လုကာ 9:51 - မြန်မာ့စံမီသမ္မာကျမ်း51 ကိုယ်တော်သည် ကောင်းကင်ဘုံသို့ဆောင်ယူခြင်းခံတော်မူမည့်နေ့ရက် နီးကပ်လာသောအခါ ဂျေရုဆလင်မြို့သို့ကြွရန် ရှေးရှုလျက် အခန်းကိုကြည့်ပါ။Common Language Bible51 ကောင်းကင်ဘုံသို့တက်ကြွရန်အချိန်နီးလာ သောအခါ ကိုယ်တော်သည်ယေရုရှလင်မြို့သို့ ကြွတော်မူရန်စိတ်ပိုင်းဖြတ်လျက်- အခန်းကိုကြည့်ပါ။Garrad Bible51 နေ့ ရက် တာ ပြည့် စုံ၍ ကိုယ် တော် ကို ချီ ဆောင် ချိန် နီး သော် ကိုယ် တော် သည် ယေ ရု ရှ လင် မြို့ သို့ ကြွ ရန် တည့် တည့် ရှေ့ ရှု လျက်၊ အခန်းကိုကြည့်ပါ။Judson Bible51 ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောအချိန် ရောက်သောအခါ၊ ယေရုရှလင်မြို့သို့ တူရူကြွအံ့သောငှာ သဘောထားတော်မူ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း51 ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူသောနေ့ရက် နီးတော်မူသောအခါ ယေရှုသည် ဂျေရုဆလင်မြို့သို့ ကြွတော်မူရန် စိတ်ပိုင်းဖြတ်လျက် အခန်းကိုကြည့်ပါ။မြန်မာ51 ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောအချိန် ရောက်သောအခါ၊ ယေရုရှလင်မြို့သို့ တူရူကြွအံ့သောငှာ သဘောထားတော်မူ၏။- အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်သည် ဤလောက၌ရှိတော့မည်မဟုတ်ပါ။ သူတို့မူကား ဤလောက၌ရှိကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့လာပါ၏။ သန့်ရှင်းတော်မူသောအဖ၊ သူတို့သည် အကျွန်ုပ်တို့နည်းတူ တစ်လုံးတစ်ဝတည်းဖြစ်ကြရန် အကျွန်ုပ်ထံပေးအပ်တော်မူသော ဤသူတို့ကို ကိုယ်တော်၏နာမတော်၌ စောင့်ရှောက်တော်မူပါ။
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။