ထို့နောက် သူက “ထာဝရဘုရားမိန့်တော်မူသည့် နိမိတ်လက္ခဏာဟူမူကား ‘ကြည့်ရှုလော့။ ယဇ်ပလ္လင်အက်ကွဲပြီး ယဇ်ပလ္လင်ပေါ်ရှိပြာများ ဖိတ်ကျလာလိမ့်မည်’ဟူ၍ ဖြစ်၏”ဟု ဆိုလျက် ထိုနေ့တွင် နိမိတ်လက္ခဏာတစ်ခုကို ပြလေ၏။
ရှင်ယောဟန် 2:18 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဂျူးလူမျိုးတို့က ကိုယ်တော်အား “သင်သည် ဤသို့ပြုခြင်းအတွက် မည်သည့်နိမိတ်လက္ခဏာကို ငါတို့အားပြမည်နည်း”ဟု ဆိုကြ၏။ Common Language Bible ယုဒအာဏာပိုင်တို့က ``သင်သည်ဤအမှု အရာများကိုပြုလုပ်ပိုင်ကြောင်းသိသာ စေရန် ငါတို့အားအဘယ်နိမိတ်လက္ခဏာ ကိုပြပါမည်နည်း'' ဟုဆိုကြ၏။ Garrad Bible ယုဒလူမျိုးတို့က၊ ဤသို့သင်ပြုသည်မှာ မည်သည့်နိမိတ်လက္ခဏာကိုပြသနည်း ဟုမေးကြသော်၊ Judson Bible ယုဒလူတို့ကလည်း၊ သင်သည် ဤသို့ပြုလျှင် အဘယ်နိမိတ်လက္ခဏာကို ငါတို့အား ပြမည်နည်းဟု ဆိုကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျူးခေါင်းဆောင်တို့က “ဤအခွင့်ကို ဘုရားသခင်ထံမှ ရသည်မှန်လျှင် မည်သည့်နိမိတ်လက္ခဏာအားဖြင့် ငါတို့အား သက်သေပြမည်နည်း” ဟု ဆိုကြ၏။ မြန်မာ ယုဒလူတို့ကလည်း၊ သင်သည် ဤသို့ပြုလျှင် အဘယ်နိမိတ်လက္ခဏာကို ငါတို့အား ပြမည်နည်းဟု ဆိုကြ၏။- |
ထို့နောက် သူက “ထာဝရဘုရားမိန့်တော်မူသည့် နိမိတ်လက္ခဏာဟူမူကား ‘ကြည့်ရှုလော့။ ယဇ်ပလ္လင်အက်ကွဲပြီး ယဇ်ပလ္လင်ပေါ်ရှိပြာများ ဖိတ်ကျလာလိမ့်မည်’ဟူ၍ ဖြစ်၏”ဟု ဆိုလျက် ထိုနေ့တွင် နိမိတ်လက္ခဏာတစ်ခုကို ပြလေ၏။
“သင်တို့အား ဖာရောမင်းကြီးက ‘သင်တို့ကိုယ်တိုင် အံ့ဩဖွယ်အမှုများကိုပြုလော့’ဟု ဆိုလျှင် မောရှေက အာရုန်အား ‘သင်၏တောင်ဝှေးကိုယူ၍ ဖာရောမင်းကြီး၏ရှေ့၌ပစ်ချလော့’ဟု ပြောရမည်။ တောင်ဝှေးသည် မြွေနဂါးဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့နောက် ဗိမာန်တော်ထဲသို့ဝင်၍ သွန်သင်တော်မူစဉ် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှ သက်ကြီးဝါကြီးများသည် အထံတော်သို့ ချဉ်းကပ်လာ၍ “သင်သည် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုသနည်း။ ထိုအခွင့်အာဏာကို မည်သူက သင့်အားပေးသနည်း”ဟု မေးမြန်းကြ၏။
ထိုအခါ ဖာရိရှဲတို့သည်ထွက်လာ၍ ကိုယ်တော်နှင့်ငြင်းခုံပြောဆိုကြကာ ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ကောင်းကင်မှနိမိတ်လက္ခဏာကို တောင်းဆိုကြ၏။
လူထုပရိသတ်များစုရုံးလာကြစဉ် ကိုယ်တော်က“ဤမျိုးဆက်သည် ဆိုးညစ်သောမျိုးဆက်ဖြစ်၏။ သူတို့သည် နိမိတ်လက္ခဏာကိုတောင်းဆိုသော်လည်း ယောန၏နိမိတ်လက္ခဏာမှတစ်ပါး မည်သည့်နိမိတ်လက္ခဏာကိုမျှ သူတို့အားပြလိမ့်မည်မဟုတ်။
ဂျူးလူမျိုးတို့သည် ယောဟန်ထံသို့ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များကို ဂျေရုဆလင်မြို့မှစေလွှတ်၍ “သင်သည်မည်သူနည်း”ဟု မေးမြန်းစေကြသောအခါ ယောဟန်၏သက်သေခံချက်မှာ ဤသို့ဖြစ်၏။
တစ်ဖန် သူတို့က “သင်သည် ခရစ်တော်မဟုတ်၊ ဧလိယလည်းမဟုတ်၊ ထိုပရောဖက်လည်းမဟုတ်လျှင် အဘယ်ကြောင့်ဗတ္တိဇံပေးသနည်း”ဟု မေးမြန်းကြ၏။
သူတို့ကလည်း “သို့ဖြစ်လျှင် အကျွန်ုပ်တို့မြင်၍ ကိုယ်တော်ကိုယုံကြည်နိုင်ရန် မည်သို့သောနိမိတ်လက္ခဏာကို ကိုယ်တော်ပြုတော်မူမည်နည်း။ မည်သည့်အမှုကို ဆောင်ရွက်ပေးတော်မူမည်နည်း။
သူတို့သည် ပေတရုနှင့်ယောဟန်တို့ကို အားလုံးရှေ့၌ရပ်စေပြီးလျှင် “သင်တို့သည် မည်သည့်အာဏာ၊ မည်သည့်နာမဖြင့် ဤအမှုကို ပြုကြသနည်း”ဟု မေးမြန်းကြ၏။
“ဤနာမကိုအမှီပြု၍ မသွန်သင်ကြရန် သင်တို့အား တင်းကျပ်စွာအမိန့်ပေးထားသည်မဟုတ်လော။ သို့ရာတွင် သင်တို့သည် ဂျေရုဆလင်မြို့၌ သင်တို့၏သွန်သင်ချက်ကိုပျံ့နှံ့စေ၍ ထိုသူ၏သွေးကို ငါတို့အပေါ်သက်ရောက်စေရန် ကြံရွယ်ကြသည်တကား”ဟု မေးမြန်းပြောဆိုလေ၏။