စာရာသည် ကြောက်သဖြင့် “ကျွန်မ မရယ်ပါ”ဟု ငြင်းဆိုလေ၏။ ကိုယ်တော်ကလည်း “မဟုတ်ပါ။ သင်အမှန်ပင် ရယ်သည်”ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 18:25 - မြန်မာ့စံမီသမ္မာကျမ်း ရှိမုန်ပေတရုမူကား ရပ်လျက်မီးလှုံနေဆဲဖြစ်၏။ ထိုအခါ လူတို့က “သင်သည်လည်း ထိုသူ၏တပည့်များထဲမှတစ်ဦးဖြစ်သည်မဟုတ်လော”ဟု မေးကြလျှင် ပေတရုက “မဟုတ်ပါ”ဟု ငြင်းဆိုလေ၏။ Common Language Bible ရှိမုန်ပေတရုသည်ရပ်လျက်မီးလှုံနေ၏။ လူ အချို့က ``သင်သည်လည်းထိုသူ၏တပည့် မဟုတ်ပါလော'' ဟုမေးကြ၏။ ပေတရုက ``ငါမဟုတ်'' ဟုငြင်းဆို၏။ Garrad Bible ထိုအခါ ရှိမုန်ပေတရုသည်မီးလှုံလျက်ရပ်နေခိုက် သင်လည်းသူ့တပည့်တို့ အပေါင်းပါလောဟုမေးကြသော် ငါမဟုတ်ဟုငြင်းဆိုပြီးနောက်၊ Judson Bible ရှိမုန်ပေတရုသည် ရပ်၍ မီးလှုံလျက်နေသည်တွင် အချို့သောသူတို့က၊ သင်သည် သူ၏တပည့်တို့အဝင် ဖြစ်သည်မဟုတ်လောဟု မေးလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်၌ ရှိမုန်ပေတရုသည် ရပ်လျက် မီးလှုံနေစဉ် လူတို့က “သင်သည်လည်း သူ၏ တပည့်များထဲမှ တစ်ယောက်မဟုတ်လော” ဟု မေးကြ၏။ ပေတရုက “မဟုတ်ပါ” ဟု ငြင်းပြန်၏။ မြန်မာ ရှိမုန်ပေတရုသည် ရပ်၍ မီးလှုံလျက်နေသည်တွင် အချို့သောသူတို့က၊ သင်သည် သူ၏တပည့်တို့အဝင် ဖြစ်သည်မဟုတ်လောဟု မေးလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။- |
စာရာသည် ကြောက်သဖြင့် “ကျွန်မ မရယ်ပါ”ဟု ငြင်းဆိုလေ၏။ ကိုယ်တော်ကလည်း “မဟုတ်ပါ။ သင်အမှန်ပင် ရယ်သည်”ဟု မိန့်တော်မူ၏။
လူကိုကြောက်ရွံ့ခြင်းသည် ထောင်ချောက်ဖြစ်၏။ ထာဝရဘုရားကိုယုံကြည်ကိုးစားသောသူမူကား လုံခြုံစွာနေရ၏။
ပေတရုမူကား အိမ်အပြင် ခြံဝင်းအတွင်း၌ ထိုင်နေ၏။ ထိုအခါ အစေခံမိန်းမတစ်ယောက်သည် သူ့ထံသို့ချဉ်းကပ်လာ၍ “သင်သည်လည်း ဂါလိလဲနယ်သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။
ပေတရုသည် ခြံဝင်းအောက်ဘက်၌ရှိစဉ် ယဇ်ပုရောဟိတ်မင်း၏အစေခံမိန်းမတစ်ဦးသည်လာ၍
သူတို့သည် ခြံဝင်းအလယ်တွင် မီးဖို၍ စုဝေးလျက်ထိုင်နေကြသဖြင့် ပေတရုသည်လည်း သူတို့အကြား၌ထိုင်လေ၏။
ထိုအခါ အစေခံမိန်းမတစ်ဦးသည် မီးဖို၏အလင်း၌ထိုင်နေသော ပေတရုကိုမြင်၍ သူ့ကိုစေ့စေ့ကြည့်လျက် “ဤသူသည်လည်း ထိုသူ၏အပေါင်းအဖော်ဖြစ်သည်”ဟု ဆိုလေ၏။