ပင်လယ်အား ‘သင်တက်လာနိုင်၏။ ဤနေရာထက်မကျော်ရ၊ ဤနေရာသည် လှိုင်းလုံးကြီးများရှိရမည့်နေရာ ဖြစ်၏’ဟု ငါမှာထား၏။
ရှင်မာကု 4:39 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်သည်ထ၍ လေကိုဆုံးမကာ ပင်လယ်အား“တိတ်ဆိတ်ငြိမ်သက်လော့”ဟု မိန့်တော်မူရာ လေသည်ငြိမ်သဖြင့် အလွန်ငြိမ်သက်သာယာသွားလေ၏။ Common Language Bible ကိုယ်တော်သည်အိပ်ရာမှနိုးတော်မူ၍ လေနှင့်လှိုင်း များအား ``ဆိတ်ဆိတ်နေလော့၊ ငြိမ်သက်လော့'' ဟု အမိန့်ပေးတော်မူ၏။ လေသည်ငြိမ်သွား၏။ လှိုင်း လည်းမထတော့ပေ။- Garrad Bible ကိုယ် တော် သည် ထ၍ လေ ကို ဆုံး မ လျက် ရေ ကို လည်း ရပ် စေ၊ ငြိမ် စေ ဟု မိန့် တော် မူ သ ဖြင့် လေ တိတ်၍ အ လွန် ငြိမ် ဝပ် ရ လေ၏။ Judson Bible ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာနေဟု လေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည်ငြိမ်၍ အလွန်သာယာလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ထလျက် လေကို ဆုံးမတော်မူ၍ လှိုင်းတံပိုးအား “တိတ်ဆိတ်ငြိမ်သက်လော့” ဟု မိန့်တော်မူ၏။ ထိုအခါ လေသည် ချက်ချင်းငြိမ်၍ အလွန်သာယာသွားလေ၏။ မြန်မာ ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာနေဟု လေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည်ငြိမ်၍ အလွန်သာယာလေ၏။- |
ပင်လယ်အား ‘သင်တက်လာနိုင်၏။ ဤနေရာထက်မကျော်ရ၊ ဤနေရာသည် လှိုင်းလုံးကြီးများရှိရမည့်နေရာ ဖြစ်၏’ဟု ငါမှာထား၏။
မုန်တိုင်းကို အရှိန်ပြယ်ရပ်စဲစေတော်မူသဖြင့် လှိုင်းတံပိုးများသည် ငြိမ်သွားကြ၏။
မီးနှင့်မိုးသီး၊ နှင်းပွင့်နှင့်မြူခိုး၊ ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်သော လေမုန်တိုင်း၊
ထာဝရဘုရားသည် လွှမ်းမိုးသောရေပြင်အထက်တွင် စိုးစံတော်မူ၏။ ထာဝရဘုရားသည် ရှင်ဘုရင်အဖြစ် အစဉ်အမြဲစိုးစံတော်မူ၏။
ကိုယ်တော်သည် သမုဒ္ဒရာတို့၏မြည်ဟည်းသံ၊ ၎င်းတို့ထဲမှလှိုင်းတံပိုးများ၏မြည်ဟည်းသံနှင့် တိုင်းသူပြည်သားတို့၏ အုတ်အော်သောင်းနင်းဖြစ်ခြင်းတို့ကို ငြိမ်သက်စေတော်မူ၏။
ကိုယ်တော်သည် လှိုင်းထန်သောပင်လယ်ကို အုပ်စိုးတော်မူ၏။ ထိုပင်လယ်၏လှိုင်းတံပိုးများထလာသောအခါ ၎င်းတို့ကို ငြိမ်စေတော်မူ၏။
သင်မူကား တောင်ဝှေးကိုမြှောက်ပြီးလျှင် ပင်လယ်အပေါ်သို့ သင့်လက်ကိုဆန့်၍ ပင်လယ်ကိုခွဲလော့။ ထိုအခါ အစ္စရေးအမျိုးသားတို့သည် ပင်လယ်ထဲ၌ ခြောက်သွေ့သောမြေပေါ်တွင် သွားရလိမ့်မည်။
အစ္စရေးအမျိုးသားတို့သည်လည်း ပင်လယ်ထဲ၌ ခြောက်သွေ့သောမြေပေါ်တွင်သွားရ၏။ ရေသည် သူတို့၏လက်ယာဘက်နှင့်လက်ဝဲဘက်၌ တံတိုင်းသဖွယ်ဖြစ်လျက်နေ၏။
ရေသည် ကိုယ်တော်၏အမိန့်ကို မကျူးလွန်မည့်အကြောင်း ပင်လယ်၏နယ်နိမိတ်ကို သတ်မှတ်တော်မူသောအခါ၌လည်းကောင်း၊ ကမ္ဘာမြေကြီး၏အခြေအမြစ်တို့ကို အမှတ်အသားပြုတော်မူသောအခါ၌လည်းကောင်း
သင်တို့သည် ငါ့ကို မကြောက်ရွံ့ကြသလော။ ငါ့ရှေ့၌မတုန်လှုပ်ကြသလော။ ပင်လယ်ရေမကျော်လွန်နိုင်အောင် သဲနယ်နိမိတ်ကို အရံအတားအဖြစ် ငါနေရာချထား၏။ ပင်လယ်သည် ဟုန်းဟုန်းမြည်သော်လည်း နယ်နိမိတ်ကိုမကျော်နိုင်။ လှိုင်းတံပိုးထသော်လည်း နယ်နိမိတ်ကို မလွှမ်းမိုးနိုင်။
ပင်လယ်ကို ဆုံးမပြီး ခြောက်သွေ့စေတော်မူ၏။ ရှိသမျှသောမြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူ၏။ ဗာရှန်ပြည်နှင့် ကရမေလတောင်တို့သည် ခြောက်သွေ့၍ လက်ဘနွန်တောင်ရှိပန်းများလည်း ညှိုးနွမ်းကြပါ၏။
ထိုအခါ ကိုယ်တော်က“ယုံကြည်ခြင်းအားနည်းသောသူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်း”ဟု မိန့်တော်မူပြီးလျှင် ထ၍ လေနှင့်ပင်လယ်တို့ကို ဆုံးမတော်မူရာ အလွန်ငြိမ်သက်သာယာသွားလေ၏။
သို့သော် ကိုယ်တော်သည် လှေပဲ့ပိုင်းတွင် ခေါင်းအုံးအုံးလျက် အိပ်စက်နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ကိုနှိုးလျက် “ဆရာ၊ အကျွန်ုပ်တို့သေရတော့မည်ကို ကိုယ်တော်ဂရုမစိုက်ဘဲနေတော်မူသလော”ဟု လျှောက်ကြ၏။
ယေရှုသည် လူထုပရိသတ်ပြေးလာကြသည်ကိုမြင်လျှင် ညစ်ညူးသောနတ်ကိုဆုံးမလျက်“ဆွံ့အ၍ နားပင်းသောနတ်၊ သင့်အား ငါအမိန့်ပေး၏။ သူ့အထဲမှထွက်သွားလော့။ နောက်တစ်ဖန် သူ့အထဲသို့မဝင်နှင့်”ဟု မိန့်တော်မူ၏။
ယေရှုကလည်း ထိုနတ်ကိုဆုံးမလျက်“တိတ်ဆိတ်၍ သူ့အထဲမှ ထွက်သွားလော့”ဟု မိန့်တော်မူ၏။ ထိုအခါ နတ်ဆိုးသည် ထိုသူကို လူများအလယ်တွင်လှဲချ၍ အနာတရမဖြစ်စေဘဲ သူ့အထဲမှ ထွက်သွားလေ၏။
ကိုယ်တော်သည်လည်း ထိုအမျိုးသမီး၏အနီး၌ရပ်လျက် အဖျားအနာကိုဆုံးမတော်မူလျှင် သူသည် အဖျားပျောက်သဖြင့် ချက်ချင်းထ၍ သူတို့ကိုဧည့်ဝတ်ပြုလေ၏။
တပည့်တော်တို့သည်ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးလျက် “သခင်၊ သခင်၊ အကျွန်ုပ်တို့သေရပါတော့မည်”ဟု လျှောက်ကြ၏။ ကိုယ်တော်သည်ထ၍ လေနှင့်လှိုင်းတံပိုးတို့ကိုဆုံးမတော်မူရာ ၎င်းတို့သည်ရပ်တန့်ကြပြီး ငြိမ်သက်သာယာသွားလေ၏။