ငါသည် ကိုယ်တော်၏ကမ္ဘာမြေကြီးတစ်ခုလုံးအတွက် ပျော်မြူး၍ လူသားတို့၌ ကြည်နူးလျက်နေ၏။
ရှင်ယောဟန် 13:1 - မြန်မာ့စံမီသမ္မာကျမ်း ပသခါပွဲတော်မတိုင်မီ၌ ယေရှုသည် ဤလောကမှထွက်ခွာပြီး ခမည်းတော်ထံသို့သွားရမည့် မိမိအချိန်ရောက်လာသည်ကို သိတော်မူ၍ ဤလောက၌ရှိသော မိမိလူတို့ကိုချစ်တော်မူလျက် အဆုံးတိုင်အောင်ချစ်တော်မူ၏။ Common Language Bible အခါကားပသခါပွဲတော်မတိုင်မီတစ်ရက် ဖြစ်၏။ သခင်ယေရှုသည်ဤလောကမှထွက် ခွာ၍ ခမည်းတော်ထံသို့ကြွတော်မူရမည့် အချိန်ကျရောက်လာကြောင်းကိုသိတော်မူ ၏။ ကိုယ်တော်သည်ဤလောကရှိမိမိ၏တပည့် သားရင်းများကိုအစဉ်ပင်ချစ်တော်မူ၏။ သူတို့အားဆုံးခန်းတိုင်အောင်ချစ်တော် မူပေသည်။ Garrad Bible ထိုအခါပသခါပွဲမတိုင်မီ ယေရှုသည်ခမည်းတော်ထံ ဤလောကမှပြောင်းကြွရမည့်အချိန်ရောက်ကြောင်း သိတော်မူ၍ ဤလောက၌ချစ်ခင်သော ကိုယ်ပိုင်ဆိုင်သူတို့ကို စုံလင်စွာချစ်တော်မူသည့်အတိုင်း ညစာစားလျက်နေကြစဉ်၊ Judson Bible ပသခါပွဲမခံမီ၌ ယေရှုသည် ဤလောကမှခမည်းတော်ထံသို့ ပြောင်းရသောအချိန် ရောက်သည်ကို သိတော်မူသည်ဖြစ်၍၊ ဤလောက၌ရှိသောမိမိလူတို့ကို ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင် ချစ်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်သည် ပသခါပွဲတော်မတိုင်မီတစ်ရက် ဖြစ်၏။ ယေရှုသည် ဤလောကမှ ထွက်ခွာ၍ မိမိ၏ခမည်းတော်ထံသို့ ပြန်ကြွတော်မူရမည့် အချိန်ရောက်ပြီဖြစ်ကြောင်းကို သိတော်မူ၏။ ကိုယ်တော်သည် ဤလောက၌ ရှိသော မိမိတပည့်တို့ကို ချစ်တော်မူ၏။ သူတို့ကို အဆုံးတိုင်အောင် ချစ်တော်မူ၏။ မြန်မာ ပသခါပွဲမခံမီ၌ ယေရှုသည် ဤလောကမှခမည်းတော်ထံသို့ ပြောင်းရသောအချိန် ရောက်သည်ကို သိတော်မူသည်ဖြစ်၍၊ ဤလောက၌ရှိသောမိမိလူတို့ကို ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင် ချစ်တော်မူ၏။- |
ငါသည် ကိုယ်တော်၏ကမ္ဘာမြေကြီးတစ်ခုလုံးအတွက် ပျော်မြူး၍ လူသားတို့၌ ကြည်နူးလျက်နေ၏။
ရှေးယခင်ကပင် ထာဝရဘုရားသည် ကိုယ်ထင်ရှားပြ၍ “ငါသည် သင့်ကို ထာဝရမေတ္တာနှင့်ချစ်၏။ ထို့ကြောင့် ငါ၏မေတ္တာကရုဏာကို သင်၌ တည်စေပြီ။
ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့ထံသို့ ပြန်လာ၍“ယခုတိုင်အောင်အိပ်ပျော်လျက် အနားယူနေကြသလော။ ကြည့်ရှုလော့။ အချိန်ရောက်လာပြီ။ လူ့သားသည် အပြစ်သားတို့၏လက်သို့ အပ်နှံခြင်းခံရတော့မည်။
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
ငါသည် နေ့တိုင်း သင်တို့နှင့်အတူဗိမာန်တော်၌ရှိစဉ် သင်တို့သည်ငါ့ကိုမဖမ်းဆီးကြ။ သို့သော် ဤသည်ကား သင်တို့၏အချိန်ဖြစ်ပြီး မှောင်မိုက်ခြင်း၏အခွင့်အာဏာဖြစ်၏”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် ကောင်းကင်ဘုံသို့ဆောင်ယူခြင်းခံတော်မူမည့်နေ့ရက် နီးကပ်လာသောအခါ ဂျေရုဆလင်မြို့သို့ကြွရန် ရှေးရှုလျက်
ဂျူးလူမျိုးတို့၏ပသခါပွဲတော်နီးကပ်လာပြီဖြစ်၍ များစွာသောသူတို့သည် မိမိတို့ကိုယ်ကိုသန့်ရှင်းစင်ကြယ်စေရန် ပသခါပွဲတော်မတိုင်မီ ကျေးလက်ဒေသမှ ဂျေရုဆလင်မြို့သို့ တက်လာကြ၏။
အချို့တို့က ယုဒသည် ငွေအိတ်ကိုကိုင်ရသည်ဖြစ်၍ ယေရှုက ပွဲတော်အတွက်လိုအပ်သောအရာများကို ဝယ်ယူလော့၊ သို့မဟုတ် ဆင်းရဲသားတို့အား တစ်စုံတစ်ခုပေးသင့်သည်ဟူ၍ သူ့ကိုမိန့်တော်မူသည်ဟု ထင်မှတ်ကြ၏။
ယေရှုသည် အရာခပ်သိမ်းတို့ကို မိမိလက်သို့ ခမည်းတော်ပေးအပ်တော်မူသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှကြွလာပြီး ဘုရားသခင်ထံသို့ပြန်သွားတော့မည်ကိုလည်းကောင်း သိတော်မူသဖြင့်
သင်တို့အချင်းချင်းချစ်ကြလော့။ သင်တို့ကို ငါချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့ဟူသောပညတ်ချက်အသစ်ကို သင်တို့အား ငါပေး၏။
ငါသည် သွားသော်လည်း သင်တို့ထံသို့ပြန်လာဦးမည်ဟု ငါပြောခဲ့သည်ကို သင်တို့ကြားရကြပြီ။ သင်တို့သည် ငါ့ကိုချစ်ကြလျှင် ခမည်းတော်ထံသို့ ငါသွားသည့်အတွက် ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား ခမည်းတော်သည် ငါ့ထက် ကြီးမြတ်တော်မူ၏။
သို့ရာတွင် ငါသည် ခမည်းတော်ကိုချစ်ကြောင်း ဤလောကအားသိစေရန် ငါ့ကို ခမည်းတော်မိန့်မှာတော်မူသည့်အတိုင်း ငါပြု၏။ ထကြလော့။ ဤအရပ်မှသွားကြကုန်စို့။
ငါသည် ခမည်းတော်ထံမှ ကြွလာ၍ ဤလောကသို့ ရောက်ခဲ့၏။ တစ်ဖန် ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ သွားတော့မည်”ဟု မိန့်တော်မူ၏။
ယေရှုသည် ဤအရာများကိုမိန့်တော်မူပြီးနောက် ကောင်းကင်သို့မျှော်ကြည့်လျက်“အို အဖ၊ အချိန်ရောက်ပါပြီ။ သားတော်သည် ကိုယ်တော်၏ဘုန်းတော်ကိုထင်ရှားစေနိုင်ရန် သားတော်၏ဘုန်းကိုထင်ရှားစေတော်မူပါ။
အကျွန်ုပ်သည် ဤလောကနှင့်မဆိုင်သကဲ့သို့ သူတို့သည်လည်း ဤလောကနှင့်မဆိုင်ကြပါ။
အကျွန်ုပ်ကို ကိုယ်တော်ချစ်တော်မူသောချစ်ခြင်းမေတ္တာသည် သူတို့၌တည်ရှိ၍ အကျွန်ုပ်သည်လည်း သူတို့၌တည်ရှိရန် ကိုယ်တော်၏နာမတော်ကို သူတို့အား အကျွန်ုပ်သိစေပါပြီ။ ဆက်လက်၍လည်း သိစေပါဦးမည်”ဟု မြွက်ဆိုတော်မူ၏။
အို အဖ၊ ဤကမ္ဘာမတည်မရှိမီကပင် ကိုယ်တော်နှင့်အတူ အကျွန်ုပ်ခံစားရသောဘုန်းအသရေတော်အားဖြင့် ယခုပင် အကျွန်ုပ်ကို အထံတော်ပါး၌ ဘုန်းထင်ရှားစေတော်မူပါ။
ယေရှုသည် မိမိ၌ဖြစ်လာမည့်အရာအလုံးစုံတို့ကို သိနှင့်တော်မူသောကြောင့် ထွက်လာ၍“မည်သူ့ကိုရှာကြသနည်း”ဟု မေးတော်မူလျှင်
ထို့နောက် ယေရှုသည် အမှုအလုံးစုံပြီးစီးပြီဖြစ်ကြောင်း သိတော်မူ၍ ကျမ်းစာကိုပြည့်စုံစေရန်“ငါရေငတ်သည်”ဟု မိန့်တော်မူ၏။
ဂျူးလူမျိုးတို့၏ပသခါပွဲတော်နီးကပ်လာပြီဖြစ်သဖြင့် ယေရှုသည် ဂျေရုဆလင်မြို့သို့ကြွတော်မူ၏။
ထိုအချိန်သည် ဂျူးလူမျိုးတို့၏ပွဲတော်တည်းဟူသော ပသခါပွဲတော်နီးကပ်သည့်အချိန်ဖြစ်၏။
ထိုအခါ လူတို့သည် ကိုယ်တော်ကိုဖမ်းဆီးရန်ကြိုးစားကြသော်လည်း ကိုယ်တော်၏အချိန်မရောက်သေးသောကြောင့် မည်သူမျှကိုယ်တော်ကိုမဖမ်းဆီးကြချေ။
ထို့ကြောင့် ယေရှုက ညီတော်တို့အား“ငါ့အချိန်မရောက်သေး။ သင်တို့အချိန်ကား အမြဲအဆင်သင့်ဖြစ်၏။
ကိုယ်တော်သည် ဗိမာန်တော်၌သွန်သင်တော်မူစဉ် ဤစကားတို့ကို အလှူခံသေတ္တာအနီးတွင် မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်၏အချိန်မရောက်သေးသောကြောင့် မည်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြချေ။
သို့သော် ငါတို့သည် ငါတို့ကိုချစ်တော်မူသောအရှင်အားဖြင့် ထိုအမှုခပ်သိမ်းတို့ကိုခံရစဉ်၌ပင် လုံးလုံးလျားလျားအောင်မြင်လျက်ရှိကြ၏။
ငါတို့သခင်ယေရှုခရစ်တော်၏နေ့ရက်တွင် သင်တို့၌အပြစ်တင်စရာမရှိမည့်အကြောင်း ကိုယ်တော်သည် သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
အကြောင်းမူကား ငါတို့သည် အစ၌ရှိသောစိတ်ချမှုကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားလျှင် ခရစ်တော်နှင့်စပ်ဆိုင်သောသူများဖြစ်ကြ၏။
ခရစ်တော်မူကား သားတော်အဖြစ် ဘုရားသခင်၏အိမ်တော်အပေါ်သစ္စာရှိတော်မူ၏။ ငါတို့သည် ယုံကြည်စိတ်ချခြင်းနှင့် မျှော်လင့်ခြင်း၌ဂုဏ်ယူဝါကြွားခြင်းတို့ကို စွဲကိုင်ထားလျှင် ဘုရားသခင်၏အိမ်တော်ဖြစ်ကြ၏။
သင်တို့တစ်ဦးစီသည် မျှော်လင့်ခြင်းနှင့်ဆိုင်သောစိတ်ချမှုအပြည့်အဝရှိကြရန် ထိုသို့သောစိတ်အားထက်သန်မှုကို အဆုံးတိုင်အောင်ပြမည့်အကြောင်း ငါတို့အလိုရှိကြ၏။
သို့ဖြစ်၍ သင်တို့၏စိတ်နှလုံးကို အသင့်ပြင်ဆင်ထားလျက် သမ္မာသတိရှိကြလော့။ ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအခါ သင်တို့ထံသို့ သက်ရောက်လာမည့်ကျေးဇူးတော်ကို အပြည့်အဝမျှော်လင့်ကြလော့။
သစ္စာရှိသောသက်သေ၊ သေသောသူတို့ထဲမှ အဦးဆုံးဖွားမြင်လာသူ၊ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့ကိုအုပ်ချုပ်သူ ဖြစ်တော်မူသော ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်တော်မူ၍ မိမိ၏သွေးတော်အားဖြင့် ငါတို့အပြစ်များမှ ငါတို့ကိုဖြေလွှတ်ကာ