ရှင်ယောဟန် 20:1 - မြန်မာ့စံမီသမ္မာကျမ်း1 ရက်သတ္တပတ်၏ပထမနေ့၌ မာဂဒလမြို့သူမာရိသည် မှောင်လျက်ရှိနေသေးသော နံနက်စောစောအချိန်တွင် သင်္ချိုင်းတော်သို့ရောက်လာရာ ကျောက်တုံးအား ဂူဝမှ ဖယ်ရှားထားပြီးဖြစ်သည်ကိုမြင်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible1 တနင်္ဂနွေနေ့မိုးမလင်းမီမှောင်လျက်နေသေး စဉ်အခါမာဂဒလမြို့သူမာရိသည်သင်္ချိုင်း တော်သို့လာရာဂူဝမှကျောက်တုံးကိုဖယ် ရှားထားသည်ကိုတွေ့ရ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 ခုနစ်ရက်တွင် ပဌမနေ့နံနက်စောစောမှောင်လျက်ရှိနေသေးစဉ် မာဂဒလမာရိသည်သင်္ချိုင်းတော်သို့လာ၍ ဂူဝကကျောက်လုံးကို ဖယ်သွားပြီးမြင်သော်၊ အခန်းကိုကြည့်ပါ။Judson Bible1 ခုနစ်ရက်တွင် ပထမနေ့ရက်၊ မိုးမလင်းမီ စောစောအချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့ သွား၍ တွင်းဝ၌ပိတ်သော ကျောက်သည် ရွှေ့လျက်ရှိသည်ကို မြင်လျှင်၊- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း1 တနင်္ဂနွေနေ့နံနက်စောစော မှောင်လျက် ရှိနေသေးချိန်တွင် မာဂဒလမာရိသည် သင်္ချိုင်းဂူသို့ ရောက်လာရာ ဂူဝ၌ ပိတ်ထားသောကျောက်တုံးကြီးမှာ ဘေးဘက်သို့ လှိမ့်ဖယ်ထားပြီးဖြစ်သည်ကို မြင်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ1 ခုနစ်ရက်တွင် ပထမနေ့ရက်၊ မိုးမလင်းမီ စောစောအချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့ သွား၍ တွင်းဝ၌ပိတ်သော ကျောက်သည် ရွှေ့လျက်ရှိသည်ကို မြင်လျှင်၊- အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သုံးရက်မြောက်သောနေ့တိုင်အောင် သင်္ချိုင်းဂူကို စောင့်ကြပ်ထားရန် အမိန့်ပေးပါ။ သို့မဟုတ်လျှင် သူ၏တပည့်တို့သည်လာ၍ အလောင်းကိုခိုးယူကာ ‘သူသည် သေသောသူတို့ထဲမှ ထမြောက်ပြီ’ဟု လူတို့အားပြောကြလိမ့်မည်။ ထိုအခါ နောက်လှည့်ဖြားမှုသည် ယခင်လှည့်ဖြားမှုထက် ပို၍ဆိုးပါလိမ့်မည်”ဟု လျှောက်ထားကြ၏။