ရှင်မာကု 4:39 - Common Language Bible39 ကိုယ်တော်သည်အိပ်ရာမှနိုးတော်မူ၍ လေနှင့်လှိုင်း များအား ``ဆိတ်ဆိတ်နေလော့၊ ငြိမ်သက်လော့'' ဟု အမိန့်ပေးတော်မူ၏။ လေသည်ငြိမ်သွား၏။ လှိုင်း လည်းမထတော့ပေ။- အခန်းကိုကြည့်ပါ။Garrad Bible39 ကိုယ် တော် သည် ထ၍ လေ ကို ဆုံး မ လျက် ရေ ကို လည်း ရပ် စေ၊ ငြိမ် စေ ဟု မိန့် တော် မူ သ ဖြင့် လေ တိတ်၍ အ လွန် ငြိမ် ဝပ် ရ လေ၏။ အခန်းကိုကြည့်ပါ။Judson Bible39 ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာနေဟု လေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည်ငြိမ်၍ အလွန်သာယာလေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း39 ထိုအခါ ကိုယ်တော်သည်ထ၍ လေကိုဆုံးမကာ ပင်လယ်အား“တိတ်ဆိတ်ငြိမ်သက်လော့”ဟု မိန့်တော်မူရာ လေသည်ငြိမ်သဖြင့် အလွန်ငြိမ်သက်သာယာသွားလေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း39 ယေရှုသည် ထလျက် လေကို ဆုံးမတော်မူ၍ လှိုင်းတံပိုးအား “တိတ်ဆိတ်ငြိမ်သက်လော့” ဟု မိန့်တော်မူ၏။ ထိုအခါ လေသည် ချက်ချင်းငြိမ်၍ အလွန်သာယာသွားလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ39 ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာနေဟု လေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည်ငြိမ်၍ အလွန်သာယာလေ၏။- အခန်းကိုကြည့်ပါ။ |
ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည်အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ်ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ်နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့်အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ်မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထနိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည်ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော်မလွန်နိုင်။-
ကိုယ်တော်သည်ပင်လယ်ကိုအမိန့်ပေးတော်မူ သောအခါပင်လယ်ရေသည်ခန်းခြောက်၍ သွား၏။ ကိုယ်တော်သည်မြစ်တို့ကိုလည်း ရေကုန်ခန်းစေတော်မူ၏။ ဗာရှန်တောင်သည်ညှိုးနွမ်းခြောက်သွေ့ကာ ကရမေလတောင်သည်အညိုရောင်သန်း၍ သွား၏။ လေဗနုန်တောင်မှပန်းများသည်လည်း ညှိုးနွမ်းကြကုန်၏။
သို့ဖြစ်၍တပည့်တော်တို့သည်ထိုအကြောင်း ကိုကိုယ်တော်အားလျှောက်ထားကြ၏။ ကိုယ်တော် သည်ထိုအမျိုးသမီးကြီး၏အနားတွင်ရပ် လျက် ``အဖျားပျောက်စေ'' ဟုအမိန့်ပေးတော် မူ၏။ အမျိုးသမီးကြီးသည်အဖျားပျောက် သဖြင့် ချက်ချင်းထ၍ကိုယ်တော်နှင့်တပည့် တော်တို့အားဧည့်သည်ဝတ်ကိုပြုလေ၏။