ထို့နောက်တွင် အာဗြဟံသည် ခါနာန်ပြည်၊ ဟေဗြုန် ခေါ် မံရေမြို့အရှေ့၊ မပ္ပေလလယ်၌ရှိသောလိုဏ်ဂူထဲ၌ မိမိမယားစာရာကို သင်္ဂြိုဟ်လေ၏။
ရှင်ယောဟန် 11:38 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေရှုသည် နောက်တစ်ဖန် ရင်တွင်း၌ ညည်းတွားလျက် သင်္ချိုင်းဂူသို့ကြွတော်မူ၏။ ထိုသင်္ချိုင်းဂူသည် ကျောက်လိုဏ်ဂူဖြစ်ပြီး အဝင်ဝကို ကျောက်တုံးဖြင့်ပိတ်ထား၏။ Common Language Bible သခင်ယေရှုသည်တစ်ဖန်စိတ်တော်အလွန် လှုပ်ရှားလျက်သင်္ချိုင်းဂူသို့ကြွတော်မူ၏။ ထို ဂူ၏အဝင်ဝကိုကျောက်တုံးဖြင့်ပိတ်ထား၏။- Garrad Bible သို့ဖြစ်၍ယေရှုသည် စိတ်တော်ထပ်ဆင့်ညှိုးငယ်လျက် ကျောက်လုံးနှင့်ပိတ်ထားရာဂူဖြစ်သောသင်္ချိုင်းသို့ ရောက်တော်မူလျှင်၊ Judson Bible တစ်ဖန်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ ရောက်တော်မူ၏။ ထိုတွင်းသည် မြေတွင်းဖြစ်၏။ ကျောက်နှင့် ပိတ်ထား၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် တစ်ဖန် အလွန်ဝမ်းနည်းလျက် သင်္ချိုင်းသို့ ကြွတော်မူ၏။ ထိုသင်္ချိုင်းသည် ဂူဖြစ်သောကြောင့် ဂူတွင်းဝကို ကျောက်တုံးဖြင့် ပိတ်ထား၏။ မြန်မာ တစ်ဖန်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ ရောက်တော်မူ၏။ ထိုတွင်းသည် မြေတွင်းဖြစ်၏။ ကျောက်နှင့် ပိတ်ထား၏။- |
ထို့နောက်တွင် အာဗြဟံသည် ခါနာန်ပြည်၊ ဟေဗြုန် ခေါ် မံရေမြို့အရှေ့၊ မပ္ပေလလယ်၌ရှိသောလိုဏ်ဂူထဲ၌ မိမိမယားစာရာကို သင်္ဂြိုဟ်လေ၏။
‘ဤနေရာ၌ မိမိအတွက်သင်္ချိုင်းဂူထွင်းသောသူ၊ မြင့်ရာအရပ်၌ မိမိ၏သင်္ချိုင်းဂူထွင်းသောသူ၊ ကျောက်ကိုထွင်း၍ မိမိနေရာကိုလုပ်သောသူ သင်သည် ဤနေရာနှင့် မည်သို့ဆိုင်သနည်း။ မည်သူက သင့်ကိုအခွင့်ပေးသနည်း။
သို့ဖြစ်၍ အချင်းလူသား၊ ညည်းတွားလော့။ သူတို့ရှေ့တွင် နှလုံးကြေကွဲစွာ၊ ခါးသီးစွာ ညည်းတွားလော့။
ထိုအခါ ထာဝရဘုရားက သူ့အား “ဂျေရုဆလင်မြို့လယ်ခေါင်သို့ သွားလော့။ မြို့လယ်ခေါင်တွင် စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်များအတွက် ညည်းတွားမြည်တမ်းသူများ၏နဖူးကို အမှတ်အသားပြုထားခဲ့လော့”ဟု မိန့်တော်မူ၏။
ကျောက်ဆောင်၌ထွင်းထားသော မိမိပိုင်ဆိုင်သည့် သင်္ချိုင်းဂူသစ်ထဲတွင် သွင်းထားလေ၏။ ထို့နောက် ကြီးမားသောကျောက်တုံးကို ဂူဝသို့လှိမ့်ထားပြီးမှ ပြန်သွားလေ၏။
ထိုအခါ သူတို့သည် သွား၍ ကျောက်တုံးကိုတံဆိပ်ခတ်ကာ အစောင့်တပ်သားကိုချထားလျက် သင်္ချိုင်းဂူကိုစောင့်ကြပ်စေကြ၏။
ထိုအခါ ယောသပ်သည် ပိတ်ချောကိုဝယ်ပြီးလျှင် အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှချ၍ ပိတ်ချောဖြင့်ပတ်ရစ်ကာ ကျောက်ဆောင်၌ထွင်းထားသော သင်္ချိုင်းဂူထဲတွင်သွင်းထား၏။ ထို့နောက် ကျောက်တုံးကိုလှိမ့်၍ သင်္ချိုင်းဂူဝကို ပိတ်ထားလေ၏။
ကိုယ်တော်သည် မိမိစိတ်တော်ထဲ၌ သက်ပြင်းချကာ“ဤမျိုးဆက်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာကိုတောင်းဆိုသနည်း။ သင်တို့အား ငါအမှန်ဆိုသည်ကား ဤမျိုးဆက်အား မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြလိမ့်မည်မဟုတ်”ဟု မိန့်တော်မူပြီးလျှင်
ယေရှုသည် မာရိငိုကြွေးနေသည်ကိုလည်းကောင်း၊ လိုက်လာသောဂျူးလူမျိုးတို့သည်လည်း ငိုကြွေးနေကြသည်ကိုလည်းကောင်း မြင်တော်မူလျှင် စိတ်တော်ထဲတွင်ညည်းတွားလျက် ရင်တွင်း၌မငြိမ်မသက်ဖြစ်ကာ
ရက်သတ္တပတ်၏ပထမနေ့၌ မာဂဒလမြို့သူမာရိသည် မှောင်လျက်ရှိနေသေးသော နံနက်စောစောအချိန်တွင် သင်္ချိုင်းတော်သို့ရောက်လာရာ ကျောက်တုံးအား ဂူဝမှ ဖယ်ရှားထားပြီးဖြစ်သည်ကိုမြင်လေ၏။