Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 11:29 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 လူထု​ပရိသတ်​များ​စုရုံး​လာ​ကြ​စဉ် ကိုယ်တော်​က“ဤ​မျိုးဆက်​သည် ဆိုးညစ်​သော​မျိုးဆက်​ဖြစ်​၏။ သူ​တို့​သည် နိမိတ်​လက္ခဏာ​ကို​တောင်းဆို​သော်လည်း ယောန​၏​နိမိတ်​လက္ခဏာ​မှတစ်ပါး မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ သူ​တို့​အား​ပြ​လိမ့်မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29 လူ​ပ​ရိ​သတ်​တို့​သည်​စု​ရုံး​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​က ``ယ​ခု​ခေတ်​လူ​တို့​သည်​အ​လွန် ဆိုး​ညစ်​လှ​ပါ​သည်​တ​ကား။ သူ​တို့​သည်​နိ​မိတ် လက္ခ​ဏာ​ကို​တောင်း​ဆို​ကြ​၏။ သို့​ရာ​တွင်​ယော​န ၏​နိ​မိတ်​လက္ခ​ဏာ​မှ​တစ်​ပါး​အ​ဘယ်​နိ​မိတ် လက္ခ​ဏာ​ကို​မျှ​သူ​တို့​အား​ပြ​လိမ့်​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 လူ ပ ရိ သတ် ထပ် မံ စု ရုံး ကြ သည့် ကာ လ ကိုယ် တော် က ယ ခု လူ မျိုး သည် ဆိုး သွမ်း သော လူ မျိုး ဖြစ် သ တည်း။ နိ မိတ် လက္ခ ဏာ တောင်း ကြ သည် မှာ ယော န၏ နိ မိတ် လ က္ခ ဏာ မှ တစ် ပါး မည် သည့် နိ မိတ် လ က္ခ ဏာ ကို မျှ ပြ မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 လူ​အ​စု​အ​ဝေး​တို့​သည် ထူ​ထပ်​လျက်​ရှိ​ကြ​သော​အ​ခါ ကိုယ်​တော်​က၊ ဤ​လူ​မျိုး​သည် ဆိုး​ညစ်​သော​အ​မျိုး​ဖြစ်၏။ နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​သည်​မှာ ပ​ရော​ဖက်​ယော​န၏ နိ​မိတ်​လ​က္ခ​ဏာ​မှ​တစ်​ပါး အ​ဘယ်​လ​က္ခ​ဏာ​ကို​မျှ သူ​တို့​အား​မ​ပြ​ရာ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

29 လူထု​ပရိသတ်များ ပို​၍​များပြားလာ​သောအခါ ယေရှု​က “ဤ​မျိုးဆက်​သည် ဆိုးညစ်သော​မျိုးဆက်​ဖြစ်၏။ သူတို့​သည် နိမိတ်​လက္ခဏာ​ကို တောင်းတတ်၏။ သို့သော် ငါ​သည် ပရောဖက်​ယောန​၏​နိမိတ်​လက္ခဏာ​မှလွဲ၍ မည်သည့်​နိမိတ်​လက္ခဏာ​ကိုမျှ ပြမည်​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

29 လူ​အ​စု​အ​ဝေး​တို့​သည် ထူ​ထပ်​လျက်​ရှိ​ကြ​သော​အ​ခါ ကိုယ်​တော်​က၊ ဤ​လူ​မျိုး​သည် ဆိုး​ညစ်​သော​အ​မျိုး​ဖြစ်၏။ နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​သည်​မှာ ပ​ရော​ဖက်​ယော​န၏ နိ​မိတ်​လ​က္ခ​ဏာ​မှ​တစ်​ပါး အ​ဘယ်​လ​က္ခ​ဏာ​ကို​မျှ သူ​တို့​အား​မ​ပြ​ရာ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 11:29
19 ပူးပေါင်းရင်းမြစ်များ  

ယေဇကျေလ​၏​ဖြစ်ရပ်​သည် သင်​တို့​အတွက် နိမိတ်​ဖြစ်​၏​။ သူ​ပြု​သည့်​အတိုင်း သင်​တို့​ပြု​ရ​မည်​။ ထိုသို့​ဖြစ်ပျက်​သောအခါ​မှ ငါ​သည် ဘုရားရှင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်ဟူ၍ မိန့်​တော်မူ​သည်​ဟု ဆင့်ဆို​လော့​။


ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် အမိတ္တဲ​၏​သား​ယောန​ထံသို့ ရောက်လာ​၍


သို့သော် သူ​၏​ဗတ္တိဇံ​ကို​ခံ​ရန် များစွာ​သော​ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့​လာ​ကြ​သည်​ကို​မြင်​လျှင် ယောဟန်​က “မြွေဆိုး​အမျိုး​တို့၊ ရောက်လာ​မည့်​အမျက်​တော်​မှ ထွက်ပြေး​ရန် မည်သူ​က သင်​တို့​ကို သတိပေး​ခဲ့​သနည်း။


အကြောင်းမူကား ဖောက်ပြန်​၍ အပြစ်​နှင့်​ပြည့်​နေ​သော ဤ​ခေတ်ကာလ​၌ မည်သူမဆို ငါ​နှင့်​ငါ့​စကား​အတွက်​ရှက်​လျှင် လူ့သား​သည်​လည်း သန့်ရှင်း​သော​ကောင်းကင်တမန်​များ​နှင့်အတူ မိမိ​ခမည်းတော်​၏​ဘုန်း​အသရေ​ကို​ဆောင်​လျက် ကြွလာ​သောအခါ ထို​သူ​အတွက်​ရှက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


အချို့​တို့​သည်​လည်း ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ကောင်းကင်​မှ​နိမိတ်​လက္ခဏာ​ကို တောင်းဆို​ကြ​၏။


ထို့ကြောင့် အာဗေလ​၏​သွေး​မှစ၍ ဗိမာန်​တော်​နှင့်​ယဇ်ပလ္လင်​ကြား​တွင် အသတ်​ခံ​ခဲ့​ရ​သည့် ဇာခရိ​၏​သွေး​တိုင်အောင် ကမ္ဘာ​တည်​ချိန်​မှစ၍ သွန်းလောင်း​ခြင်း​ခံရ​သော ပရောဖက်​အပေါင်း​တို့​၏​သွေး​ကြွေး​ကို ဤ​မျိုးဆက်​ထံမှ တောင်းယူ​လိမ့်မည်။


ထိုအခါ ထောင်ပေါင်း​များစွာ​သော​လူထု​ပရိသတ်​တို့​သည် စုဝေး​လာ​ကြ​၍ အချင်းချင်း​ပင်​နင်းမိမတတ်​ဖြစ်​ကြ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​အား ဦးစွာ​မြွက်ဆို​တော်မူ​သည်​မှာ“ဖာရိရှဲ​တို့​၏​တဆေး​ဖြစ်​သည့် သူတော်ကောင်း​ယောင်ဆောင်​မှု​ကို သတိထား​ကြ​လော့။


ယေရှု​က​လည်း“အို ယုံကြည်​ခြင်း​မ​ရှိ၊ ဖောက်ပြန်​လမ်းလွဲ​သော​မျိုးဆက်၊ ငါ​သည် သင်​တို့​နှင့်အတူ မည်မျှ​ကြာအောင်​နေ​၍ သင်​တို့​ကို​သည်းခံ​ရ​မည်နည်း။ သင်​၏​သား​ကို ဤ​နေရာ​သို့​ခေါ်​ခဲ့​လော့”​ဟု မိန့်​တော်မူ​၏။


ထိုအခါ ဂျူး​လူမျိုး​တို့​က ကိုယ်တော်​အား “သင်​သည် ဤသို့​ပြု​ခြင်း​အတွက် မည်သည့်​နိမိတ်​လက္ခဏာ​ကို ငါ​တို့​အား​ပြ​မည်နည်း”​ဟု ဆို​ကြ​၏။


သူ​တို့​က​လည်း “သို့ဖြစ်လျှင် အကျွန်ုပ်​တို့​မြင်​၍ ကိုယ်တော်​ကို​ယုံကြည်​နိုင်​ရန် မည်သို့​သော​နိမိတ်​လက္ခဏာ​ကို ကိုယ်တော်​ပြု​တော်မူ​မည်နည်း။ မည်သည့်​အမှု​ကို ဆောင်ရွက်​ပေး​တော်မူ​မည်နည်း။


သင်​တို့​သည် သင်​တို့​၏​အဖ​မာရ်နတ်​နှင့်​စပ်ဆိုင်​ကြ​ပြီး သင်​တို့​အဖ​၏​ဆန္ဒ​အတိုင်း​ပြု​လို​ကြ​၏။ မာရ်နတ်​သည် အစအဦး​ကပင် လူသတ်သမား​ဖြစ်​၏။ သူ​၌​သမ္မာတရား​မ​ရှိ​သောကြောင့် သမ္မာတရား​၌​မ​ရပ်တည်။ သူ​သည် လိမ်လည်​သော​သူ​ဖြစ်​ပြီး လိမ်လည်​ခြင်း​၏​အဖ​လည်း​ဖြစ်​သောကြောင့် လိမ်လည်​ပြောဆို​သောအခါ မိမိ​ပင်ကိုစရိုက်​အတိုင်း​ပြောဆို​၏။


ဂျူး​လူမျိုး​တို့​သည် နိမိတ်​လက္ခဏာ​များ​ကို​တောင်း​တတ်​ကြ​၏။ ဂရိ​လူမျိုး​တို့​သည် ဉာဏ်ပညာ​ကို​ရှာဖွေ​တတ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ