Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 18:25 - မြန်မာ

25 ရှိ​မုန်​ပေ​တ​ရု​သည် ရပ်၍ မီး​လှုံ​လျက်​နေ​သည်​တွင် အ​ချို့​သော​သူ​တို့​က၊ သင်​သည် သူ၏​တ​ပည့်​တို့​အ​ဝင် ဖြစ်​သည်​မ​ဟုတ်​လော​ဟု မေး​လျှင်၊ မ​ဟုတ်​ဘူး​ဟု ပေ​တ​ရု​ငြင်း​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ရှိ​မုန်​ပေ​တ​ရု​သည်​ရပ်​လျက်​မီး​လှုံ​နေ​၏။ လူ အ​ချို့​က ``သင်​သည်​လည်း​ထို​သူ​၏​တ​ပည့် မ​ဟုတ်​ပါ​လော'' ဟု​မေး​ကြ​၏။ ပေ​တ​ရု​က ``ငါ​မ​ဟုတ်'' ဟု​ငြင်း​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ထိုအခါ ရှိမုန်ပေတရုသည်မီးလှုံလျက်ရပ်နေခိုက် သင်လည်းသူ့တပည့်တို့ အပေါင်းပါလောဟုမေးကြသော် ငါမဟုတ်ဟုငြင်းဆိုပြီးနောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ရှိ​မုန်​ပေ​တ​ရု​သည် ရပ်၍ မီး​လှုံ​လျက်​နေ​သည်​တွင် အ​ချို့​သော​သူ​တို့​က၊ သင်​သည် သူ၏​တ​ပည့်​တို့​အ​ဝင် ဖြစ်​သည်​မ​ဟုတ်​လော​ဟု မေး​လျှင်၊ မ​ဟုတ်​ဘူး​ဟု ပေ​တ​ရု​ငြင်း​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ရှိမုန်​ပေတရု​မူကား ရပ်​လျက်​မီးလှုံ​နေ​ဆဲ​ဖြစ်​၏။ ထိုအခါ လူ​တို့​က “သင်​သည်​လည်း ထို​သူ​၏​တပည့်​များ​ထဲမှ​တစ်​ဦး​ဖြစ်​သည်​မ​ဟုတ်​လော”​ဟု မေး​ကြ​လျှင် ပေတရု​က “မ​ဟုတ်​ပါ”​ဟု ငြင်းဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 ထို​အချိန်​၌ ရှိမုန်​ပေတရု​သည် ရပ်​လျက် မီးလှုံ​နေစဉ် လူတို့​က “သင်​သည်လည်း သူ​၏ တပည့်များ​ထဲမှ တစ်ယောက်​မဟုတ်လော” ဟု မေးကြ၏။ ပေတရု​က “မဟုတ်ပါ” ဟု ငြင်းပြန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 18:25
13 ပူးပေါင်းရင်းမြစ်များ  

ပေ​တ​ရု​သည် ပြင်​မှာ အိမ်​ဦး၌​ထိုင်​နေ​စဉ်၊ အ​စေ​အ​ပါ မိန်း​မ​တစ်​ယောက်​သည် သူ​ရှိ​ရာ​သို့​လာ၍ သင်​သည်​လည်း ဂါ​လိ​လဲ​လူ ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်​သည်​ဟု ဆို​လျှင်၊-


ပေ​တ​ရု​သည် အောက်​မှာ အိမ်​ဦး၌​ရှိ​စဉ်၊ ယဇ်​ပု​ရော​ဟိတ်​မင်း၏ အ​စေ​အ​ပါ မိန်း​မ​တစ်​ယောက်​သည် လာ၍၊-


အိမ်​ဦး​အ​လယ်၌ မီး​မွေး​ပြီး​မှ၊ လူ​များ​တို့​သည် စု​ဝေး၍ ထိုင်​ကြ​လျှင်၊ ပေ​တ​ရု​သည်​လည်း သူ​တို့​အ​ထဲ၌ ထိုင်​နေ၏။-


ထို​သို့ ပေ​တ​ရု​သည် မီး​အ​နား​မှာ ထိုင်​နေ​သည်​ကို အ​စေ​အ​ပါ​မိန်း​မ​တစ်​ယောက်​သည် မြင်​လျှင်၊ သူ့​ကို စေ့​စေ့​ကြည့်၍၊ ဤ​သူ​သည် ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်​သည်​ဟု ဆို​သော်၊-


ပေ​တ​ရု​က၊ အ​ချင်း​မိန်း​မ၊ ထို​သူ​ကို ငါ​မ​သိ​ဟု ငြင်း​လေ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ