Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 13:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အကြောင်းမှာ ရှိ​သော​သူ​အား ထပ်၍​ပေး​သဖြင့် သူ​သည် ကြွယ်ဝ​ပြည့်စုံ​လိမ့်မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ဘု​ရား​သ​ခင်​သည်​ရှိ​သူ​အား​ပို​လျှံ​သည့်​တိုင်​အောင် ထပ်​လောင်း​၍​ပေး​တော်​မူ​၍​မ​ရှိ​သူ​ထံ​မှ​ရှိ​သ​မျှ ကို​ပင်​ရုပ်​သိမ်း​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ရ ရှိ သော သူ အား ထပ်၍ ပေး သ ဖြင့် ကြွယ် ဝ လိမ့် မည်။ မ ရ မ ရှိ သော သူ မှ မူ ကား ရှိ သ မျှ ကို ပင် နုတ် ယူ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 အ​ကြင်​သူ​သည် ရ​တတ်၏။ ထို​သူ၌ ကြွယ်​ဝ​ပြည့်​စုံ​စေ​ခြင်း​ငှာ ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏။ ထို​သူ၌​ရှိ​သ​မျှ​ကို​ပင် နုတ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ရှိသော​သူတို့​အား များစွာ​ထပ်​၍ ပေးတော်မူ​သဖြင့် သူတို့​သည် ကြွယ်ဝကြ​လိမ့်မည်။ မရှိသော​သူတို့​ထံမှ​မူ သူတို့​၌​ရှိသော​အရာ​ကိုပင် သိမ်းယူတော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

12 အ​ကြင်​သူ​သည် ရ​တတ်၏။ ထို​သူ၌ ကြွယ်​ဝ​ပြည့်​စုံ​စေ​ခြင်း​ငှာ ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏။ ထို​သူ၌​ရှိ​သ​မျှ​ကို​ပင် နုတ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 13:12
17 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သင်​တို့​အား ငါ​ဆို​သည်​ကား ဘုရားသခင်​၏​နိုင်ငံ​တော်​ကို သင်​တို့​ထံမှ​သိမ်းယူ​၍ ထို​နိုင်ငံ​တော်​၏​အသီး​ကို​သီး​မည့်​လူမျိုး​ထံ ပေး​တော်မူ​လိမ့်မည်။


အကြောင်းမူကား ရှိ​သော​သူ​တိုင်း​အား ထပ်၍​ပေး​သဖြင့် သူ​တို့​သည် ကြွယ်ဝ​ပြည့်စုံ​လိမ့်မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်။


သို့ဖြစ်လျှင် စပျစ်ခြံ​ပိုင်ရှင်​သည် မည်သို့​ပြု​မည်နည်း။ သူ​သည်​လာ​၍ ခြံသမား​တို့​ကို​အဆုံးစီရင်​ကာ စပျစ်ခြံ​ကို အခြား​သော​သူ​တို့​အား​ပေး​လိမ့်မည်။


သို့သော် လိုအပ်​သော​အရာ​သည် တစ်ခုတည်း​ရှိ​၏။ မာရိ​သည် ထို​ကောင်းမြတ်​သည့်​အပိုင်း​ကို ရွေးချယ်​ပြီ​ဖြစ်၍ ၎င်း​ကို သူ့​ထံမှ​မ​နုတ်​မ​ပယ်​ရာ”​ဟု မိန့်​တော်မူ​၏။


သို့သော် သခင်​၏​အလို​ကို​မ​သိ​ဘဲ ရိုက်နှက်​ခြင်း​ဒဏ်​နှင့်​ထိုက်​သော​အမှု​ကို ပြု​မိ​သော​သူ​သည် အနည်းငယ်​သာ ရိုက်နှက်​ခြင်း​ခံရ​မည်။ များစွာ​ရရှိ​ထား​သော​သူ​အားလုံး​ထံမှ များစွာ​တောင်းဆို​လိမ့်မည်။ များစွာ​အပ်နှံ​ထား​သော​သူ​ထံမှ ပို၍​များစွာ​တောင်း​ကြ​လိမ့်မည်။


သူဌေး​သည် ဘဏ္ဍာစိုး​ကို​ခေါ်​၍ ‘သင့်​အကြောင်း ငါ​ကြား​ရ​သည့်​အရာ​မှာ မည်သို့​နည်း။ သင့်​ကို ဘဏ္ဍာစိုး​အရာ​၌ ဆက်​၍​မ​ထား​နိုင်​သောကြောင့် သင်​၏​စီမံ​ခန့်ခွဲ​မှု​စာရင်း​ကို တင်ပြ​လော့’​ဟု ဆို​၏။


သို့သော် အာဗြဟံ​က ‘ငါ့​သား၊ သင်​သည်​အသက်ရှင်​စဉ်အခါ မိမိ​အတွက် ကောင်း​သော​အရာ​များ​ကို​ရရှိ​ခဲ့​၍ လာဇရု​သည် မကောင်း​သော​အရာ​များ​ကို​ရရှိ​ခဲ့​ကြောင်း သတိရ​လော့။ ယခု​မူကား သူ​သည်​ဤ​နေရာ​တွင် နှစ်သိမ့်​ခြင်း​ကို​ခံစားရ​၍ သင်​သည် ဝေဒနာ​ပြင်းစွာ​ခံစား​နေ​ရ​၏။


သို့ဖြစ်၍ သင်​တို့​မည်ကဲ့သို့​ကြား​ရ​သည်​ကို သတိပြု​ကြ​လော့။ အကြောင်းမှာ ရှိ​သော​သူ​အား ထပ်၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သည်​ဟု ထင်​ရ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


မည်သူမဆို ငါ​နှင့်​ငါ့​တရား​စကား​အတွက်​ရှက်​လျှင် လူ့သား​သည်​လည်း မိမိ​၏​ဘုန်း​အသရေ၊ ခမည်းတော်​၏​ဘုန်း​အသရေ​နှင့် သန့်ရှင်း​သော​ကောင်းကင်တမန်​များ​၏​ဘုန်း​အသရေ​တို့​ကို​ဆောင်​လျက် ကြွလာ​သောအခါ ထို​သူ​အတွက်​ရှက်​လိမ့်မည်။


သို့သော် ကိုယ်တော်​သည် ပို၍​ကြီးမြတ်​သော​ကျေးဇူး​တော်​ကို​ပေး​တော်မူ​၏။ သို့ဖြစ်၍ “ဘုရားသခင်​သည် မာန​ထောင်လွှား​သော​သူ​တို့​ကို ဆန့်ကျင်​၍ နှိမ့်ချ​သော​သူ​တို့​အား ကျေးဇူး​တော်​ကို​ခံစား​စေ​တော်မူ​၏”​ဟု ကျမ်းစာ​၌​ဆို​ထား​၏။


ထို့ကြောင့် သင်​သည် မည်သည့်​နေရာ​မှ​ကျဆင်း​ခဲ့​သည်​ကို သတိရ​လျက် နောင်တရ​ကာ ပထမ​ပြု​သော​အမှု​များ​ကို​ပြု​လော့။ ထိုသို့​မ​ပြု​ဘဲ နောင်တ​လည်း​မ​ရ​ပါက သင့်​ထံသို့​ငါ​လာ​၍ သင်​၏​ဆီမီးခုံ​ကို သူ့​နေရာ​မှ​ရွှေ့​လိုက်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ