သူတို့သည် ခွန်အားတိုးသည်ထက်တိုးလာလျက်၊ သွားကြလျက် ဇိအုန်၌ရှိတော်မူသောဘုရားသခင်ကို ဖူးမြင်ရကြပါလိမ့်မည်။
ရှင်ယောဟန် 1:16 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ပြည့်စုံတော်မူခြင်းထဲမှ ကျေးဇူးတော်အပေါ်၌ ထပ်ဆင့်၍ ကျေးဇူးတော်ကိုခံစားရကြပြီ။ Common Language Bible ကိုယ်တော်သည်ကျေးဇူးတော်ပြည့်စုံကြွယ်ဝတော် မူသည်နှင့်အညီ ငါတို့အားကောင်းချီးမင်္ဂလာ တစ်ပါးပြီးတစ်ပါးချပေးတော်မူ၏။- Garrad Bible ပညတ်တရားတော်ကိုမောရှေအားဖြင့်ရသည်မှန်၏။ ယေရှုခရစ်အားဖြင့်မူကား ကျေးဇူးတော်နှင့် သစ္စာတော်သက်ရောက်သည်ဖြစ်၍ ငါတို့ရှိသမျှသည် ကိုယ်တော်၏အပြည့်အစုံမှ ကျေးဇူးတော်ကိုအထပ်ထပ်ခံရကြလေပြီ။ Judson Bible ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတစ်ပါး၌ ထပ်ဆင့်၍ ကျေးဇူးတစ်ပါးကို ငါတို့ရှိသမျှသည်ခံရကြပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ ပြည့်စုံကြွယ်ဝခြင်းမှ ကျေးဇူးတစ်ခုအပေါ် တစ်ခုဆင့်၍ ခံစားခွင့်ရကြပြီ။ မြန်မာ ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတစ်ပါး၌ ထပ်ဆင့်၍ ကျေးဇူးတစ်ပါးကို ငါတို့ရှိသမျှသည်ခံရကြပြီ။- |
သူတို့သည် ခွန်အားတိုးသည်ထက်တိုးလာလျက်၊ သွားကြလျက် ဇိအုန်၌ရှိတော်မူသောဘုရားသခင်ကို ဖူးမြင်ရကြပါလိမ့်မည်။
အို တောင်ကြီး၊ သင်သည် မည်သူနည်း။ သင်သည် ဇေရုဗဗေလရှေ့တွင် လွင်ပြင် ဖြစ်သွားရလိမ့်မည်။ သူသည် ထောင့်ချုပ်ကျောက်ကို ထုတ်ယူလာသောအခါ “ကောင်းပေ၏။ ကောင်းပေ၏”ဟု ဩဘာပေးကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြောပြ၏။
အကြောင်းမှာ ရှိသောသူအား ထပ်၍ပေးသဖြင့် သူသည် ကြွယ်ဝပြည့်စုံလိမ့်မည်။ မရှိသောသူထံမှမူကား သူ၌ရှိသောအရာကိုပင် သိမ်းယူလိမ့်မည်။
ငါသည် သင်တို့ကို နောင်တအတွက် ရေ၌ဗတ္တိဇံပေး၏။ သို့သော် ငါ့ထက် ကြီးမြတ်သောအရှင်သည် ငါ့နောက်တွင်ကြွလာမည်။ ထိုအရှင်၏ခြေနင်းတော်ကိုချွတ်ပေးရန်ပင် ငါသည် မထိုက်တန်။ ထိုအရှင်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်မီး၌ သင်တို့ကို ဗတ္တိဇံပေးတော်မူလိမ့်မည်။
သို့ရာတွင် ယောဟန်သည် ကိုယ်တော်ကိုတားဆီးလျက် “အကျွန်ုပ်ကသာကိုယ်တော်ထံ၌ ဗတ္တိဇံခံရမည်ဖြစ်ပါလျက်နှင့် ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူပါသလော”ဟု ဆို၏။
အကြောင်းမူကား သင်တို့ကို ဆန့်ကျင်သောသူတစ်စုံတစ်ဦးမျှ မငြင်းခုံမဟန့်တားနိုင်သော နှုတ်အစွမ်းနှင့်ဉာဏ်ပညာတို့ကို သင်တို့အား ငါပေးမည်။
ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်များကိုမြွက်ဆိုတတ်၏။ အကြောင်းမူကား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအဆမရှိပေးတော်မူ၏။
အကြောင်းမူကား တစ်ယောက်သောသူကျူးလွန်သည့်အပြစ်ကြောင့် သေခြင်းသည် ထိုသူတစ်ယောက်အားဖြင့် စိုးမိုးခဲ့လျှင် ကျေးဇူးတော်နှင့်ဖြောင့်မတ်ခြင်း၏ကောင်းချီးလက်ဆောင်ကို ကြွယ်ဝစွာခံစားရသောသူတို့သည် တစ်ယောက်သောသူတည်းဟူသော ယေရှုခရစ်တော်အားဖြင့် အသက်ရှင်ခြင်း၌ ပို၍ပင် စိုးမိုးရကြလိမ့်မည်။
ယခု ငါတို့ရပ်တည်နေသော ဤကျေးဇူးတော်ထဲသို့ ယုံကြည်ခြင်းကြောင့် ခရစ်တော်အားဖြင့် တိုးဝင်ခွင့်ကိုလည်း ငါတို့ရရှိကြသည်ဖြစ်၍ ဘုရားသခင်၏ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်း၌ ဂုဏ်ယူဝမ်းမြောက်ကြ၏။
ပညတ်တရားမူကား ကျူးလွန်သောအပြစ်ကို များပြားစေရန်ဝင်ရောက်ခဲ့၏။ သို့သော် အပြစ်များပြားလာသည့်နေရာ၌ ကျေးဇူးတော်သည် ပို၍ပြည့်စုံကြွယ်ဝလေ၏။
သို့သော် ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် သင်တို့သည် သွေးသားဇာတိ၌မဟုတ်ဘဲ ဝိညာဉ်တော်၌ရှိကြ၏။ ခရစ်တော်၏ဝိညာဉ်တော်ကိုမရသောသူသည် ခရစ်တော်နှင့်မဆိုင်။
ထိုအသင်းတော်သည် အလုံးစုံတို့ကို အလုံးစုံတို့၌ ပြည့်စုံစေတော်မူသောအရှင်၏ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ်ခန္ဓာတော်ဖြစ်၏။
အသိပညာထက် ထူးကဲသောခရစ်တော်၏ချစ်ခြင်းမေတ္တာတော်ကိုသိရှိ၍ ဘုရားသခင်၏ပြည့်စုံတော်မူခြင်းအပေါင်းတို့ဖြင့် ပြည့်စုံခြင်းသို့ရောက်ကြမည့်အကြောင်း ငါဆုတောင်း၏။
အကြောင်းမူကား ဘုရားသခင်သည် ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ ကိန်းဝပ်စေရန်လည်းကောင်း၊
ထိုခရစ်တော်ထဲ၌ ဉာဏ်ပညာနှင့်အသိပညာတို့၏ရတနာရှိသမျှတို့သည် ဖုံးကွယ်လျက်ရှိကြ၏။
သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်တော်သည် ခရစ်တော်၏ဒုက္ခဝေဒနာများနှင့် ထိုဝေဒနာများနောက်တွင်ဖြစ်လာမည့် ဘုန်းအသရေတို့အကြောင်းကို ကြိုတင်သက်သေခံသောအခါ မည်သူ၊ သို့မဟုတ် မည်သည့်အချိန်ကိုဆိုလိုကြောင်း သူတို့စူးစမ်းလေ့လာကြ၏။
ယေရှုခရစ်တော်ကိုနာခံရန်နှင့် ကိုယ်တော်၏သွေးတော်ပက်ဖျန်းခြင်းခံရရန်အတွက် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ ခမည်းတော်ဘုရားသခင်၏ကြိုတင်သိမြင်သောဉာဏ်တော်အတိုင်း ရွေးကောက်ခံရသောသူတို့ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တိုးပွားပါစေသော။