ငါဘုရားသခင်၏လက်ရုံးမျိုး သင်၌ရှိသလော။ မိုးချုန်းသံကဲ့သို့သောအသံမျိုး သင်၌ရှိသလော။
ရှင်ယောဟန် 12:29 - မြန်မာ့စံမီသမ္မာကျမ်း အနီးနား၌ရပ်နေ၍ ထိုအသံကိုကြားကြသော လူထုပရိသတ်တို့က “မိုးချုန်းသည်”ဟု ဆိုကြ၏။ အခြားသောသူတို့ကမူ “ကောင်းကင်တမန်က သူ့ကိုမြွက်ဆိုသည်”ဟု ဆိုကြ၏။ Common Language Bible ထိုနေရာတွင်ရပ်လျက်နေကြသောလူပရိသတ် သည်ထိုအသံကိုကြား၍အချို့က ``မိုးချုန်း သည်'' ဟုဆိုကြ၏။ အချို့ကမူ ``ကိုယ်တော်အား ကောင်းကင်တမန်စကားပြောသည်'' ဟုဆိုကြ၏။ Garrad Bible ထိုကြောင့် ရှိနေ၍ကြားကြသောလူပရိသတ်က မိုးချုန်းသည်ဟုဆိုကြ၏။ အချို့ကမူ စေတမန်တော်တစ်ပါးသူ့အားမြွက်ဆိုသည်ဟု ဆိုကြရာ၊ Judson Bible ဝန်းရံလျက်ရှိသော လူအစုအဝေးတို့သည်ကြားလျှင် မိုးချုန်းသည်ဟုဆိုကြ၏။ အချို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန်မြွက်သည်ဟု ဆိုကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေရာတွင် ဝန်းရံလျက်ရှိသောလူထုသည် ထိုအသံတော်ကို ကြားသော် “မိုးခြိမ်းသည်” ဟု ဆိုကြ၏။ တချို့က “ယေရှုကို ကောင်းကင်တမန်စကားပြောသည်” ဟု ဆိုကြ၏။ မြန်မာ ဝန်းရံလျက်ရှိသော လူအစုအဝေးတို့သည်ကြားလျှင် မိုးချုန်းသည်ဟုဆိုကြ၏။ အချို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန်မြွက်သည်ဟု ဆိုကြ၏။- |
ငါဘုရားသခင်၏လက်ရုံးမျိုး သင်၌ရှိသလော။ မိုးချုန်းသံကဲ့သို့သောအသံမျိုး သင်၌ရှိသလော။
တတိယနေ့ နံနက်ရောက်သောအခါ တောင်ပေါ်၌ ထူထပ်သောမိုးတိမ်နှင့်တကွ မိုးချုန်းသံများ၊ လျှပ်စီးလက်ခြင်းများဖြစ်၍ အလွန်ကျယ်လောင်သောတံပိုးမှုတ်သံမြည်လေ၏။ ထိုအခါ စခန်းထဲရှိ လူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြ၏။
လူအပေါင်းတို့သည် မိုးချုန်းသံများနှင့်တံပိုးမှုတ်သံကိုကြား၍ လျှပ်စီးများနှင့်မီးခိုးထွက်နေသောတောင်ကို တွေ့မြင်ကြသောအခါ လူတို့သည် ကြောက်ရွံ့တုန်လှုပ်၍ အဝေး၌ရပ်လျက်နေကြ၏။
ထိုအခါ ခေရုဗိမ်တို့၏တောင်ပံခတ်သံကို အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်မြွက်တော်မူသောစကားသံကဲ့သို့ အပြင်ဝင်းတိုင်အောင် ကြားရ၏။
သူနှင့်အတူ ခရီးသွားကြသောသူတို့သည် အသံကိုကြားရသော်လည်း မည်သူ့ကိုမျှ မတွေ့ရသောကြောင့် မှင်တက်မိလျက် ရပ်နေကြ၏။
ထို့နောက် ကောင်းကင်၌ရှိသော ဘုရားသခင်၏ဗိမာန်တော်သည်ပွင့်၍ ထိုဗိမာန်တော်ထဲတွင် ကိုယ်တော်၏ပဋိညာဉ်သေတ္တာတော်ကို တွေ့မြင်ရ၏။ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်း၊ ငလျင်လှုပ်ခြင်းနှင့် ကြီးမားသောမိုးသီးကျခြင်းတို့လည်း ဖြစ်ပေါ်လေ၏။
ထို့နောက် များစွာသောရေဟုန်၏အသံနှင့်လည်းကောင်း၊ ကျယ်လောင်သောမိုးကြိုးသံနှင့်လည်းကောင်း တူသည့် ကောင်းကင်မှအသံကို ငါကြားရ၏။ ငါကြားရသောထိုအသံသည် စောင်းသမားများ မိမိတို့စောင်းများတီးခတ်နေသည့်အသံနှင့်လည်းတူ၏။
ထို့နောက် သိုးသငယ်တော်သည် တံဆိပ်ခုနစ်ခုထဲမှ တစ်ခုကိုဖွင့်သောအခါ ငါကြည့်လျှင် သတ္တဝါလေးပါးတို့ထဲမှတစ်ပါးက မိုးချုန်းသံကဲ့သို့သောအသံဖြင့် “လာလော့”ဟု ဆိုသည်ကို ငါကြားရ၏။
ထို့နောက် ထိုကောင်းကင်တမန်သည် နံ့သာပူဇော်ရာခွက်ကိုယူ၍ ၎င်းကို ယဇ်ပလ္လင်၏မီးနှင့်ပြည့်စေပြီးလျှင် မြေကြီးပေါ်သို့ပစ်ချလိုက်ရာ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်းနှင့် ငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်လေ၏။