“ကိုယ့်ချစ်သူကိုမှီ၍ တောကန္တာရမှလာသောသူကား မည်သူနည်း။” “ပန်းသီးပင်အောက်တွင် အရှင့်ကို အကျွန်ုပ်နှိုးခဲ့ပြီ။ ထိုအရပ်တွင် အရှင့်မိခင်သည် အရှင့်ကိုသန္ဓေတည်ခဲ့ပါ၏။ အရှင့်ကို သန္ဓေလွယ်၍ ဖွားမြင်ခဲ့ပါ၏။
ရှင်ယောဟန် 15:4 - မြန်မာ့စံမီသမ္မာကျမ်း ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ကိုင်းသည် စပျစ်ပင်၌မတည်မနေလျှင် အလိုအလျောက်အသီးမသီးနိုင်သကဲ့သို့ သင်တို့သည်လည်း ငါ၌မတည်မနေလျှင် အသီးမသီးနိုင်။ Common Language Bible ငါနှင့်တစ်လုံးတစ်ဝတည်းတည်နေကြလော့။ ငါသည်လည်းသင်တို့နှင့်တစ်လုံးတစ်ဝတည်း တည်နေမည်။ စပျစ်ကိုင်းသည်အပင်၌တည် မနေလျှင်အသီးမသီးနိုင်သကဲ့သို့ သင် တို့သည်ငါ၌တည်မနေလျှင်အသီး မသီးနိုင်ကြ။'' Garrad Bible ငါ၌သင်တို့တည်ခြင်း၊ သင်တို့၌ငါတည်ခြင်းဖြစ်စေကြလော့။ စပျစ်ခက်သည် ပင်မ၌မတည်လျှင်၊ အလျောက်ဘာသာ အသီးမသီးနိုင်သည့်နည်းတူ သင်တို့လည်းငါ၌မတည်လျှင် သီးနိုင်ကြသည်မဟုတ်။ Judson Bible ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ၌ တည်နေကြလော့။ ငါသည်လည်း သင်တို့၌ တည်နေမည်။ အဘယ်ကြောင့်ဆိုသော် စပျစ်ခက်သည် အပင်၌ မတည်လျှင် အသီးမသီးနိုင်သကဲ့သို့ သင်တို့သည်လည်း ငါ၌ မတည်လျှင် အသီးမသီးနိုင်ကြ။ မြန်မာ ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။- |
“ကိုယ့်ချစ်သူကိုမှီ၍ တောကန္တာရမှလာသောသူကား မည်သူနည်း။” “ပန်းသီးပင်အောက်တွင် အရှင့်ကို အကျွန်ုပ်နှိုးခဲ့ပြီ။ ထိုအရပ်တွင် အရှင့်မိခင်သည် အရှင့်ကိုသန္ဓေတည်ခဲ့ပါ၏။ အရှင့်ကို သန္ဓေလွယ်၍ ဖွားမြင်ခဲ့ပါ၏။
ဧဖရိမ်က ‘ငါသည် ရုပ်တုတို့နှင့် မည်သို့ဆိုင်သေးသနည်း’ဟု ဆိုလိမ့်မည်။ ငါသည် သူ့စကားကိုကြား၍ သူ့ကိုကြည့်ရှုစောင်မမည်။ ငါသည် စိမ်းလန်းသောထင်းရှူးပင်ကဲ့သို့ ဖြစ်၍ သင်တို့သည် ငါ့ထံမှ အသီးကို ရရှိလိမ့်မည်။”
အပင်ကို အသီးအားဖြင့် သိရသည်ဖြစ်၍ အသီးကောင်းလျှင် အပင်ကောင်းသည်ဟုမှတ်ယူကြလော့။ သို့မဟုတ် အသီးမကောင်းလျှင် အပင်မကောင်းဟု မှတ်ယူကြလော့။
ကောင်းသောမြေ၌ကျသည်ဆိုသည်မှာ ကြည်လင်ကောင်းမြတ်သောစိတ်နှလုံးဖြင့် တရားစကားကိုကြား၍ ၎င်းကိုစွဲကိုင်ထားကာ သည်းခံသောအားဖြင့် အသီးသီးသောသူတို့ကိုဆိုလို၏။
ထိုနေ့တွင် ငါ့ခမည်းတော်၌ ငါရှိသည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ရှိ၍ ငါသည် သင်တို့၌ရှိသည်ကိုလည်းကောင်း သင်တို့သိကြလိမ့်မည်။
အကျွန်ုပ်သည် သူတို့၌ရှိ၍ ကိုယ်တော်သည် အကျွန်ုပ်၌ရှိပါ၏။ ဤသည်ကား သူတို့ကို တစ်လုံးတစ်ဝတည်း၌ပြီးပြည့်စုံစေရန်ဖြစ်ပြီး ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ကိုယ်တော်ချစ်သကဲ့သို့ သူတို့ကိုလည်း ချစ်တော်မူကြောင်းကို လောကီသားတို့သိကြစေရန်ဖြစ်ပါ၏။
ငါ၏အသားကိုစား၍ ငါ၏သွေးကိုသောက်သောသူသည် ငါ၌တည်၏။ ငါသည်လည်း ထိုသူ၌တည်၏။
ထို့ကြောင့် ယေရှုသည် မိမိကိုယုံကြည်သော ဂျူးလူမျိုးတို့အား“သင်တို့သည် ငါ၏တရားစကား၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြပြီး
ဗာနဗသည် ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုမြင်သောအခါ ဝမ်းမြောက်လျက် ထိုသူအပေါင်းတို့အား စိတ်နှလုံးခိုင်မြဲစွာဖြင့် သခင်ဘုရား၌ ဆက်လက်တည်နေကြရန် တိုက်တွန်းနှိုးဆော်လေ၏။
တပည့်တော်တို့၏စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်း၌ ဆက်၍တည်နေကြရန် တိုက်တွန်းနှိုးဆော်ကာ “ငါတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် များစွာသောဆင်းရဲဒုက္ခကို ဖြတ်သန်းရမည်”ဟု ဆိုကြ၏။
သင်တို့သည် ယုံကြည်ခြင်း၌တည်နေခြင်းရှိ၊ မရှိ မိမိကိုယ်ကိုစမ်းသပ်ကြလော့။ မိမိကိုယ်ကိုစစ်ဆေးကြလော့။ သင်တို့အထဲ၌ ယေရှုခရစ်တော်ရှိကြောင်း သင်တို့ကိုယ်တိုင်မသိကြသလော၊ သို့မဟုတ် သင်တို့သည် စုံစမ်းစစ်ဆေးခြင်း၌ကျရှုံးသောသူများဖြစ်လေပြီလော။
သို့ဖြစ်၍ ငါအသက်ရှင်သည်မှာ ငါကိုယ်တိုင်မဟုတ်တော့ဘဲ ခရစ်တော်သည် ငါ၌အသက်ရှင်တော်မူ၏။ ယခု ကိုယ်ကာယ၌ ငါအသက်ရှင်သည်မှာ ငါ့ကိုချစ်၍ ငါ့အတွက် မိမိကိုယ်ကိုစွန့်တော်မူသော ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်းဖြစ်၏။
ယုံကြည်ခြင်းအားဖြင့် သင်တို့စိတ်နှလုံးထဲ၌ ခရစ်တော်သည် ကိန်းဝပ်တော်မူမည့်အကြောင်းနှင့် သင်တို့သည် မေတ္တာတော်၌ အမြစ်တွယ်၍အုတ်မြစ်ချထားကာ
ယေရှုခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်းအသီးအပွင့်နှင့်ပြည့်စုံ၍ ဘုရားသခင်၏ဘုန်းတော်ထင်ရှားခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်းအဖြစ်သို့ရောက်မည့်အကြောင်း ငါဆုတောင်း၏။
သို့သော် သင်တို့သည် သင်တို့ကြားခဲ့ရသည့် ကောင်းမြတ်သောသတင်း၏မျှော်လင့်ခြင်းမှ သွေဖည်မသွားဘဲ ခိုင်မြဲစွာအုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍တည်နေရမည်။ ထိုကောင်းမြတ်သောသတင်းကို ကောင်းကင်အောက်ရှိ ဖန်ဆင်းခံလောကတစ်ခုလုံးအား ဟောပြောနေသည်ဖြစ်၍ ငါပေါလုသည် ၎င်း၏အမှုတော်ဆောင်ဖြစ်လာ၏။
ဤလျှို့ဝှက်နက်နဲသောအရာသည် လူမျိုးခြားတို့တွင် ဘုန်းအသရေနှင့်မည်မျှကြွယ်ဝသည်ကို သန့်ရှင်းသူတို့အားသိစေရန် ဘုရားသခင်အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာမှာ ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်းဖြစ်သည့် သင်တို့ထဲ၌ရှိတော်မူသောခရစ်တော်ဖြစ်၏။
ထို့ကြောင့် သင်တို့သည် သခင်ခရစ်တော်ယေရှုကို လက်ခံကြသည်နှင့်အညီ ထိုသခင်၌ အသက်ရှင်လျှောက်လှမ်းကြလော့။
ထို့ကြောင့် ဖြားယောင်းသွေးဆောင်သောသူသည် တစ်နည်းနည်းဖြင့် သင်တို့ကိုဖြားယောင်းသွေးဆောင်ပြီး ငါတို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးဖြစ်မည်ကိုစိုးရိမ်၍ ငါသည် နောက်ထပ် အောင့်ခံ၍မရနိုင်တော့သဖြင့် သင်တို့၏ယုံကြည်ခြင်းကိုသိရှိနိုင်ရန်အတွက် သူ့ကိုစေလွှတ်ခဲ့၏။
သို့သော် ငါတို့သည် တွန့်ဆုတ်လျက် ပျက်စီးခြင်းသို့ရောက်သောသူများမဟုတ်ဘဲ ယုံကြည်လျက် အသက်ကိုပိုင်ဆိုင်သောသူများဖြစ်ကြ၏။
ဘုရားသခင်၌ ငါတည်၏ဟုဆိုသောသူသည် ခရစ်တော်အသက်ရှင်လျှောက်လှမ်းတော်မူခဲ့သည့်အတိုင်း အသက်ရှင်လျှောက်လှမ်းရမည်။
ခရစ်တော်၏သွန်သင်ချက်၌မတည်ဘဲ ၎င်းကိုကျော်လွန်သောသူတိုင်းသည် ဘုရားသခင်ကိုမရရှိပေ။ ထိုသွန်သင်ချက်၌တည်သောသူသည် ခမည်းတော်နှင့်သားတော်ကိုရရှိ၏။