ထာဝရအရှင်ဘုရားသခင်သည် လူကိုခေါ်ဆောင်၍ ဧဒင်ဥယျာဉ်ကိုပြုစုစောင့်ရှောက်စေရန် ထိုဥယျာဉ်၌ထားတော်မူ၏။
ရှင်ယောဟန် 18:1 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ထိုသို့မြွက်ဆိုတော်မူပြီးနောက် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ ထွက်သွားတော်မူ၏။ ထိုအရပ်၌ ဥယျာဉ်တစ်ခုရှိ၍ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ ထိုဥယျာဉ်ထဲသို့ဝင်တော်မူ၏။ Common Language Bible ဤသို့ဆုတောင်းတော်မူပြီးနောက်ကိုယ်တော် သည်တပည့်တော်တို့နှင့်အတူကြွတော်မူ၍ ကေဒြုန်ချောင်းကိုကူးတော်မူ၏။ ထိုအရပ် တွင်ဥယျာဉ်တစ်ခုရှိ၏။ သခင်ယေရှုနှင့် တပည့်တော်တို့သည် ထိုဥယျာဉ်ထဲသို့ဝင် ကြ၏။- Garrad Bible ထိုသို့ ယေရှုလျှောက်ဆိုတော်မူပြီးသော် တပည့်တော်တို့နှင့်တကွထွက်၍ ကေဒြုန်ချောင်းတစ်ဘက်ရှိ ဥယျာဉ်သို့ကြွဝင်တော်မူ၏။ Judson Bible ထိုသို့ မိန့်မြွက်တော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ကြွ၍၊ ထိုအရပ်၌ရှိသော ဥယျာဉ်သို့ဝင်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ဆုတောင်းတော်မူပြီးနောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချိုင့်ဝှမ်းကို ဖြတ်၍ တစ်ဖက်တွင် ရှိသောဥယျာဉ်သို့ ကြွတော်မူ၏။ မြန်မာ ထိုသို့ မိန့်မြွက်တော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ကြွ၍၊ ထိုအရပ်၌ရှိသော ဥယျာဉ်သို့ဝင်တော်မူ၏။- |
ထာဝရအရှင်ဘုရားသခင်သည် လူကိုခေါ်ဆောင်၍ ဧဒင်ဥယျာဉ်ကိုပြုစုစောင့်ရှောက်စေရန် ထိုဥယျာဉ်၌ထားတော်မူ၏။
ထို့ကြောင့် ထာဝရအရှင်ဘုရားသခင်သည် လူကို ဧဒင်ဥယျာဉ်ထဲမှနှင်ထုတ်၍ မြေမှဖြစ်လာသောလူကို ထိုမြေကိုပင် ထွန်ယက်လုပ်ကိုင်စေ၏။
လူအပေါင်းတို့ ဖြတ်ကူးသွားကြသောအခါ ပြည်သူပြည်သားအပေါင်းတို့သည် အော်ဟစ်ငိုကြွေးကြ၏။ ရှင်ဘုရင်သည် ကေဒြုန်ချောင်းကို ဖြတ်ကူးသဖြင့် လူအပေါင်းတို့သည်လည်း ဖြတ်ကူး၍ ကန္တာရလမ်းအတိုင်း သွားကြ၏။
အာရှရနတ်ဘုရားမရုပ်တုကို ပြုလုပ်ကိုးကွယ်သော အဘွားတော်မာခါကိုလည်း မယ်တော်မိဖုရားအရာမှနုတ်ပယ်ပစ်ပြီး ထိုရုပ်တုကိုခုတ်လှဲကာ ကေဒြုန်ချိုင့်ဝှမ်းတွင် မီးရှို့ပစ်လေ၏။
သင်သည် မြို့ပြင်ထွက်၍ ကေဒြုန်ချောင်းကို ဖြတ်သည့်နေ့တွင်ပင် မုချသေရမည်ဟု မှတ်လော့။ သင့်အပြစ်သည် သင့်ခေါင်းပေါ်သို့ ပြန်ရောက်ခြင်းသာဖြစ်၏”ဟု မိန့်ဆို၏။
ရှင်ဘုရင်သည် ယုဒဘုရင်တို့ တည်ထားခဲ့သည့် အာခတ်မင်းကြီး၏လေသာနန်းဆောင်ခေါင်မိုးပြင်ရှိ ယဇ်ပလ္လင်များ၊ ထာဝရဘုရား၏အိမ်တော်ဝင်းနှစ်ခုအတွင်းရှိ မနာရှေမင်းကြီးတည်ထားခဲ့သောယဇ်ပလ္လင်များကို ရှိသည့်နေရာမှ ဖြိုချအမှုန့်ချေပစ်ပြီး ကေဒြုန်ချိုင့်ဝှမ်းထဲသို့ ကြဲချလိုက်လေ၏။
ထို့နောက် ရှင်ဘုရင်က ယဇ်ပုရောဟိတ်မင်းဟိလခိ၊ လက်ထောက်ယဇ်ပုရောဟိတ်များနှင့် တံခါးစောင့်များအား ဗာလဘုရား၊ အာရှရနတ်ဘုရားမနှင့် ကောင်းကင်တန်ဆာများအဖို့ပြုလုပ်ထားသောအသုံးအဆောင်များအားလုံးကို ထာဝရဘုရား၏ဗိမာန်တော်မှ ထုတ်ဆောင်လာရန် အမိန့်ပေး၏။ ရှင်ဘုရင်သည် ထိုအရာတို့ကို ဂျေရုဆလင်မြို့ပြင် ကေဒြုန်လွင်ပြင်တွင်မီးရှို့ပြီး ပြာများကို ဗေသလမြို့သို့ ယူဆောင်သွား၏။
အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း ထာဝရဘုရား၏အိမ်တော်ထဲမှ ဂျေရုဆလင်မြို့ပြင် ကေဒြုန်ချိုင့်ဝှမ်းသို့ ထုတ်လာ၏။ ထိုတံခွန်တိုင်ကို ကေဒြုန်ချိုင့်ဝှမ်း၌ မီးရှို့အမှုန့်ချေပစ်ပြီး ပြာများကို ပြည်သူပြည်သားတို့၏သင်္ချိုင်းပေါ်သို့ ကြဲချလေ၏။
အာသမင်းကြီးသည် အာရှရနတ်ဘုရားမရုပ်တုကို ပြုလုပ်ကိုးကွယ်သော မိမိ၏အဘွားတော်မာခါကိုလည်း မယ်တော်မိဖုရားအရာမှနုတ်ပယ်ပစ်ပြီး ထိုရုပ်တုကိုခုတ်လှဲဖျက်ဆီးကာ ကေဒြုန်ချိုင့်ဝှမ်းတွင် မီးရှို့ပစ်လေ၏။
ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏အိမ်တော်အတွင်းခန်းထဲသို့ ဝင်သွားပြီး သန့်ရှင်းအောင်ပြု၏။ ထာဝရဘုရား၏အိမ်တော်အတွင်းရှိ သူတို့တွေ့သမျှ မသန့်ရှင်းသောအရာတို့ကို ထာဝရဘုရား၏အိမ်တော်ဝင်းသို့ထုတ်သွားကြ၏။ လေဝိအမျိုးသားတို့သည် ၎င်းတို့ကို မြို့ပြင်ကေဒြုန်ချိုင့်ဝှမ်းသို့ သယ်ထုတ်သွားကြ၏။
သူတို့သည် ထ၍ဂျေရုဆလင်မြို့ရှိ ယဇ်ပလ္လင်များနှင့် နံ့သာပေါင်းယဇ်ပလ္လင်ရှိသမျှကို ဖြိုချပြီး ကေဒြုန်ချိုင့်ဝှမ်းထဲသို့ ပစ်ချကြ၏။
ထို့ကြောင့် ထိုည၌ပင် ချောင်းနားသို့သွား၍ မြို့ရိုးကို ကြည့်ရှုစစ်ဆေးပြီးလျှင် ပြန်လှည့်လာပြီး ချိုင့်ဝှမ်းလွင်ပြင်တံခါးမှ ပြန်ဝင်လာခဲ့၏။
အလောင်းကောင်များ၊ ပြာများစွန့်ပစ်ရာ ချိုင့်ဝှမ်းတစ်ခုလုံး၊ ကေဒြုန်ချောင်းမှ အရှေ့ဘက်မြင်းတံခါးထောင့်အထိ ကွင်းပြင်တစ်ခုလုံးသည် ထာဝရဘုရားအတွက် သန့်ရှင်းသောနေရာဖြစ်လာမည်။ ဘယ်သောအခါမျှ ဖြိုဖျက်မှောက်လှန်ခြင်းခံရမည်မဟုတ်”ဟု မိန့်တော်မူ၏။
ထိုမုန့်ကို တစ်စစီချိုးဖဲ့၍ ထိုမုန့်ပေါ်၌ ဆီလောင်းရမည်။ ဤသည်ကား ဘောဇဉ်ပူဇော်သက္ကာဖြစ်၏။
ထို့နောက် သူတို့သည် ချီးမွမ်းသီချင်းသီဆိုပြီးမှ သံလွင်တောင်သို့ထွက်သွားကြ၏။
ထို့နောက် ယေရှုသည် သူတို့နှင့်အတူ ဂေသရှေမန်ဟုခေါ်သောအရပ်သို့ ရောက်တော်မူ၏။ ကိုယ်တော်သည် တပည့်တော်တို့အား“ငါသည် ထိုနေရာသို့သွား၍ ဆုတောင်းစဉ်တွင် ဤနေရာ၌ ထိုင်နေကြလော့”ဟု မိန့်တော်မူပြီးလျှင်
ထို့နောက် သူတို့သည် ချီးမွမ်းသီချင်းသီဆိုပြီးမှ သံလွင်တောင်သို့ထွက်သွားကြ၏။
ထို့နောက် သူတို့သည် ဂေသရှေမန်အမည်ရှိသောအရပ်သို့ ရောက်ကြ၏။ ကိုယ်တော်က“ငါဆုတောင်းစဉ်တွင် ဤနေရာ၌ ထိုင်နေကြလော့”ဟု တပည့်တော်တို့အား မိန့်တော်မူပြီးလျှင်
သို့ရာတွင် ငါသည် ခမည်းတော်ကိုချစ်ကြောင်း ဤလောကအားသိစေရန် ငါ့ကို ခမည်းတော်မိန့်မှာတော်မူသည့်အတိုင်း ငါပြု၏။ ထကြလော့။ ဤအရပ်မှသွားကြကုန်စို့။
ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးဖြစ်ပြီး ပေတရုခုတ်၍ နားရွက်ပြတ်သောသူ၏ဆွေမျိုးလည်းဖြစ်သူက “သင့်ကို ထိုသူနှင့်အတူ ဥယျာဉ်ထဲ၌ ငါမြင်ခဲ့သည်မဟုတ်လော”ဟု ဆိုလေ၏။
ထိုသူသည် ငါတို့ထံလာ၍ ပေါလု၏ခါးပန်းကိုယူပြီးလျှင် မိမိ၏ခြေနှင့်လက်တို့ကို ချည်နှောင်ကာ “ဂျူးလူမျိုးတို့သည် ဤခါးပန်းပိုင်ရှင်ကို ဂျေရုဆလင်မြို့တွင် ဤကဲ့သို့ချည်နှောင်၍ လူမျိုးခြားတို့လက်သို့ အပ်နှံကြလိမ့်မည်ဟု သန့်ရှင်းသောဝိညာဉ်တော်မိန့်တော်မူ၏”ဟု ဆိုလေ၏။