ဖြောင့်မတ်သောသူမူကား မိမိလမ်းအတိုင်း တည်ကြည်စွာလျှောက်လှမ်း၍ လက်စင်ကြယ်သောသူသည်လည်း ပို၍ပို၍အားကြီးလာလိမ့်မည်။
ရှင်ယောဟန် 15:2 - မြန်မာ့စံမီသမ္မာကျမ်း ငါ၌အသီးမသီးသောအကိုင်းအခက်ရှိသမျှကို ခမည်းတော်သည် ခုတ်ပစ်တော်မူ၏။ အသီးသီးသောအကိုင်းအခက်ရှိသမျှကိုမူ ပို၍အသီးသီးစေရန် ကိုင်းဖြတ်ပြုပြင်တော်မူ၏။ Common Language Bible ကိုယ်တော်ရှင်သည်ငါ၌အသီးမသီးသော အကိုင်းအခက်ရှိသမျှကိုခုတ်ပစ်တော်မူ ၏။ အသီးသီးသည့်အကိုင်းအခက်ရှိသမျှ ကိုလည်းပို၍သီးစေရန်သုတ်သင်ရှင်းလင်း တော်မူ၏။- Garrad Bible ငါ၌အသီးမသီးသောအခက်တိုင်းကို ခုတ်ပစ်တော်မူလျက် သီးသောအခက်တိုင်းကိုကား တိုး၍သီးစေရန်သုတ်သင်တော်မူ၏။ Judson Bible ငါ၌အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍ သီးစေခြင်းငှာ သုတ်သင်ရှင်းလင်းတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ခမည်းတော်သည် စပျစ်ပင်ဖြစ်သော ငါ၌ အသီးမသီးသည့်အကိုင်းအခက်ရှိသမျှကို ခုတ်ပစ်တော်မူ၏။ အသီးသီးသောအကိုင်းအခက်ရှိသမျှကိုမူ ပို၍ အသီးသီးစေနိုင်ရန် ဖြတ်ညှပ်ရှင်းလင်းတော်မူ၏။ မြန်မာ ငါ၌အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍ သီးစေခြင်းငှာ သုတ်သင်ရှင်းလင်းတော်မူ၏။- |
ဖြောင့်မတ်သောသူမူကား မိမိလမ်းအတိုင်း တည်ကြည်စွာလျှောက်လှမ်း၍ လက်စင်ကြယ်သောသူသည်လည်း ပို၍ပို၍အားကြီးလာလိမ့်မည်။
အိုမင်းသောအရွယ်၌ပင် ဆက်၍အသီးသီးလျက်၊ စိမ်းလန်းစိုပြည်လျက်ရှိခြင်းအားဖြင့်
သို့သော် ဖြောင့်မတ်သောသူတို့၏လမ်းသည် မိုးစင်စင်လင်းသည့်တိုင်အောင် ပို၍ပို၍ထွန်းလင်းလာသည့် အရုဏ်ဦး၏အလင်းရောင်ကဲ့သို့ဖြစ်၏။
ဤနည်းဖြင့် ကိုယ်တော်သည် ယာကုပ်အမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူ၏။ ယဇ်ပလ္လင်ကျောက်ရှိသမျှတို့ကို ထုံးကျောက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာကျိုးပဲ့စေ၍ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကို ဖြိုလှဲခြင်းသည် သူ၏အပြစ်ကိုဖယ်ရှားသည့်အကြောင်းရင်း ဖြစ်၏။
စိတ်နှိမ့်ချသောသူတို့သည် ထာဝရဘုရား၌ တစ်ဖန်ဝမ်းမြောက်ကြလိမ့်မည်။ လူတို့တွင် နွမ်းပါးသောလူသည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၌ ရွှင်လန်းကြလိမ့်မည်။
သတ်မှတ်ထားသောကာလ မရောက်သေးသည်ဖြစ်၍ ပညာရှိအချို့တို့သည် အပြစ်ကင်းစင်ပြီး သန့်ရှင်းစင်ကြယ်ဖို့ နောက်ဆုံးသောကာလအထိ လှဲချခြင်းခံရလိမ့်မည်။
ထာဝရဘုရားအား သိကျွမ်းဖို့ ကြိုးစားအားထုတ်ကြကုန်စို့။ ကိုယ်တော်သည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ မြေပေါ်သို့ရွာချသော မိုးဦး၊ မိုးနှောင်းကဲ့သို့ ရောက်လာမည်။
ကိုယ်တော်သည် ငွေကိုချွတ်၍သန့်စင်စေသောသူကဲ့သို့ ထိုင်တော်မူလျက် လေဝိသားမြေးတို့ကို သန့်စင်စေတော်မူမည်။ သူတို့ကို ရွှေငွေကဲ့သို့ သန့်စင်စေ၍ သူတို့သည်လည်း ထာဝရဘုရားထံ ဖြောင့်မတ်ခြင်းပူဇော်သက္ကာကို ဆက်သရကြလိမ့်မည်။
အကြောင်းမှာ ရှိသောသူအား ထပ်၍ပေးသဖြင့် သူသည် ကြွယ်ဝပြည့်စုံလိမ့်မည်။ မရှိသောသူထံမှမူကား သူ၌ရှိသောအရာကိုပင် သိမ်းယူလိမ့်မည်။
အခြားသောပုံဥပမာကို သူတို့အား မြွက်ဆိုတော်မူသည်မှာ“ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ အမျိုးသမီးတစ်ဦးသည် ၎င်းကိုယူ၍ ဂျုံမှုန့်သုံးစိတ်ထဲတွင်ထည့်လိုက်သော် မုန့်ညက်တစ်ပုံလုံးကိုဖောင်းပွစေ၏”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“ကောင်းကင်ဘုံရှင် ငါ့ခမည်းတော်မစိုက်သောအပင်ရှိသမျှသည် အမြစ်ပါမကျန် ဆွဲနုတ်ခြင်းခံရလိမ့်မည်။
ထိုစဉ် လမ်း၌ သဖန်းပင်တစ်ပင်ကိုမြင်၍ ထိုအပင်ရှိရာသို့ကြွတော်မူရာ ၎င်းတွင် အရွက်များမှလွဲ၍ မည်သည့်အရာကိုမျှမတွေ့သဖြင့် ထိုအပင်အား“ယခုမှစ၍ ကာလအစဉ်အဆက် သင်၌အသီးမသီးစေရ”ဟု မိန့်တော်မူ၏။ ထိုအခါ သဖန်းပင်သည် ချက်ချင်းညှိုးနွမ်းခြောက်သွေ့သွားလေ၏။
အကြောင်းမူကား ရှိသောသူတိုင်းအား ထပ်၍ပေးသဖြင့် သူတို့သည် ကြွယ်ဝပြည့်စုံလိမ့်မည်။ မရှိသောသူထံမှမူကား သူ၌ရှိသောအရာကိုပင် သိမ်းယူလိမ့်မည်။
ပုဆိန်ကို သစ်ပင်တို့၏အမြစ်နားတွင်ချထားပြီဖြစ်၍ ကောင်းသောအသီးကိုမသီးသောအပင်တိုင်းသည် ခုတ်လှဲခြင်းခံရ၍ မီးထဲသို့ပစ်ချခြင်းခံရလိမ့်မည်။
လက်တော်၌လည်း ဆန်ကောကိုကိုင်ထားလျက် မိမိ၏ကောက်နယ်တလင်းကို အကုန်အစင်ရှင်းလင်းပြီး မိမိ၏ဂျုံဆန်ကို ကျီ၌စုသိမ်း၍ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့်ရှို့တော်မူလိမ့်မည်”ဟု ဆိုလေ၏။
ကောင်းသောအသီးမသီးသောအပင်တိုင်းသည် ခုတ်လှဲခြင်းခံရ၍ မီးထဲသို့ ပစ်ချခြင်းခံရလိမ့်မည်။
ကောင်းသောမြေပေါ်၌ ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြား၍ လက်ခံသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ အသီးသီးသောသူတို့ကိုဆိုလို၏”ဟု မိန့်တော်မူ၏။
ကျောက်ပေါ်၌ကျသည်ဆိုသည်မှာ တရားစကားကိုကြား၍ ဝမ်းမြောက်စွာဖြင့်လက်ခံသောသူတို့ကိုဆိုလို၏။ သို့သော် သူတို့၌အမြစ်မစွဲသဖြင့် ခေတ္တခဏသာယုံကြည်၍ စုံစမ်းနှောင့်ယှက်ခြင်းအချိန်၌ ဖောက်ပြန်သွားကြ၏။
သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသာလျှင် သင်တို့ကိုရွေးကောက်သဖြင့် သင်တို့သည်သွားလျက် အသီးကိုသီး၍ သင်တို့၏အသီးတည်မြဲမည့်အကြောင်းနှင့် ငါ့နာမ၌ ခမည်းတော်အား တောင်းလျှောက်သမျှတို့ကို သင်တို့အား ခမည်းတော်ပေးတော်မူမည့်အကြောင်း သင်တို့ကို ငါခန့်ထား၏။
သင်တို့အား ငါဟောပြောသောတရားစကားအားဖြင့် သင်တို့သည်စင်ကြယ်လျက်ရှိကြပြီ။
တစ်စုံတစ်ဦးသည် ငါ၌မတည်မနေလျှင် အကိုင်းအခက်ကဲ့သို့ အပြင်သို့လွှတ်ပစ်ခြင်းခံရ၍ ညှိုးနွမ်းခြောက်သွေ့သွားရ၏။ လူတို့သည် ၎င်းတို့ကိုစုစည်းလျက် မီးထဲသို့ပစ်ချလိုက်ကြသဖြင့် လောင်ကျွမ်းသွား၏။
သင်တို့သည် များစွာသောအသီးကိုသီးလျက် ငါ၏တပည့်များဖြစ်ခြင်းအားဖြင့် ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၏။
အကျွန်ုပ်သည် သူတို့နှင့်အတူရှိစဉ်တွင် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသော ကိုယ်တော်၏နာမတော်၌ သူတို့ကိုထိန်းသိမ်းစောင့်ရှောက်ခဲ့ပါ၏။ သူတို့တွင် ပျက်စီးခြင်း၏သားမှတစ်ပါး မည်သူမျှမပျက်စီးခဲ့ပါ။ ထိုသူပျက်စီးခဲ့ရခြင်းမှာ ကျမ်းစာပြည့်စုံစေရန်ဖြစ်၏။
သို့သော် အကိုင်းအခက်အချို့တို့သည် ခုတ်ဖြတ်ခြင်းခံရ၍ သံလွင်ပင်အရိုင်းဖြစ်သောသင်သည် ထိုအကိုင်းအခက်များကြား၌ ကိုင်းဆက်ကူးခံရပြီး သံလွင်ပင်အမြစ်မှအဆီအနှစ်ကို မျှဝေခံစားသူဖြစ်လာလျှင်
ထို့ကြောင့် ဘုရားသခင်၏ပြင်းထန်သောစီရင်တော်မူခြင်းနှင့်ကျေးဇူးပြုတော်မူခြင်းတို့ကို ကြည့်ကြလော့။ ပြင်းထန်သောစီရင်တော်မူခြင်းသည် လဲကျသောသူတို့ပေါ်၌ရှိ၍ ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းမူကား သင်သည် ထိုကျေးဇူးပြုတော်မူခြင်း၌ ဆက်၍တည်နေလျှင် သင့်အပေါ်၌ရှိ၏။ ဆက်၍မတည်လျှင် သင်သည်လည်း ခုတ်ဖြတ်ခြင်းခံရလိမ့်မည်။
ဘုရားသခင်ကိုချစ်သောသူများတည်းဟူသော အကြံအစည်တော်အတိုင်း ခေါ်ယူတော်မူခြင်းခံရသောသူများအတွက် ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏။
ငါသည် လူ့ဘာသာစကားနှင့် ကောင်းကင်တမန်၏ဘာသာစကားတို့ကို ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် မြည်ဟည်းသောကြေးမောင်း၊ သို့မဟုတ် စူးရှစွာမြည်သော လင်းကွင်းကဲ့သို့ဖြစ်၏။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
မည်သူမျှ ဘုရားသခင်၏ကျေးဇူးတော်မှ ကင်းကွာမသွားစေရန်လည်းကောင်း၊ ခါးသီးသောအမြစ်တစ်စုံတစ်ခုပေါက်လျက် သင်တို့ကိုနှောင့်ယှက်သဖြင့် လူများစွာတို့သည် ထိုအရာကြောင့် ညစ်ညူးစေခြင်းမခံရစေရန်လည်းကောင်း သတိပြုကြလော့။
ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်စပ်ဆိုင်သူမဟုတ်။ ငါတို့နှင့်စပ်ဆိုင်သူမှန်လျှင် ငါတို့နှင့်အတူနေခဲ့ကြပေလိမ့်မည်။ သို့ရာတွင် သူတို့ထွက်သွားကြသည်မှာ သူတို့အားလုံး ငါတို့နှင့်စပ်ဆိုင်သူမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။
ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။