြံရွယ်နေသလော။
ဂျူးလူမျိုးတို့ကလည်း “သင်သည် ရှမာရိနယ်သားဖြစ်ပြီး သင့်ကိုနတ်ဆိုးပူးနေသည်ဟူ၍ ငါတို့ပြောကြသည်မှာ လျောက်ပတ်သည်မဟုတ်လော”ဟု ပြန်ပြောကြ၏။
ထိုအခါ ဂျူးလူမျိုးတို့က “သင့်ကိုနတ်ဆိုးပူးနေကြောင်း ယခု အကျွန်ုပ်တို့သိကြပြီ။ အာဗြဟံသည် သေလွန်ခဲ့ပြီး ပရောဖက်တို့လည်း သေလွန်ကြပြီ။ သင်မူကား‘မည်သူမဆို ငါ့စကားကိုလိုက်နာစောင့်ထိန်းလျှင် ကာလအစဉ်အဆက် မည်သည့်အခါမျှ သေခြင်းကိုမြည်းစမ်းရမည်မဟုတ်’ဟု ဆိုပါသည်တကား။
ထို့ကြောင့် သင်တို့သည် စိတ်ပင်ပန်းနွမ်းနယ်၍ စိတ်ပျက်ခြင်းမရှိစေရန် အပြစ်သားတို့၏ထိုကဲ့သို့သောဆန့်ကျင်မှုကိုသည်းခံတော်မူသောအရှင်ကို အောက်မေ့ဆင်ခြင်ကြလော့။
သို့ဖြစ်၍ ငါတို့သည် ကိုယ်တော်ခံခဲ့သောကဲ့ရဲ့ပြစ်တင်ခြင်းကိုဆောင်ယူပြီး စခန်းအပြင်သို့ထွက်၍ ကိုယ်တော်ထံသို့ သွားကြကုန်စို့။