Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 4:39 - မြန်မာ

39 ကိုယ်​တော်​သည် ထ၍ တိတ်​ဆိတ်​ငြိမ်​ဝပ်​စွာ​နေ​ဟု လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် လေ​သည်​ငြိမ်၍ အ​လွန်​သာ​ယာ​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

39 ကိုယ်​တော်​သည်​အိပ်​ရာ​မှ​နိုး​တော်​မူ​၍ လေ​နှင့်​လှိုင်း များ​အား ``ဆိတ်​ဆိတ်​နေ​လော့၊ ငြိမ်​သက်​လော့'' ဟု အ​မိန့်​ပေး​တော်​မူ​၏။ လေ​သည်​ငြိမ်​သွား​၏။ လှိုင်း လည်း​မ​ထ​တော့​ပေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

39 ကိုယ် တော် သည် ထ၍ လေ ကို ဆုံး မ လျက် ရေ ကို လည်း ရပ် စေ၊ ငြိမ် စေ ဟု မိန့် တော် မူ သ ဖြင့် လေ တိတ်၍ အ လွန် ငြိမ် ဝပ် ရ လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

39 ကိုယ်​တော်​သည် ထ၍ တိတ်​ဆိတ်​ငြိမ်​ဝပ်​စွာ​နေ​ဟု လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် လေ​သည်​ငြိမ်၍ အ​လွန်​သာ​ယာ​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

39 ထိုအခါ ကိုယ်တော်​သည်​ထ​၍ လေ​ကို​ဆုံးမ​ကာ ပင်လယ်​အား“တိတ်ဆိတ်​ငြိမ်သက်​လော့”​ဟု မိန့်​တော်မူ​ရာ လေ​သည်​ငြိမ်​သဖြင့် အလွန်​ငြိမ်သက်​သာယာ​သွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

39 ယေရှု​သည် ထ​လျက် လေ​ကို ဆုံးမတော်မူ​၍ လှိုင်းတံပိုး​အား “တိတ်ဆိတ်​ငြိမ်သက်လော့” ဟု မိန့်တော်မူ၏။ ထိုအခါ လေ​သည် ချက်ချင်း​ငြိမ်​၍ အလွန်​သာယာသွားလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 4:39
21 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​က၊ ယုံ​ကြည်​အား​နည်း​သော သူ​တို့၊ အ​ဘယ်​ကြောင့် ကြောက်​တတ်​သ​နည်း​ဟု မေး​တော်​မူ​ပြီး​လျှင်၊ ထ၍ လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် အ​လွန်​သာ​ယာ​လေ၏။-


ကိုယ်​တော်​သည် ပဲ့၌ ခေါင်း​အုံး​ပေါ်​မှာ ကျိန်း​စက်၍ နေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ကို နှိုး​ပြီး​မှ၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​သည်​ကို လျစ်​လျူ​သော​စိတ် ရှိ​တော်​မူ သ​လော​ဟု လျှောက်​ကြ​သော်၊-


ထို​အ​ခါ လူ​များ​တို့​သည် စု​ဝေး​လျက် ပြေး​လာ​ကြ​သည်​ကို ယေ​ရှု​သည်​မြင်​လျှင်၊ နား​ပင်း၍ စ​ကား​အ​သော​နတ်၊ သူ​ငယ်​မှ​ထွက်​လော့၊ နောက်​တစ်​ဖန်​မ​ဝင်​နှင့် ငါ​အ​မိန့်​ရှိ၏​ဟု ထို​ညစ်​ညူး​သော​နတ်​ကို ဆုံး​မ၍ မိန့်​တော်​မူ​သ​ဖြင့်၊-


ယေ​ရှု​က​လည်း၊ တိတ်​ဆိတ်​စွာ​နေ​လော့။ ထို​သူ၏​အ​ထဲ​က ထွက်​သွား​လော့​ဟု ဆုံး​မ​တော်​မူ​လျှင်၊ နတ်​ဆိုး​သည် ထို​သူ​ကို လူ​အ​များ​အ​လယ်၌ လှဲ​ချ၍ ဘေး​ဥ​ပဒ်​မ​ပြု​ဘဲ ထွက်​သွား၏။-


ကိုယ်​တော်​သည် ထို​မိန်း​မ၏ အ​နား​မှာ​ရပ်၍ ဖျား​နာ​ကို ဆုံး​မ​တော်​မူ​လျှင်၊ သူ​သည် အ​ဖျား​ပျောက်​သ​ဖြင့် ချက်​ချင်း​ထ၍ ဧည့်​သည်​ဝတ်​ကို​ပြု​လေ၏။


တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင်၊ သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ၏​ဟု လျှောက်​ကြ​သော်၊ ကိုယ်​တော်​သည် ထ၍ လေ​နှင့် လှိုင်း​တံ​ပိုး​ကို ဆုံး​မ​တော်​မူ​သ​ဖြင့်၊ လေ​နှင့် လှိုင်း​တံ​ပိုး​သည် ငြိမ်း၍​သာ​ယာ​လေ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ