ယခုမူ အစ္စရေးလူမျိုးတို့သည် ငါ့စကားကို နားထောင်လိုသောဆန္ဒမရှိသောကြောင့် သင့်စကားကိုလည်း နားထောင်လိုသောဆန္ဒရှိမည်မဟုတ်။ အစ္စရေးလူမျိုးတို့သည် ခေါင်းမာသူ၊ စိတ်နှလုံးမာကျောသူများ ဖြစ်ကြ၏။
ရှင်ယောဟန် 15:20 - မြန်မာ့စံမီသမ္မာကျမ်း ‘ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်’ဟု သင်တို့အား ငါပြောခဲ့သည့်စကားကို သတိရကြလော့။ လူတို့သည် ငါ့ကိုညှဉ်းဆဲခဲ့လျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုလိုက်နာစောင့်ထိန်းခဲ့လျှင် သင်တို့၏စကားကိုလည်း လိုက်နာစောင့်ထိန်းကြလိမ့်မည်။ Common Language Bible ကျွန်သည်သခင်ထက်ကြီးမြတ်သည်မဟုတ်ဟု သင်တို့အားငါပြောခဲ့သည်ကိုသတိရကြလော့။ လောကသားတို့သည်ငါ့ကိုညှဉ်းပန်းခဲ့ကြလျှင် သင်တို့ကိုလည်းညှဉ်းပန်းကြလိမ့်မည်။ သူတို့ သည်ငါ့စကားကိုလိုက်နာလျှင် သင်တို့၏ စကားကိုလည်းလိုက်နာကြလိမ့်မည်။- Garrad Bible ကျွန်သည် သခင်ထက်ကြီးမြတ်သည်မဟုတ်ဟူ၍ ငါမိန့်ခဲ့သောအချက်ကိုသတိရကြလော့။ ငါ့ကိုညှဉ်းပန်းခဲ့လျှင် သင်တို့ကိုလည်းညှဉ်းပန်းကြလိမ့်မည်။ ငါ့တရားကိုစောင့်ရှောက်ခဲ့လျှင် သင်တို့ဟောတိုင်းစောင့်ရှောက်ကြလိမ့်မည်။ Judson Bible ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုနားထောင်လျှင် သင်တို့၏စကားကို နားထောင်ကြလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်’ ဟု သင်တို့ကို ငါပြောခဲ့သောစကားကို သတိရကြလော့။ လောကီသားတို့သည် ငါ့ကို ညှဉ်းပန်းနှိပ်စက်လျှင် သင်တို့ကိုလည်း ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်။ သူတို့သည် ငါ့စကားကို နားထောင်လျှင် သင်တို့၏စကားကိုလည်း နားထောင်ကြလိမ့်မည်။ မြန်မာ ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုနားထောင်လျှင် သင်တို့၏စကားကို နားထောင်ကြလိမ့်မည်။- |
ယခုမူ အစ္စရေးလူမျိုးတို့သည် ငါ့စကားကို နားထောင်လိုသောဆန္ဒမရှိသောကြောင့် သင့်စကားကိုလည်း နားထောင်လိုသောဆန္ဒရှိမည်မဟုတ်။ အစ္စရေးလူမျိုးတို့သည် ခေါင်းမာသူ၊ စိတ်နှလုံးမာကျောသူများ ဖြစ်ကြ၏။
သူတို့က “အကျွန်ုပ်တို့တတ်နိုင်ပါသည်”ဟု ပြန်လျှောက်ကြ၏။ ယေရှုကလည်း“ငါသောက်မည့်ခွက်ကို သင်တို့သောက်ကြလိမ့်မည်။ ငါခံမည့်ဗတ္တိဇံကိုလည်း သင်တို့ခံကြလိမ့်မည်။
ထို့နောက် ရှိမောင်သည် သူတို့ကိုကောင်းချီးပေး၍ မယ်တော်မာရိအား “ဤသူငယ်သည် အစ္စရေးလူမျိုးထဲမှ လူများစွာတို့ကို လဲစေသည့်အကြောင်းနှင့် ထစေသည့်အကြောင်းဖြစ်ပြီး ဆန့်ကျင်ပြောဆိုခြင်းခံရမည့်အမှတ်လက္ခဏာဖြစ်ရန် ခန့်အပ်ထားခြင်းခံရ၏။
တပည့်သည် ဆရာထက် မြတ်သည်မဟုတ်။ သို့သော် ပြည့်စုံစွာသင်ယူတတ်မြောက်သောသူတိုင်းသည် မိမိဆရာကဲ့သို့ဖြစ်လိမ့်မည်။
ဂျူးလူမျိုးတို့သည် ကိုယ်တော်ကို ခဲနှင့်ပေါက်သတ်ရန် ကျောက်ခဲတို့ကိုကောက်ယူကြပြန်၏။
ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့်ဖာရိရှဲတို့မူကား ကိုယ်တော်ကိုဖမ်းဆီးနိုင်ရန်အတွက် မည်သူမဆို ယေရှုရှိရာအရပ်ကိုသိလျှင် သတင်းပေးရမည်ဟု အမိန့်ထုတ်ထားကြ၏။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်။ စေတမန်သည်လည်း သူ့ကိုစေလွှတ်သောသူထက် ကြီးမြတ်သည်မဟုတ်။
ယေရှုသည် ဤအရာများကို ဥပုသ်နေ့၌ပြုတော်မူသောကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကို လိုက်လံညှဉ်းဆဲကြ၏။
လူထုပရိသတ်သည် ယေရှုနှင့်ပတ်သက်၍ ထိုသို့တီးတိုးပြောဆိုနေကြသည်ကို ဖာရိရှဲတို့ကြားလျှင် ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့်ဖာရိရှဲတို့သည် ကိုယ်တော်ကိုဖမ်းဆီးရန် အစောင့်တပ်သားများကိုစေလွှတ်ကြ၏။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ မည်သူမဆို ငါ့စကားကိုလိုက်နာစောင့်ထိန်းလျှင် ကာလအစဉ်အဆက် မည်သည့်အခါမျှ သေခြင်းနှင့်တွေ့ကြုံရမည်မဟုတ်”ဟု မိန့်တော်မူ၏။
ထိုအခါ ဂျူးလူမျိုးတို့က “သင့်ကိုနတ်ဆိုးပူးနေကြောင်း ယခု အကျွန်ုပ်တို့သိကြပြီ။ အာဗြဟံသည် သေလွန်ခဲ့ပြီး ပရောဖက်တို့လည်း သေလွန်ကြပြီ။ သင်မူကား‘မည်သူမဆို ငါ့စကားကိုလိုက်နာစောင့်ထိန်းလျှင် ကာလအစဉ်အဆက် မည်သည့်အခါမျှ သေခြင်းကိုမြည်းစမ်းရမည်မဟုတ်’ဟု ဆိုပါသည်တကား။
ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုပေါက်ရန် ကျောက်ခဲတို့ကိုကောက်ယူကြ၏။ သို့သော် ယေရှုသည် တိမ်းရှောင်၍ဗိမာန်တော်မှ ထွက်ခွာသွားတော်မူ၏။
တပည့်တော်တို့၏စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်း၌ ဆက်၍တည်နေကြရန် တိုက်တွန်းနှိုးဆော်ကာ “ငါတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် များစွာသောဆင်းရဲဒုက္ခကို ဖြတ်သန်းရမည်”ဟု ဆိုကြ၏။
မိမိတို့လက်ဖြင့် အားထုတ်လုပ်ဆောင်လျက် နေကြရ၏။ ပုတ်ခတ်ပြောဆိုခြင်းခံရသောအခါ ကောင်းချီးပေးကြ၏။ ညှဉ်းဆဲခြင်းခံရသောအခါ သည်းခံကြ၏။
ညှဉ်းဆဲခြင်းကိုခံရသော်လည်း စွန့်ပစ်ခြင်းကိုမခံရ။ အလဲထိုးခံရသော်လည်း ဆုံးရှုံးခြင်းသို့မရောက်။
ဂျူးလူမျိုးတို့သည် သခင်ယေရှုနှင့်ပရောဖက်များကိုသတ်၍ ငါတို့ကိုလည်း လိုက်လံညှဉ်းဆဲကြ၏။ သူတို့သည် ဘုရားသခင်ကိုမနှစ်သက်စေဘဲ လူအပေါင်းတို့ကို ဆန့်ကျင်လျက်
အမှန်စင်စစ် ခရစ်တော်ယေရှုအားဖြင့် ဘုရားဝတ်၌မွေ့လျော်စွာအသက်ရှင်ရန် အလိုရှိသောသူအားလုံးတို့သည် ညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။
ထိုအခါ ထာဝရဘုရားက ရှမွေလအား “သူတို့ပြောသမျှကို နားထောင်လော့။ သူတို့သည် သင့်ကိုသာစွန့်ပယ်သည်မဟုတ်။ ငါ့ကိုလည်း သူတို့၏ရှင်ဘုရင်အဖြစ်မှ စွန့်ပယ်ကြပြီ။